ဟားခါးနှင့် ထန်တလန်အကြား နိုဝင်ဘာလတိုက်ပွဲအတွင်း စစ်သား ၅၅ ဦးသေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလင်းမြို့အကြား ဖြစ်ပွားခဲ့သော နိုဝင်ဘာလ တစ်လတာ တိုက်ပွဲ များအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅၅ ဦးသေဆုံးခဲ့ကြောင်း CNF ထုတ်ပြန် ချက် အရ သိရသည်။
နိုဝင်ဘာလအတွင်း ဟားခါးမြို့နှင့် ဟားခါး – ထန်တလန် အကြားတွင် CNA ဦးဆောင်သည့် ချင်း တော် လှန်ရေး ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သား ၅၅ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ဂျက်ဖိုက်တာ ၂ စီးနှင့် တိုက်ခိုက်ရေး ရဟတ် ယာဥ် ၃ စီးတို့ဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ဟားခါးမြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက် ၉ လက်နှင့် ခဲယမ်းများ သိမ်း ဆည်း နိုင်ခဲ့ပြီး တစ်လတာ တိုက်ပွဲအတွင်း CNA ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- CNA က သိမ်းဆည်းရမိသည့် အကြမ်းဖက်စစ်တပ်၏ လက်နက်ခဲယမ်းများ။
စစ်ကောင်စီရဲ့ ထောက်ပို့ ထော်လာဂျီကို နတ်ဆိုးတပ်ဖွဲ့ ဖမ်းမိ၊ မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေ
မဲခေါင်၊ ဒီဇင်ဘာ ၁
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထောက်ပို့ ပစ္စည်းတွေ ဖွက်သယ်လာတဲ့ ထော်လာဂျီ တစီးကို နတ်ဆိုး မြေအောက် တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်၊ မြောင်းဦးရွာနဲ့ ကျပ်ပြင်ရွာကြားက ငုတ်ပြွန်ရွာနားကို မောင်းလာတဲ့ ထော်လာဂျီကို နိုဝင်ဘာ ၃၀ ရက် မနက် ၇ နာရီမှာ သတင်းအရ စစ်ဆေးရာက ကျည်ဆံတွေ၊ စစ်သားတွေရဲ့ မှတ်ပုံတင်တချို့နဲ့ နိုင်ငံကူး လက်မှတ်တွေ တွေ့ရတယ်လို့ နတ်ဆိုး မြေအောက် တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
အဲဒီ ထောလာဂျီကို မောင်းလာသူဟာ ချောဆွဲခံရတာ ဖြစ်ပြီး ထိန်းသိမ်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မနေ့က နေ့လယ် ၁၂ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြောင်းဦး တံတားပေါ်ကို ကားကြီး ၄ စီး၊ ကားသေး တစီးနဲ့ တက်လာစဉ် နတ်ဆိုးတပ်ဖွဲ့က ပဒေသာမိုင်း ၂ လုံးတွဲနဲ့ မိုင်းဆွဲလိုက်လို့ ကားပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် တောင်ကံရွာကို ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို နေ့လယ် ၃ နာရီခန့်မှာ မိုင်းဆွဲခဲ့ရာ ၈ ဦးသေပြီး ကျန် ၄ ဦးက ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ နတ်ဆိုးတပ်ဖွဲ့ထံမှ သိရပါတယ်။
မနေ့က တရက်တည်းမှာပဲ နတ်ဆိုး မြေအောက် တော်လှန်ရေးတပ်ဖွဲ့ အနေနဲ့ မိုင်းဆွဲမှု ၂ ကြိမ်နဲ့ စစ်ကောင်စီ ထောက်ပို့ပစ္စည်း သယ်လာတဲ့ ထော်လာဂျီကို ဖမ်းဆီးခဲ့ပြီး စုစုပေါင်း စစ်သား ၁၀ ဦးနီးပါး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ(စစ်ကောင်စီ၏ထောက်ပို့ထော်လာဂျီပေါ်က သိမ်းဆည်းရမိသော ပစ္စည်းများ။ဓါတ်ပုံ-နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့)
MNDAA စခန်းကို လာတိုက်သည့် စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး အပါ အဝင် ၁၀ ဦး သေဆုံးပြီး ဆုတ်ခွာသွား၊ အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား
ရန်ကုန်၊ ဒီဇင်ဘာ ၁
တရုတ်-မြန်မာ နယ်စပ် ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တွင် MNDAA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ကိုးကန့်၊ ချင်းရွှေ ဟော် ဒေသ၊ နမ့်ဖာတောင်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မ တော် ကိုးကန့် (MNDAA) ၏ ခံတပ်စခန်းကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး MNDAA တပ်ဖွဲ့ဘက်မှ အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
(ဓာတ်ပုံ–သိမ်းဆည်းရမိသော ပစ္စည်းများ)
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး တပ်ခွဲမှူး ၂ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံး ကြောင်း၊ အလောင်းများကို ဖြစ်သလိုစွန့်ပစ်သွားကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် MNDAA ၏ ရှေ့တန်းနေရာများမှ မီတာ ၂၀၀ ခန့်အကွာသို့ ဆုတ်ခွာသွားကြောင်း သိရသည်။
crd