ကမ္ဘာ့ဖလားဘောလုံးသမိုင်းမှာ ပထမဆုံး အမျိုးသမီးကွင်းလယ်ဒိုင်လူကြီးအသုံးပြုမည်..

ကြာသပတေးနေ့ ကစားမယ့် ဂျာမနီ-ကော့စတာရီကာပွဲ အမျိုးသမီးဒိုင်လူကြီးတွေနဲ့သာ ပွဲကြီးကြပ်မယ်၊

နိရဉ္စရာ၊ နိဝင်ဘာ ၃၀ (ကမ္ဘာဖလား)

လာမယ့်ကြာသပတေးနေ့မှာ ကစားဖို့ရှိတဲ့ အုပ်စု E ဂျာမနီ-ကော့စတာရီကာ ပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအပါအဝင် အရန်ဒိုင်တွေအားလုံး အမျိုးသမီး ဒိုင်လူကြီးတွေ အသုံးပြုသွားမယ်လို့သိရတယ်။

အယ်ဘေ့ ကွင်းမှာ ကျင်းပမယ့် အဲဒီပွဲစဉ်ကို တာဝန်ယူမယ့် ကွင်းလယ်ဒိုင်လူကြီးက ပြင်သစ်အမျိုးသမီး စတက်ဖ်နီ ဖရက်ပတ် ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးသမိုင်းမှာ ဒါ ပထမဆုံး ဖြစ်ပေမယ့် သူမဟာ ၂၀၂၀ ဥရောပ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူခဲ့ဖူးသလို ချဲလ်ဆီး-လီဗာပူးယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၉ ဥရောပ စူပါဖလားပွဲမှာလည်း တာဝန်ယူခဲ့ဖူးတယ်။

ဖရက်ပတ် နဲ့ အတူ စည်းကြပ်ဒိုင်များအဖြစ်ပူးတွဲ တာဝန်ယူကြမယ့်သူ အမျိုးသမီဒိုက်နှစ်ဦးက ဘရာဇီးအမျိုးသမီး နျူဇာဘက် နဲ့ မက္ကဆီကို အမျိုးသမီး ကရင်မ်ဒိုင်ယက် မေဒီနာ တို့ဖြစ်ကြတယ်။

သတင်း- CWM

ဓာတ်ပုံ-အင်တာနက်







သတင်း- CWM

ဓာတ်ပုံ-အင်တာနက်

Leave a Reply

Your email address will not be published. Required fields are marked *