မင္းေအာင္လႈိင္အတြက္ ညီအရင္းကိုသတ္ေပးခဲ့ေပမယ့္ ဘြဲ႕တံဆိပ္တစ္ခုေတာင္မရဘဲ ေခ်ာင္ထိုးခံထားရဆဲ သန္းလႈိင္ (သတင္းေဆာင္းပါး)
ဟိန္းစံ/ဧရာဝတီတိုင္းမ္
ႏိုဝင္ဘာလ ၂၀ ရက္
ဒု-ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ ဆိုတာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ ဝါရီ ၁ ရက္က အာဏာသိမ္းခဲ့တဲ့ စစ္အုပ္စုထဲမွာ ရဲခ်ဳပ္၊ ျပည္ထဲေရးဒုဝန္ႀကီးနဲ႔ စစ္ဆင္ေရးအတူးအဖြဲ႕မႉးလို႔ေခၚတဲ့ အမွတ္ ၆ ကစထမႉးစတဲ့ ႀကီးမားတဲ့ရာထူး တာဝန္ေတြကိုရယူခဲ့ၿပီး ျမန္မာျပည္သူလူထုအၾကားမွာ နာမည္ ဆိုး နဲ႔ေက်ာ္ၾကားခဲ့တဲ့ စစ္ဗိုလ္ခ်ဳပ္ႀကီး တစ္ဦးျဖစ္ပါတယ္။
စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ရဲခ်ဳပ္တာဝန္ရယူထားတဲ့ ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ အာဏာသိမ္း စစ္ေခါင္း ေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အတြက္ ႐ြပ္႐ြပ္ခြၽံခြၽံ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္ၿပီး စစ္ေခါင္းေဆာင္ခိုင္းသမွ်လုပ္ခဲ့သူလို႔ စစ္ေကာင္စီတပ္အသိုင္းအဝိုင္းက ေျပာဆိုၾကပါတယ္
စစ္အာဏာသိမ္းၿပီးေနာက္ေပၚေပါက္ခဲ့တဲ့ ျပည္သူလူထု သန္းနဲ႔ခ်ီပါဝင္တဲ့ လမ္းေပၚက အၾကမ္းမဖက္ ဆႏၵျပပြဲေတြကို အဲ့အခ်ိန္က ရဲခ်ဳပ္တာဝန္ယူထားတဲ့ ဒု-ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္က က်ည္အစစ္ေတြသုံးၿပီး ရက္ရက္စက္က္ ပစ္ခတ္ၿဖိဳခြင္းခိုင္းၿပီး ျပည္သူေတြကို သတ္ခဲ့သူျဖစ္ပါတယ္
ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ ေတာ္လွန္ေရးအင္အားစုေတြကို ပစ္ခတ္သတ္ျဖတ္ၿဖိဳခြင္းတဲ့ေနရာမွာ လက္မ႐ြံ႕တစ္ဦးျဖစ္သလို အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး ျပည္သူဘက္က ရပ္တည္ခဲ့တဲ့ ညီအရင္းျဖစ္သူ ေတာ္လွန္ေရး သမား ကိုစိုးမိုးလႈိင္ (ခ) မဲႀကီးကို သူ႔တပည့္ စစ္သားနဲ႔ရဲေတြက ဖမ္းဆီးႏွိပ္စက္တာေတာင္ လက္ပိုက္ ၾကည့္ေနခဲ့တဲ့ အထိ ညီအရင္းကို ပစ္ပယ္ကာ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္အေပၚ သစၥာရွိခဲ့သူ ျဖစ္ပါတယ္
ရဲခ်ဳပ္ သန္းလႈိင္ရဲ႕ ညီအရင္းျဖစ္သူ ကိုစိုးမိုးလႈိင္(ခ) မဲႀကီးမွာ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ႏိုင္ငံေရး အက်ဥ္း သားေဟာင္းတစ္ဦးျဖစ္ၿပီး ေက်ာင္းသားတပ္မေတာ္ ABSDF ရဲေဘာ္ေဟာင္းတစ္ဦးလည္း ျဖစ္ပါတယ္
စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပခဲ့တဲ့ ေတာ္လွန္ ေရးသမား ကိုစိုးမိုးလႈိင္(ခ) မဲႀကီးကို သန္းလႈိင္ လက္ေအာက္က ရဲတပ္ဖြဲ႕က ၂ဝ၂၁ ခုႏွစ္ ေမလမွာ ပဲခူးၿမိဳ႕နယ္ထဲမွာ ဖမ္းဆီးခဲ့ၿပီး စစ္ေၾကာေရးစခန္းမွာ အျပင္းအထန္ ညႇဥ္းပန္းႏွိပ္စက္မႈေၾကာင့္ ကိုစိုးမိုးလႈိင္ က်ဆုံးခဲ့ရပါတယ္
ေအာက္ေျခ စစ္သားနဲ႔ ရဲေတြက သန္းလႈိင္အမိန႔္နဲ႔ ေဆာင္ ႐ြက္သူေတြမို႔ ကိုစိုးမိုးလႈိင္(ခ)မဲႀကီးကို သတ္သူဟာ အစ္ကိုအရင္းျဖစ္တဲ့ သန္းလႈိင္လို႔ ဆိုရမွာ ျဖစ္ပါတယ္ သန္းလႈိင္ကေတာ့ ကိုယ့္ရာထူးအာဏာအတြက္ ကိုယ့္ညီအရင္းကို ျပန္သတ္ၿပီး မင္းေအာင္လႈိင္ခိုင္းသမွ်ကို မိုက္မိုက္ကန္းကန္း ဆက္လုပ္ခဲ့သူ ျဖစ္ပါတယ္
စစ္ကိုင္းတိုင္းအတြင္းက ေဒသအသီးသီးမွာ ျပည္သူ႔ကာ ကြယ္ေရးတပ္ဖြဲ႕ – PDF ေတြ အားေကာင္းလာၿပီးတဲ့ေနာက္ PDF ေတြကို အၿပီးတိုင္သုတ္သင္ရွင္းလင္းဖို႔ စစ္ေကာင္စီက အေလာင္းမင္းတရားစစ္ဆင္ေရး ကို ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက စတင္ခဲ့ပါတယ္ ဒီစစ္ဆင္ေရးကို ဦးေဆာင္သူကလည္း ဒု ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ပဲ ျဖစ္ပါတယ္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က စစ္ကိုင္း တိုင္းထဲက PDF ေတြ မကုန္မခ်င္း ျပန္မလာနဲ႔လို႔ႏႈတ္မိန႔္နဲ႔ သူ႔ကို အထူးတာဝန္ ေပးေစခိုင္းခဲ့တာလည္းျဖစ္ပါတယ္
မင္းေအာင္လႈိင္ခိုင္းေစခ်က္နဲ႔ သန္းလႈိင္ကလည္း စစ္ကိုင္းတိုင္းအတြင္းက PDF ေတြကို အင္အားသုံးၿပီး တိုက္ခိုက္ႏွိမ္နင္းပါေတာ့တယ္။ဒီလိုႏွိမ္နင္းရာမွာ စစ္တပ္ ရဲ႕လုပ္ေနက် ျဖတ္ ၄ ျဖတ္ဗ်ဴဟာအတိုင္း PDF ရွိတဲ့႐ြာမွန္သမွ် မီးရႈိ႕ဖ်က္ဆီး၊ လုယက္သတ္ျဖတ္မႈေတြကို စစ္တပ္က အႀကီးအက်ယ္ ျပဳလုပ္ခဲ့ၾကပါတယ္ အေလာင္းမင္းတရားစစ္ဆင္ေရးအတြင္း စစ္ကိုင္းတိုင္းက ေနအိမ္ေပါင္း ေသာင္းနဲ႔ခ်ီ မီးေလာင္ျပာက်ခဲ့သလို လူေပါင္းသိန္းနဲ႔ခ်ီ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရပါတယ္
