Sexy မော်ဒယ်လဲ ပြည်သူဘဲ speak out လုပ်ရမှာဘဲ လှောင်စရာမဟုတ်ဘူးဆိုတဲ့ မပန်ဆယ်လို
အတည်ရေးပါဦးမယ်။ သင်ဇာဝင့်ကျော်တို့ နန်းမွေစံတို့ ဖမ်းဆီးခံရတဲ့ကိစ္စဟာ ရယ်စရာ၊ လှောင်စရာကိစ္စလည်း မဟုတ်သလို Speak Out လုပ်စရာမလိုတဲ့ အရေးမပါတဲ့ကိစ္စလည်း မဟုတ်ဘူး။




Sexy Model ဖြစ်ခြင်းဟာ လှောင်ပြောင်စရာ ကိစ္စလည်း မဟုတ်သလို သူတို့သည်လည်း ပြည်သူထဲက ပြည်သူပဲ ဖြစ်တယ်။ မတရား ဖမ်းဆီးခံရတာဟာ မတရားဖမ်းဆီးခံရတာပဲ ဖြစ်တယ်။ မတရားဖမ်းဆီးခံရခြင်းဟာ Sexy Model ဖြစ်ခြင်းကြောင့် ယုတ်လျော့သွားစရာ အကြောင်းမရှိဘူး။
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံဟာ တော်လှန်ရေးကို တကယ်မကူညီခဲ့သူတွေပဲ ဖြစ်စေဦး။ သူတို့ဟာ ပြည်သူပဲ။ သူတို့ဟာ မတရား ဖမ်းဆီးခံရတာပဲ။ သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်ခံရတဲ့ Victim တွေပဲ ဖြစ်တယ်။




ပြီးတော့ သူတို့လို ပုရိသတွေ နှစ်သက်တဲ့ အချိုးအစားနဲ့ အမျိုးသမီးတွေဟာ ငတ်ပြတ်တောင်ထနေတဲ့ မုဒိမ်းကောင်တွေ စုဝေးနေတဲ့ မုဒိမ်းစစ်တပ်လက်ထဲ ရောက်သွားတာဟာ သူတို့အတွက် အန္တရာယ်ဘယ်လောက်များလဲ မှန်းဆကြည့်လို့ရတယ်။ Sexy Model ဆိုတာ ယဉ်ကျေးမှုအရ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ၊ ဒါဟာ သူတို့ Professional ပဲ။ ဒီ Professional ကို အကြောင်းရှာပြီး ကိုယ့်ဖင်ကိုယ်ပြတာတောင် အာဏာဝင်သိမ်းတဲ့ MaALoe စစ်တပ်ရဲ့ ဖိနှိပ်မှုကို သူတို့ရဲ့ ကျော်ကြားမှုကို သုံးစွဲပြီး နိုင်ငံတကာအထိ Attention ယူသင့်တဲ့ ကိစ္စပဲ ဖြစ်တယ်။
Sexy Model ဆိုတာ Pharသည် မဟုတ်ဘူး။ Phar သည်ဖြစ်နေဦး လူသားတစ်ယောက်ရဲ့ အခွင့်အရေးအတိုင်း အသက်ရှင်ရပ်တည်ခွင့်ရရမယ်။ ဒါဟာ ဒီမိုကရေစီစံနှုန်းပဲ။ တစ်နိုင်ငံလုံး အာဏာသိမ်းခံရတာ၊ ဒီမိုကရေစီမှ မရှိတာ၊ သူတို့ဖမ်းခံရတာ ဘာဆန်းလဲလို့ တွေးနေရင် ခင်ဗျားတို့က စကစရဲ့ အုပ်ချုပ်ခြင်းကို မသိစိတ်က လက်ခံမိနေပြီ ဆိုတာပဲ။




