နှစ်ထောင်ပေးမယ် ငါးထောင်ပေးမယ်ဆိုပြီး ခြေတော်တင်ဖို့ ကြိုးစားသူတွေ ဝိုင်းနေတဲ့ ၁၈ နှစ်ရွယ် ကလေးအမေ

နှစ်ထောင်ပေးမယ် ငါးထောင်ပေးမယ်ဆိုပြီး ခြေတော်တင်ဖို့ ကြိုးစားသူတွေ ဝိုင်းနေတဲ့ ၁၈ နှစ်ရွယ် ကလေးအမေ

ယနေ့ခေတ်ကြီးမှာ ကိုယ်ကျင့်တရားတွေ ပျက်ပြားလာကြသလိုတချို့သူတွေကလည်း စာနာမှုတွေ ကင်းမဲ့လာကြပါတယ်…ဒုက္ခရောက်နေသူကို ကူညီမယ် မရှိဘူး…

ညည နှစ်ထောင်ပေးမယ် ငါးထောင်ပေးမယ်ဆိုပြီး ၁၈ နှစ်အရွယ် ကလေးအမေကိုခြေတော်တင်ဖို့ လုပ်နေကြသူတွေ ရှိတယ်တဲ့…

ဒါပေမဲ့ ကလေးအမေရဲ့ ဖြူစင်တဲ့စိတ် ငွေအလွယ်မလိုချင်တဲ့စိတ်ကြောင့်ရှောင်ရှားနိုင်ခဲ့သလို ခုဆို ကူညီသူပါရှိလာပါပြီ…

ဒီအကြောင်းလေးကို လူမှုကွန်ရက်မှာ ဖော်ပြထားတာ တွေ့လို့ ပြန်လည်မျှဝေလိုက်ပါတယ်…

ညည နှစ်ထောင် ငါးထောင် ကိုပဲထိုင်ယူနေရင်တောင်သူ့သမီးလေးနဲ့သူ အဆင်ပြေတဲ့ဘဝ ရနိူင်ကောင်းရဲ့။

သို့သော်လဲ ဇာမဏီငှက်တို့ရဲ့နှလုံးသားလိုမျိုးအသက်သေမှ အမြှီးကျွတ်ခံမယ်ဆိုတဲ့စိတ်နဲ့ အနီးနား အဝတ်လျှော် မီးပူတိုက်ရင်းဖြူစင်စွာသားအမိနှစ်ယောက် အသက်မွေးမြူကြတယ်။

အိမ်ကအစုတ် လူတွေကလဲအစုတ် ဒါပေမယ့် သူတို့သားအမိရဲ့နှလုံးသားမစုတ်ပြတ်ခဲ့ဘူး။လင်မရှိ ဆွေမျိုးမရှိလို့ အနီးနား စောင့်ရှောက်သူတွေ ပေးထားတဲ့နေရာလေးမှာ

အမေနဲ့သမီး အပြန်အလှန်မေတ္တာတွေနဲ့ ငြိမ်းချမ်းလို့လှပလို့အေးမြလို့အရွယ်ကောင်းလေးကို မသမာသူတွေ လိုင်းသွင်းမှာ စိုးရိမ်ကြတဲ့အနီးနားမိတ်ဆွေများရဲ့ဖုန်းဆက်ခေါ်ယူမှုနဲ့ယနေ့ညမှာဘဲ သူတို့သားအမိကိုကျွန်တော် ထိမ်းသိမ်းစောင့်ရှောက်နိုင်လိုက်ပါပြီ။

ဖုန်းဖြင့်ဆက်သွယ်ပေးတဲ့ ညီမလေးကိုလဲ ကျေးဇူးတင်ပါတယ်။

ဘဝများစွာ မိသားစုများစွာငြိမ်းချမ်းသာယာ ရှိကြပါစေ။

Zawgyi






ညည နှစ်ထောင် ငါးထောင် ကိုပဲထိုင်ယူနေရင်တောင်သူ့သမီးလေးနဲ့သူ အဆင်ပြေတဲ့ဘဝ ရနိုင်ကောင်းရဲ့။






crd

Leave a Reply

Your email address will not be published. Required fields are marked *