အေလာင္းမင္းတရားစစ္ဆင္ေရးစတင္ၿပီး ၅ လေက်ာ္ အၾကာ ဒီႏွစ္မတ္လအတြင္းမွာေတာ့ ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ကို စစ္ေခါင္းေဆာင္က ေနျပည္ေတာ္ကိုျပန္လည္ေခၚေဆာင္ခဲ့ၿပီး သူ႔ရဲ႕လက္ရွိရာထူး ၃ ခုအနက္က ကစထ ၆ မႉး ရာထူးကို႐ုတ္သိမ္းၿပီး လက္ရွိ ကစထ ၆ ကစထမႉး ဒုဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦးကို အစားထိုးခန႔္အပ္လိုက္ပါတယ္
“သန္းလႈိင္က စစ္ကိုင္းတိုင္းက PDF ေတြကို ထိထိေရာက္ေရာက္ မႏွိမ္နင္းႏိုင္ဘူးဆိုၿပီး ေနျပည္ေတာ္ ျပန္ေခၚလိုက္တာ။ ၿပီးေတာ့ စစ္ဘက္မွာဆို ကာခ်ဳပ္အထိ တက္လမ္းရွိေနတဲ့ ကစထမႉးရာထူးကို ျဖဳတ္ပစ္လိုက္တဲ့အခ်ိန္မွာ သန္းလႈိင္ ေတာ္ေတာ္တင္းသြားတာ။ သူဒီေလာက္ သူ႔ညီတစ္ေယာက္လုံး ေသတာေတာင္ ဂ႐ုမစိုက္ဘဲ လုပ္ကိုင္ေပးခဲ့တာကိုအသိအမွတ္မျပဳဘူးဆိုၿပီးညစ္သြားတာေပါ့” လို႔ ေနျပည္ေတာ္စစ္႐ုံးနဲ႔နီးစပ္သူတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္
စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္နဲ႔ ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္တို႔အၾကား အကြဲအၿပဲက ကစထမႉးရာထူး ျပဳတ္ကတည္းက စတင္ခဲ့ၿပီး အဲ့ရာထူးျပဳတ္တဲ့ေနာက္ သန္းလႈိင္က ရဲခ်ဳပ္ရာထူးနဲ႔ ျပည္ထဲေရး ဒုဝန္ႀကီး ရာထူးေတြကို ဖိဖိစီးစီး မလုပ္ေတာ့ဘဲ အရက္ေတြဘဲ ဖိေသာက္ေနခဲ့တယ္လို႔ ေနျပည္ေတာ္စစ္ဘက္ အသိုင္းအဝိုင္းက ဆိုပါတယ္
အဲ့ဒီကာလက စတင္ခဲ့ၿပီး အဲ့ဒီေနာက္ ၁ လေက်ာ္အၾကာ ေမလ ၂ ရက္ေန႔မွာေတာ့ သန္းလႈိင္လက္ထဲ က်န္ေနတဲ့ ရဲခ်ဳပ္ နဲ႔ ျပည္ထဲေရးဒုဝန္ႀကီး တာဝန္ေတြကိုပါ စစ္ေခါင္း ေဆာင္ မင္းေအာင္လႈိင္က ထပ္မံ႐ုတ္သိမ္းၿပီး မူလစစ္ ဘက္တာဝန္ေတြကို ျပန္လည္ထမ္းေဆာင္ေစခဲ့ပါတယ္ သန္းလႈိင္အစား ရဲခ်ဳပ္နဲ႔ ျပည္ထဲေရး ဒုဝန္ႀကီးတာဝန္ကို ယခင္တြဲဖက္စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ ဇင္မင္းထက္ကိုေျပာင္းလဲတာဝန္ေပးခဲ့ပါတယ္
စစ္ေကာင္စီက ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ကို မူလစစ္ဘက္တာဝန္ေတြျပန္လည္ထမ္းေဆာင္ေစတယ္လို႔ အမိန႔္ ထုတ္ျပန္ခဲ့ေပမယ့္ သန္းလႈိင္ဟာ လက္ရွိရာထူး ၃ ခုလုံးက အနားေပးခံရၿပီးတဲ့ေနာက္ သီးျခား တာဝန္ မရွိေတာ့ဘဲ အရန္အင္အားကိုပို႔ေဆာင္တယ္လို႔လည္း သတင္းေတြထြက္ေပၚခဲ့ပါတယ္