မတရားဖမ်းဆီးခံရတာကို တခွီခွီလုပ်နေစရာလည်း မလိုဘူး။ သူတို့ အဆင်ပြေသာယာပြနေလို့ သူတို့ဖင်လုံးကြီးတွေ ကြည့်ပြီး ထိုင်ခွီ ထိုင်ပြောနေတာအထိ ဘာပြသနာမှ မရှိဘူး။ အခုက မတရားဖမ်းဆီးခံရတဲ့ကိစ္စ၊ ဒုက္ခရောက်သွားကြတဲ့သူတွေ။ သူတို့အကြောင်း ပိုစ့်တင်ရေးဖို့ အချိန်ပေးချင်ရင် ဖင်အကြောင်း စမူအကြောင်းထက် မတရားမှုပါလို့ အသံထွက်ပေးသင့်တာ မဟုတ်ဘူးလား။
ဒီပိုစ့်ကို ကိုကျော်ဆူတဲ့ကိစ္စနဲ့လည်း ရန်တိုက်မပေးနဲ့။ ကိုကျော်ပြောတာက ခွီနေတာတွေ ပွထနေလို့ တော်လှန်ရေးကို အာရုံစိုက်ဖို့ ပြောတာ။ မတရားဖမ်းဆီးခံရခြင်းနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုအကြောင်း ပြောရင် ဆူစရာမရှိဘူး။




နန်းမွေစံနဲ့ သင်ဇာဝင့်ကျော်ဆိုတာ နာမည်ကြီးသူမို့ လူသိတာ။ လူမသိ သူမသိ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရသူတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေကြောင်း သတိပြုမိဖို့ပါ။
မတရားမှုကို လက်ပိုက်ကြည့်နေတဲ့အခါ မတရားမှုက တံခါးလာခေါက်ရုံမက အိမ်ပေါ်တက် ဖမ်းဆီးတတ်တယ်ဆိုတာလည်း သင်ခန်းစာ ယူရတဲ့ကိစ္စပါပဲ။
အာဏာရှင်စနစ်မှာ ကိုယ့်ဖင်ကိုယ်လည်း မပိုင်ဘူး။ တော်လှန်ရုံမှတပါး အခြားမရှိ။
Credit fb
Zawgyi code
Sexy မော်ဒယ်လဲ ပြည်သူဘဲ speak out လုပ်ရမှာဘဲ လှောင်စရာမဟုတ်ဘူးဆိုတဲ့ မပန်ဆယ်လို
အတည္ေရးပါဦးမယ္။ သင္ဇာဝင့္ေက်ာ္တို႔ နန္းေမြစံတို႔ ဖမ္းဆီးခံရတဲ့ကိစၥဟာ ရယ္စရာ၊ ေလွာင္စရာကိစၥလည္း မဟုတ္သလို Speak Out လုပ္စရာမလိုတဲ့ အေရးမပါတဲ့ကိစၥလည္း မဟုတ္ဘူး။




Sexy Model ျဖစ္ျခင္းဟာ ေလွာင္ေျပာင္စရာ ကိစၥလည္း မဟုတ္သလို သူတို႔သည္လည္း ျပည္သူထဲက ျပည္သူပဲ ျဖစ္တယ္။ မတရား ဖမ္းဆီးခံရတာဟာ မတရားဖမ္းဆီးခံရတာပဲ ျဖစ္တယ္။ မတရားဖမ္းဆီးခံရျခင္းဟာ Sexy Model ျဖစ္ျခင္းေၾကာင့္ ယုတ္ေလ်ာ့သြားစရာ အေၾကာင္းမရွိဘူး။
သင္ဇာဝင့္ေက်ာ္နဲ႕ နန္းေမြစံဟာ ေတာ္လွန္ေရးကို တကယ္မကူညီခဲ့သူေတြပဲ ျဖစ္ေစဦး။ သူတို႔ဟာ ျပည္သူပဲ။ သူတို႔ဟာ မတရား ဖမ္းဆီးခံရတာပဲ။ သူတို႔ဟာ လူ႕အခြင့္အေရး ခ်ိဳးေဖာက္ ဖိႏွိပ္ခံရတဲ့ Victim ေတြပဲ ျဖစ္တယ္။




