ကမ္ဘာ့ဖလား သမိုင်းတလျှောက် အညံ့ဆုံးကွင်းဖွင့်ပွဲအဖြစ် ဝေဖန်မှုတွေမြင့်တက်နေတဲ့ ကာတာ ကမ္ဘာ့ဖလား ဖွင့်ပွဲ

နိုဝင်ဘာ ၂၀ ရက်နေ့က ဖွင့်လှစ်ကျင်းပခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားဖွင့်ပွဲစီစဉ်မှုနဲ့ပတ်သက်ပြီး နှစ် ၂၀ အတွင်း အညံ့ဆုံးဖွင့်ပွဲအဖြစ် ပရိသတ်အတော်များများကဝေဖန်နေကြတာဖြစ်ပါတယ်

ကမ္ဘာကျော် နာမည်ကြီးအဆိုတော်အများအပြားကသပိတ်မှောက်ထားတဲ့ ကာတာကမ္ဘာ့ဖလားဖွင့်ပွဲမှာ တင်ဆက်မှုတွေနဲ့ပတ်သက်ပြီးပရိသတ်တွေကကျေနပ်အားရမှုမရှိတာကိုတွေ့ရပါတယ်။

တောင်ကိုရီးယားအဆိုရှင်တဦး အနေနဲ့ယခုလိုကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်သီဆိုခွင့်ရတာကတော့ အာရှသားတွေအတွက်ဂုဏ်ယူစရာဖြစ်ပေမယ့်ဝေဖန်မှုတချို့နဲ့လည်းရင်ဆိုင်နေရပါတယ်။

အားကစားပြိုင်ပွဲတွေမှာအမှတ်အသားသရုပ်ဖြစ်တဲ့ လာဘ်ကောင်ရုပ်လေးတွေနဲ့လှုံဆော်လေ့ရှိကြပေမယ့်ယခုကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့လာဘ်ကောင်ရုပ်ကိုတော့ဖွင့်ပွဲနေ့မှလူတွေ မြင်ခဲ့ရတာဖြစ်ပါတယ်

ထူးဆန်းတာကပြိုင်ပွဲရဲ့အဖြူရောင်လာဘ်ကောင်ရုပ်ဟာတစ္ဆေပုံစံဖြစ်နေတယ်လို့ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။ဖွင့်ပွဲမှာလည်းယခင်ပြိုင်ပွဲတွေကသီချင်းဟောင်းအများအပြားကိုပြန်ဖွင့်ပြီး ကပြခြင်း၊ သရုပ်ဖော်သူများရဲ့

အဝတ်အစားများခေတ်မမီခြင်းစတဲ့အခြေအနေတွေကြောင့်မှောင်မဲနေတဲ့သာမန်စတိတ်ရှိုးတခုကို ကြည့်နေရသလိုဖြစ်နေတယ်ဆိုတဲ့ဝေဖန်မှုများရှိနေပါတယ်။ကာတာအစိုးရရဲ့ အစိုးရိမ်လွန်တဲ့ တားမြစ်ချက်တွေကြောင့်တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲသဘောမျိုးမသက်ရောက်တော့ဘဲကန့်သတ်မှုတွေနဲ့ ပြုလုပ်ရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်နေတယ်လို့ဝေဖန်နေကြပါတယ်။

လက်ရှိမှာတော့ကာတာကမ္ဘာ့ဖလားဖွင့်ပွဲဟာနှစ် ၂၀ အတွင်း အညံ့ဆုံးကမ္ဘာ့ဖလားပွဲအဖြစ်မှတ်တမ်း ဝင်သွားခဲ့ပြီးပြိုင်ပွဲတလျှောက်နဲ့ပိတ်ပွဲတွေမှာဘယ်လိုအလွဲမျိုးတွေ ဖြစ်လာဦးမလဲဆိုတာဆက်လက် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

ခရစ်ဒစ်

Zawgyi

crd

Leave a Reply

Your email address will not be published. Required fields are marked *