ဆားလင်းကြီးတွင် စ-စ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပစ္စည်းများကိုင်ဆောင် ဆန္ဒပြ

ဆားလင္းႀကီးတြင္ စစ္ေကာင္စီတပ္ မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ ပစၥည္းမ်ားကိုင္ေဆာင္ ဆႏၵျပ

သုည/People’s Spring

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္ေကာင္စီ၏ မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ ေက်း႐ြာတစ္႐ြာတြင္ ေဒသခံျပည္သူမ်ားက မီးေလာင္ကြၽမ္းခဲ့သည့္ သြပ္ျပားမ်ား၊ အိမ္တိုင္မ်ား ကိုင္ေဆာင္၍ စစ္အာဏာရွင္ကို ဆန္႔က်င္ေၾကာင္း ယေန႔ (ၾသဂုတ္ ၆) နံနက္ပိုင္း၌ ခ်ီတက္ဆႏၵျပခဲ့ၾကသည္။

ဆႏၵျပျပည္သူမ်ားက “မၿပီးဆုံးေသးတဲ့ ၈ ေလးလုံး လူထုလြတ္ေျမာက္ေရး တို႔အတူ႐ုန္း” ဆိုသည့္ စာသားကို ကိုင္ေဆာင္ၿပီး လူထုတစ္ရပ္လုံးက အာဏာရွင္၏ ရက္စက္ယုတ္မာမႈကို ေၾကာက္႐ြံမေနဘဲ မီးရႈိ႕ခံထားရေသာ ပစၥည္းမ်ားကို ကိုင္ေဆာင္၍ ၅/ သမိုင္းမ႐ိုင္းေၾကာင္းကို ျပသခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ စစ္အာဏာရွင္ ဆန္႔က်င္ေရး သပိတ္စစ္ေၾကာင္းကို မုံ႐ြာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ႏွင့္ လက္ပံေတာင္းေတာင္ပင္မသပိတ္စစ္ေၾကာင္းတို႔မွ ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ ျပဳလုပ္ခဲ့ၾကသည္။

ဓာတ္ပုံ – ဆားလင္းႀကီးၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရး

Unicode
ဆားလင်းကြီးတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပစ္စည်းများကိုင်ဆောင် ဆန္ဒပြ

သုည/People’s Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများက မီးလောင်ကျွမ်းခဲ့သည့် သွပ်ပြားများ၊ အိမ်တိုင်များ ကိုင်ဆောင်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ယနေ့ (သြဂုတ် ၆) နံနက်ပိုင်း၌ ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပြည်သူများက “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း” ဆိုသည့် စာသားကို ကိုင်ဆောင်ပြီး လူထုတစ်ရပ်လုံးက အာဏာရှင်၏ ရက်စက်ယုတ်မာမှုကို ကြောက်ရွံမနေဘဲ မီးရှို့ခံထားရသော ပစ္စည်းများကို ကိုင်ဆောင်၍ ၅/ သမိုင်းမရိုင်းကြောင်းကို ပြသခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့နှင့် လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့မှ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ – ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး

Crd

Leave a Reply

Your email address will not be published. Required fields are marked *