ၿပီးေတာ့ သူတို႔လို ပုရိသေတြ ႏွစ္သက္တဲ့ အခ်ိဳးအစားနဲ႕ အမ်ိဳးသမီးေတြဟာ ငတ္ျပတ္ေတာင္ထေနတဲ့ မုဒိမ္းေကာင္ေတြ စုေဝးေနတဲ့ မုဒိမ္းစစ္တပ္လက္ထဲ ေရာက္သြားတာဟာ သူတို႔အတြက္ အႏၲရာယ္ဘယ္ေလာက္မ်ားလဲ မွန္းဆၾကည့္လို႔ရတယ္။ Sexy Model ဆိုတာ ယဥ္ေက်းမႈအရ လက္ခံခ်င္သည္ျဖစ္ေစ၊ လက္မခံခ်င္သည္ျဖစ္ေစ၊ ဒါဟာ သူတို႔ Professional ပဲ။ ဒီ Professional ကို အေၾကာင္းရွာၿပီး ကိုယ့္ဖင္ကိုယ္ျပတာေတာင္ အာဏာဝင္သိမ္းတဲ့ MaALoe စစ္တပ္ရဲ႕ ဖိႏွိပ္မႈကို သူတို႔ရဲ႕ ေက်ာ္ၾကားမႈကို သုံးစြဲၿပီး နိုင္ငံတကာအထိ Attention ယူသင့္တဲ့ ကိစၥပဲ ျဖစ္တယ္။
Sexy Model ဆိုတာ Pharသည္ မဟုတ္ဘူး။ Phar သည္ျဖစ္ေနဦး လူသားတစ္ေယာက္ရဲ႕ အခြင့္အေရးအတိုင္း အသက္ရွင္ရပ္တည္ခြင့္ရရမယ္။ ဒါဟာ ဒီမိုကေရစီစံႏႈန္းပဲ။ တစ္နိုင္ငံလုံး အာဏာသိမ္းခံရတာ၊ ဒီမိုကေရစီမွ မရွိတာ၊ သူတို႔ဖမ္းခံရတာ ဘာဆန္းလဲလို႔ ေတြးေနရင္ ခင္ဗ်ားတို႔က စကစရဲ႕ အုပ္ခ်ဳပ္ျခင္းကို မသိစိတ္က လက္ခံမိေနၿပီ ဆိုတာပဲ။




မတရားဖမ္းဆီးခံရတာကို တခြီခြီလုပ္ေနစရာလည္း မလိုဘူး။ သူတို႔ အဆင္ေျပသာယာျပေနလို႔ သူတို႔ဖင္လုံးႀကီးေတြ ၾကည့္ၿပီး ထိုင္ခြီ ထိုင္ေျပာေနတာအထိ ဘာျပသနာမွ မရွိဘူး။ အခုက မတရားဖမ္းဆီးခံရတဲ့ကိစၥ၊ ဒုကၡေရာက္သြားၾကတဲ့သူေတြ။ သူတို႔အေၾကာင္း ပိုစ့္တင္ေရးဖို႔ အခ်ိန္ေပးခ်င္ရင္ ဖင္အေၾကာင္း စမူအေၾကာင္းထက္ မတရားမႈပါလို႔ အသံထြက္ေပးသင့္တာ မဟုတ္ဘူးလား။
ဒီပိုစ့္ကို ကိုေက်ာ္ဆူတဲ့ကိစၥနဲ႕လည္း ရန္တိုက္မေပးနဲ႕။ ကိုေက်ာ္ေျပာတာက ခြီေနတာေတြ ပြထေနလို႔ ေတာ္လွန္ေရးကို အာ႐ုံစိုက္ဖို႔ ေျပာတာ။ မတရားဖမ္းဆီးခံရျခင္းနဲ႕ စစ္ေကာင္စီရဲ႕ ဖိႏွိပ္မႈအေၾကာင္း ေျပာရင္ ဆူစရာမရွိဘူး။




နန္းေမြစံနဲ႕ သင္ဇာဝင့္ေက်ာ္ဆိုတာ နာမည္ႀကီးသူမို႔ လူသိတာ။ လူမသိ သူမသိ အမ်ိဳးသမီးအခြင့္အေရး ခ်ိဳးေဖာက္ခံေနရသူေတြ၊ လိင္ပိုင္းဆိုင္ရာ ထိပါးဖိႏွိပ္ခံေနရတဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီး ရွိေနေၾကာင္း သတိျပဳမိဖို႔ပါ။
မတရားမႈကို လက္ပိုက္ၾကည့္ေနတဲ့အခါ မတရားမႈက တံခါးလာေခါက္႐ုံမက အိမ္ေပၚတက္ ဖမ္းဆီးတတ္တယ္ဆိုတာလည္း သင္ခန္းစာ ယူရတဲ့ကိစၥပါပဲ။




အာဏာရွင္စနစ္မွာ ကိုယ့္ဖင္ကိုယ္လည္း မပိုင္ဘူး။ ေတာ္လွန္႐ုံမွတပါး အျခားမရွိ။
Credit fb