ရဲစခန်းလုံခြုံရေးကင်းစောင့်ဖို့ နေ့စား ရဲ ခေါ်ယူနေ

ပွင့်ဖြူ – နိုဝင်ဘာ(၂၁)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ရဲစခန်းလုံခြုံရေးကင်းစောင့်ဖို့အတွက် စစ်ကောင်စီထောက်ခံတဲ့သူ တွေကို အခကြေးငွေပေးပြီး နေ့စားရဲ ခေါ်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြော ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ထဲ ဝင်တဲ့သူမရှိတော့သလို စစ်ကောင်စီကလဲ လုံခြုံရေး မပေးနိုင်တော့တဲ့အတွက် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အလုပ်လက်မဲ့တွေကို စည်းရုံးပြီး နေ့စားရဲ ခေါ်နေရတာပါ။

“ကားတွေလာရင် တောင်းတဲ့ နေ့စားရှိတယ် ညကင်းစောင့်ပေးရတဲ့ နေ့စား ရှိတယ်ပိုက်ဆံတော့ သူတို့ရင်ရသလို ပေးပုံပါ။ ရဲယူနီဖောင်းနဲ့ကင်းစောင့်နေတဲ့သူအများစုက နေ့စားသမားတွေများ တယ်။ တကယ့်ရဲဝန်ထမ်းတွေကတော့ အရပ်ဝတ်နဲ့ ပြည်သူတွေထဲမှာရောနေတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်က ကျေးရွာပေါင်းစုံက လူ(၂၀) ဝန်းကျင်ကို ဝါစိုက်ပျိုးရေးတပ်ထဲစုဝေးပြီး မင်းဘူး၊စကုမြို့နယ်က တပ်စခန်းတွေကို စစ်သင်တန်းပေးဖို့ ခေါ်ဆောင်သွားတာရှိတယ်လို့ ဝါစိုက်ပျိုးရေးတပ် နားနေထိုင်သူ တစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ ဝင်တွေကို အသစ်စုဆောင်းလို့ မရတော့တဲ့အတွက် ရပ်ကွက်ထဲက ပျူစောထီးတွေကို ခေါ်ပြီး အသုံး ပြုတာတွေရှိနေသလို မူးယစ်သောက်စားနေသူတွေကို လည်း နေ့စားခပေးပြီး ကင်းစောင့်ခိုင်းတာ တွေရှိနေတယ်လို့ မင်းဘူးခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မျက်နှာ အစုံဖွင့်လှစ်ထားရတာကြောင့် အင်အားချိနဲ့နေသလို ရှေ့တန်း စစ်မျက်နှာ ပြင်မှာလဲ နေ့စဉ်ထိခိုက်သေဆုံးတာတွေရှိနေတဲ့အတွက် နောက်တန်းမှာ အရပ်သား ပြည်သူတွေကို ကင်းစောင့်ဖို့ အသုံးပြုနေတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ စစ်သားနဲ့ရဲ (၂) သောင်းကျော်ရှိနေပြီလို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ရဲစခန်းလုံခြုံရေးကင်းစောင့်ဖို့ နေ့စားရဲ ခေါ်ယူနေရ

crd

Leave a Reply

Your email address will not be published. Required fields are marked *