ဧရာဝတီတိုင္းမ္သတင္းဌာနက စုံစမ္းသိရွိထားတဲ့ အခ်က္အလက္ေတြအရ ဒု-ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ စစ္ဘက္မွာ တာဝန္ေပးမခံရ႐ုံမကဘဲ ေနျပည္ေတာ္စစ္႐ုံးထဲက စစ္ဗိုလ္ခ်ဳပ္ေတြအမႈျဖစ္ရင္ထားရွိတဲ့ ဘုရင့္ေနာင္ရိပ္သာမွာ အက်ယ္ခ်ဳပ္ဘဝနဲ႔ ကာလအတန္ၾကာေနထိုင္ခဲ့ရၿပီး အမႈရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။ ဘယ္အမႈနဲ႔ ဘယ္လိုမ်ိဳးေဆာင္႐ြက္ခဲ့တယ္ဆိုတာေတာ့ စုံစမ္းလို႔မရခဲ့ပါဘူး
ႏိုဝင္ဘာလ ၁၇ ရက္ေန႔မွာ စစ္ေခါင္းေဆာင္ မင္းေအာင္ လႈိင္က ၎နဲ႔အတူ အာဏာသိမ္းမႈမွာ ပါဝင္ခဲ့တဲ့ သူ႔လက္ေအာက္ ဒုတိယစစ္ေခါင္းေဆာင္ စိုးဝင္းအပါအဝင္ ေနျပည္ေတာ္စစ္႐ုံးထဲက ဗိုလ္ခ်ဳပ္ႀကီး၊ ဒု-ဗိုလ္ခ်ဳပ္ႀကီး အဆင့္ရွိ စစ္ဗိုလ္ခ်ဳပ္ႀကီး ၃၀ နီးပါးကို စည္သူသဂၤဟ ဘြဲ႕တံဆိပ္ေတြ အသီးသီး ေပးအပ္ခဲ့ပါတယ္
အဲ့ဒီထဲမွာ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ)၊ ေရခ်ဳပ္၊ ေလခ်ဳပ္၊ ကစထ ၁ မွ ၆ အထိ ကစထမႉး၊ စစ္ ေထာက္ခ်ဳပ္၊ စစ္ရာထူးခန႔္ခ်ဳပ္၊ ေလေၾကာင္းရန္အရာရွိခ်ဳပ္၊ စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္၊ တပ္စစ္ေဆးေရးနဲ႔ စာရင္းစစ္ခ်ဳပ္၊ ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရးအရာရွိခ်ဳပ္ စတဲ့ လက္ရွိ စစ္အရာရွိခ်ဳပ္ေတြအားလုံးနီးပါး ပါဝင္ပါတယ္
ဒါ့အျပင္ စစ္ေကာင္စီတပ္ကေန အရန္အင္အားကိုပို႔ေဆာင္လိုက္တဲ့ ဒုဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္၊ လူေအး၊ ေအးဝင္း၊ ဝင္းဗိုလ္ရွိန္၊ မင္းႏိုင္ စတဲ့သူေတြအျပင္ မၾကာေသးမီကမွ အၿငိမ္းစားေပးၿပီး ႀကံ့ခိုင္ေရးပါတီကို ပို႔ေဆာင္လိုက္တဲ့ ယခင္ ကစထ ၄ မႉး ဒုဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးနဲ႔ စစ္ေရးခ်ဳပ္ေဟာင္း ဒုဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းတို႔လည္း ပါဝင္ပါတယ္
ဒါ့အျပင္ စစ္ေခါင္းေဆာင္မင္းေအာင္လႈိင္က လက္ရွိစစ္တိုင္းမႉးေတြျဖစ္တဲ့ စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ေနျပည္ေတာ္ စစ္႐ုံးက ဗိုလ္ခ်ဳပ္ေတြကိုလည္း ေဇယ်ေက်ာ္ထင္ဘြဲ႕အပါအဝင္ ဘြဲ႕အမ်ားအျပားကို ေဖာေဖာသီသီ ေပးအပ္ခဲ့တာျဖစ္ပါတယ္ မၾကာေသးခင္ကမွ ပုသိမ္ၿမိဳ႕အေျခ စိုက္ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ရာထူး ကေန ေနျပည္ေတာ္စစ္႐ုံးမွာ ကစထ ၂ မႉးအျဖစ္ အဆင့္တိုးျမႇင့္ခံလိုက္ရတဲ့ ဒု-ဗိုလ္ခ်ဳပ္ႀကီး ေအာင္ေအာင္ ကလြဲရင္ အာဏာသိမ္းမႈမွာအဓိကပါဝင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္အဆင့္နဲ႔အထက္ စစ္ဗိုလ္ခ်ဳပ္အားလုံးကို မင္းေအာင္လႈိင္က ဘြဲ႕တံဆိပ္ေတြေပးခဲ့တာပါ
