စစ်ကောင်စီတပ်၏ဂိတ်ကို PDFများတိုက်ခိုက် စစ်သား ၇ဦးသေ၊သေနတ်တစ်လက်နှင့်ကျည်ဘောက်၅ခုရ
စောနွေဦး/People’s Spring
တနင်္သာရီတိုင်း၊ ပုလောမြို့၊ ထမင်းမစားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်ကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၇ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင်၊တပ်ရင်း(၁)၏ ပြန်ကြားရေး တာဝန်ခံကပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၁ ရက်) နေ့လယ် ၁၂နာရီမှ စတင်ပြီး ညနေ ၅နာရီအထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သေနတ်တစ်လက်နှင့် ကျည်ဘောက် (၅)ခုလည်းသိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွဲနိုင်ခဲ့ကြောင်းသိရသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ်တိုက်လိုက်သဖြင့် စစ်ကောင်စီတပ်များက ဆုတ်ခွာသွားပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ညနေ ၅နာရီတွင် အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကလည်းပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများက ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။
ရုပ်သံ-မြိတ်ခရိုင်၊PDFတပ်ရင်း (၁)

crd