အမေကိုခေါ်ရင် မိန်းမ(ချွေးမ)က လက်မခံနိုင်လို့ဆိုပြီး သားအရင်းကစွန့်လွှတ်လိုက်တဲ့ (၇၄)နှစ်ရွယ် ခိုကိုးရာမဲ့အဖွားအား မြဆည်းဆာမှ ခေါ်ယူစောင့်ရှောက်
အဖွားအမည် – ဒေါ်ကျင်သီ
အသက် – (၇၄)နှစ်
မိဘအမည် – ဦးမောင်ငယ် ဒေါ်စိန်ရွှေ
ခေါ်ယူခဲ့သည့်နေရာ – နှစ်ကရင်ကျေးရွာ၊ ရေးမြို့။
အဖွားအကြောင်းအကျဉ်းကတော့ –
အဖွားသည် ရေးမြို့နယ် နှစ်ကရင်ရွာဇာတိဖြစ်ပြီး မွေးချင်း(၇)ဦးအနက် တတိယမြောက် ဖြစ်ပါသည်။
ငယ်စဉ်က (၄)တန်းထိ ပညာသင်ကြားခဲ့ပြီး ဖခင်မှာ သွားစိုက်လုပ်ငန်းလုပ်သည်ဟု သိရပါသည်။
အဖွားသည် အသက်(၁၈)အရွယ်တွင် တရွာတည်းနေ ဦးတင်ညွှန့် ဆိုသူနှင် အိမ်ထောင်ကျပြီး ယောင်္ကျားဖြစ်သူမှာ ရထားလမ်းအလုပ်သမား လုပ်ပြီး အဖွားကတော့မှီခိုသူအဖြစ် ရပ်တည်ခဲ့ပါသည်။
အဖွားသည် (၁၈)နှစ်အရွယ်တွင် အိမ်ထောင်ကျပြီး အသက်(၂၄)နှစ်အရွယ်တွင် အိမ်ထောင်ကွဲခဲ့ပါသည်။အိမ်ထောင်ကျစဉ် သား(၂)ဦးထွန်းကားခဲ့ပြီး သားငယ်မှာ အသက်(၃၀)အရွယ်တွင် သေဆုံးခဲ့ပြီး ယခုအဖွားကို တာဝန်မယူနိုင်တော့သည့် သားကြီးဖြစ်သူမှာတော့ ကော့ဒွတ်ရွာသူနှင့် အိမ်ထောင်ကျပြီး ကော့ဒွတ်မှာပင်နေထိုင်သည်ဟု သိရပါသည်။
အဖွားတို့အိမ်ထောင်ကွဲပြီး အဖွား၏ ယောင်္ကျားဖြစ်သူမှာ နောက်အိမ်ထောင်ပြုသွားပြီး အဖွားလည်း နောက်အိမ်ထောင်ထပ်ပြုခဲ့သေးပြီး မရှိတော့ဟု သိရပါသည်။
အဖွားမှာ တယောက်ထဲနေထိုင်ရင် နေအိမ်ကိုလည်း ကျန်မာရေးသိပ်မကောင်းလို့ ဆေးကုသစားရိတ်နဲ့ လိုအပ်လို့ ပထမပေါင်နှံပြီး နောက်ရောင်းချခဲ့ရပြီးအားလုံးလည်း ကုန်သွားပြီးဟု ဆိုပါသည်။
အဖွားမှာ အသက်အရွယ်အရ နေစရာလဲမရှိတော့၍ အစ်ကိုဖြစ်သူ၏ နေအိမ်တွင် ကပ်နေနေခဲ့ပြီ ရပ်ကွက်က ပေးစာကမ်းစာများ နှင့် စာနာသနားသူများ၏ ဝိုင်းဝန်းပေးကမ်းမှုများနဲ့ ရပ်တည်နေခဲ့ရတာ ကြာပြီးဟုဆိုပါသည်။
ယခုအခါ အဖွားကပ်နေနေသည့် အိမ်မှာ ရောင်းချကာပြောင်းတော့မည်ဖြစ်ပြီး အဖွားတယောက်ထဲ ကျန်ခဲ့မှာဖြစ်၍ ရပ်ကွက်လူကြီးများမှ ကော့ဒွတ်ရွာတွင်နေထိုင်သော အဖွား၏ သားဖြစ်သူထံ အဖွားအားကြည့်ရှု့ပေးဖို့ ဆက်သွယ်ရာ
သားဖြစ်သူမှ အမေကို ခေါ်လျှင် သူ့မိန်းမက လက်မခံပဲ သူ့ကိုပါ ကွာပစ်မည်ပြောသောကြောင့် တာဝန်ယူ၍ မရကြောင်းပြောဆိုသောကြောင့် နောက်ဆုံးခိုကိုးရာမဲ့ ဖြစ်သွားသည့် အသက်(၇၄)နှစ်အရွယ်ရှိ အဖွားအား မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာမှ လက်ခံစောင့်ရှောက်ပေနိုင်ရန် ဆက်သွယ်လာ၍အကျိုးတော်ဆောင်အဖွဲ့မှ
မြဆည်းဆာနှင့်နဂါးမောက်ဆရာတော် ဘဒ္ဒန္တနရိန္ဒထံ လျှောက်ထားပြီ ဆရာတော်၏လမ်းညွှန်မှုဖြင့် ထပ်မံစုံစမ်းမေးမြန်းရာ ဖြစ်စဉ်မှာ အမှန်တကယ်ဖြစ်ပြီး အဖွားအား စောင့်ရှောက်ရန်လိုအပ်နေပြီးအဖွား၏ သားဖြစ်သူမှာလည်း မိခင်အား စွန့်လွှတ်ကြောင်း၊ မြဆည်းဆာပို့ရန် လူကြီးများရှေ့ စာချုပ်တွင် လက်မှတ်ပါ ထိုးပေးလိုက်သဖြင့် အဖွားအား ခေါ်ယူကာ(29.11.2022)ရက်နေ့မှ စတင်ပြီး မြဆည်းဆာရိပ်သာမှနေရေးမှ သေရေးထိ ဘဝနေဝင်ချိန်တခုလုံးအား တာဝန်ယူ စောင့်ရှောက်ပေးလိုက်ပြီး ဖြစ်ပါသည်။
မြဆည်းဆာရောက်မှတော့ အဖွားဘဝနောင်ရေးစိတ်အေးချမ်းရပါပြီး။ ဘဝတွေ အေးချမ်းကြပါစေ ….
” ဘုရားရှင်ကိုချစ်ကြည်ညိုက သူအိုသူနာလုပ်ကျွေးရာ၏ ”
30.11.2022
ဇင္မိုး
အကျိုးတော်ဆောင်
မြဆည်းဆာ ပရိယတ္တိစာသင်တိုက်
ဘိုးဘွားများခိုလှုံရာရိပ်သာ နှင့် မိဘမဲ့ဂေဟာ
မော်လမြိုင်-ကျိုက်မရောသွားလမ်း အားကာသိပ္ပံအလွန်၊ မုရောင်းကျေးရွာ၊ မော်လမြိုင်မြို့။

ဇင်မိုး

crd