မီးပြတ်သဖြင့် ဖယောင်းတိုင် မီးထွန်းကာ စာကျက်သည့် ကျောင်းသား မီးလောင်၍ သေဆုံး
CJ Platform
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့တွင် နိုဝင် ဘာ ၂၇ရက် ညပိုင်းက မီးပြတ်သဖြင့်ဖယောင်း တိုင် မီးထွန်းကာ စာကျက်သည့် ကျောင်းသားတစ်ဦး မီးလောင်၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
မီးအမြဲတမ်း ပြတ်လေ့ရှိသော ကွတ်ခိုင်မြို့တွင် နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ရပ်ကွက် ၇ ရှိ နေအိမ်တစ်အိမ်၌ ကျောင်းသားတစ်ဦးမှာ ဖယောင်းတိုင်မီးထွန်းကာ စာကျက်ရာမှ အိပ်ပျော်သွားစဉ်၌ အနီးရှိ ခြင်ထောင်အား မီးစတင်စွဲရာမှ မီးလောင်မှု ဖြစ် ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ်အိပ်ခန်းအတွင်း စာ ကျက်ရင်း အိပ်ပျော်သွားသည့် ကျောင်းသားမှာ အသက် ၁၂နှစ် အရွယ်ရှိပြီး မီးလောင်ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် နေအိမ်တစ်ခုလုံးလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
” မီးပြတ်နေတော့ ကလေးက ဖယောင်းတိုင်မီးနဲ့ စာကျက်တာ။ စာကျက်ရင်း အိပ်ပျော်သွားပြီး ဖယောင်းတိုင်မီးကနေ ခြင်ထောင်ကို မီးစွဲပြီး မီးလောင်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။ နေအိမ်တစ်လုံးလုံးလည်း မီးလောင်သွားတယ်”ဟု ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေး အသင်း (ကွတ်ခိုင်)အဖွဲ့မှ အသင်းသားတစ်ဦးက ပြောသည်။
မီးလောင်၍ သေဆုံးသွားသော ကျောင်းသား၏ နာရေးအခမ်းအနားအား နိုဝင်ဘာ ၂၈ရက်နေ့က ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓါတ်အား ဆိုးရွားစွာ ပြတ်တောက်မှုများ ဖြစ်ပွား၍ အလင်းရောင် မရှိသည့် အချိန်များ၌ ဖယောင်းတိုင်မီးမှာ လူထုအတွက် လိုအပ်သည့် အရာတစ်ခု ဖြစ်လာသည်။ ဖယောင်းတိုင်မီးအား မတော်တဆ ပေါ့ဆစွာ အသုံးပြုမိရာမှ အသက်အန္တရာယ်ပါ ထိခိုက်ရမှုများပါ ရှိလာခဲ့သည်။
လာမည့်နွေရာသီ၌လည်း စစ်ကောင်စီမှ မီးပြတ်မည်ဟု ကြေညာထားသည့်အတွက် ညအချိန်များ၌ အလင်းရရှိရန် ဖယောင်းတိုင်မီးအား အသုံးပြုပါက ဂရုစိုက် အသုံးပြုကြရန်လည်း ပြည်သူအချင်းချင်း သတိပေးမှုများ ရှိနေသည်။

ဓာတ်ပုံ- ဗြဟ္မစိုရ်နှလုံးသား
crd