ယနေ့ နေ့ခင်းကြောင်တောင် ဆိုင်ကယ်ကယ်ရီသမား သ…တ်ခံရပြီး ဆိုင်ကယ်လုခံရ
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ ကျုံစုကျေးရွာထိပ်မှာ ဆိုင်ကယ် ကယ်ရီသမားကို ဓားနဲ့ ထိုးသတ်ပြီး ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
ယနေ့ နိုဝင်ဘာ ၂၁ ရက် မနက် ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်က ကျုံစုကျေးရွာထိပ်၊ အမက (၇) ကျောင်းရှေ့မှာ ဓားနဲ့ ထိုးသတ်ပြီး ဆိုင်ကယ် လုယက်သွားတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ကယ်ရီသမားကို ဆိုင်ကယ်လုပြီး သတ်သွားတာ။ သေဆုံးတဲ့ သူကိုတော့ ဘယ်ကလဲ ဆိုတာ စစ်ဆေး နေကြတယ်။
ဘယ်နှစ်ယောက်လုပြီး သတ်သွားလဲ ဆိုတာတော့ မသိသေးဘူး။
လုယက်မှုတွေ ကတော့ နေ့တိုင်း ဖြစ်နေတာ။ လုံခြုံမှု လုံးဝ မရှိတာတော့ အမှန်ပဲ” လို့ သူကပြောပါတယ်။
လူသတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာကို အုပ်ချုပ်ရေးမှူး ၃ ဦးနဲ့အတူ စစ်သားနဲ့ ရဲများ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး စစ်ဆေးနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ယခင်က လှိုင်သာယာမြို့နယ် အတွင်း ပစ္စည်းပို့တဲ့ လူငယ်တွေ လုယက် သတ်ဖြတ်ခံရမှုတွေ ရှိခဲ့ပေမယ့်
ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။
လုယက်သူတွေဟာ လှိုင်သာယာမြို့နယ်အတွင်း အလှူပွဲ၊ မင်္ဂလာဆောင်ပွဲ လာရောက်သူများကိုလည်း ပစ်မှတ်ထား လုယက်မှု ကျူးလွန် နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MK 005
#MeKongNews ?
ပုံအညွှန်း- ရန်ကုန်က ဆိုင်ကယ်ကယ်ရီဂိတ်တစ်ခု
unicode

crd