ဒါေပမယ့္ စစ္ေကာင္စီက မူလစစ္ဘက္တာဝန္ျပန္လည္ထမ္းေဆာင္ေစတယ္ဆိုၿပီး ထုတ္ျပန္ထားတဲ့ အရန္ အင္အားကိုပို႔ေဆာင္ခံလို႔ရတယ္လို႔လည္း သတင္းထြက္ေပၚခဲ့တဲ့ ဒုဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ဟာ မင္းေအာင္လႈိင္ေပးအပ္တဲ့ စည္သူဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ခံရသူစာရင္းထဲ မပါဝင္ခဲ့ပါဘူး စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္နဲ႔ အာဏာအတူတူသိမ္းခဲ့တဲ့ ဒုဗိုလ္ခ်ဳပ္ႀကီးအဆင့္နဲ႔အထက္ အရာရွိႀကီးေတြစာရင္းမွာ သန္းလႈိင္တစ္ဦးထဲသာ ဘြဲ႕တံဆိပ္မရဘဲ က်န္ေနတာ ျဖစ္ပါတယ္ ႏိုဝင္ဘာလ ၁၈ ရက္ေန႔ ေန႔လည္ပိုင္း စစ္ေကာင္စီကျပဳ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာလည္း စစ္ေကာင္စီသတင္းထုတ္ျပန္ေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဘြဲ႕တံဆိပ္ေပးတာနဲ႔ပတ္သက္လို႔ ေပးသင့္ေပးထိုက္တဲ့သူေတြကို စိစစ္ေ႐ြးခ်ယ္ၿပီးေပးအပ္တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္
စစ္အာဏာသိမ္းမႈမွာ အဓိကက်တဲ့အခန္းအ႑ထဲမွာပါဝင္ခဲ့သူ၊ ရဲခ်ဳပ္နဲ႔ ျပည္ထဲေရးဒုဝန္ႀကီးစတဲ့ အေရးႀကီး တာဝန္ေတြ ထမ္းခဲ့သူ၊ လမ္းမေပၚက အၾကမ္းမဖက္ဆႏၵျပပြဲေတြကို က်ည္အစစ္နဲ႔ ရက္ရက္စက္စက္ ပစ္ခတ္ သတ္ျဖတ္ဖို႔ ေစခိုင္းခဲ့သူ၊ ညီအရင္းကို သတ္ပစ္ၿပီး စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္အေပၚ သစၥာရွိေၾကာင္း ျပသခဲ့သူ၊ အေလာင္းမင္းတရားစစ္ဆင္ေရးကို ဦးေဆာင္ၿပီး ႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး မင္းေအာင္လႈိင္ ခိုင္းသမွ် လုပ္ခဲ့သူ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သန္းလႈိင္ဟာ လက္ရွိမွာေတာ့ ဘြဲ႕တံဆိပ္မရတဲ့အျပင္ သတင္းအစအနပါ ေပ်ာက္ဆုံးေနပါတယ္
“စစ္အာဏာရွင္ေတြရဲ႕ထုံးစံကေတာ့ လိုအပ္တဲ့အခ်ိန္ သုံးမယ္။ မလိုရင္ ေခ်ာင္ထိုးမယ္ ဒါက ထုံးစံပါပဲသန္းလႈိင္က ရာထူးအာဏာအတြက္ မင္းေအာင္လႈိင္ခိုင္းသမွ် အကုန္လုပ္ၿပီး ဟိုက အသုံးမလိုတဲ့အခါ က်ေတာ့ ေခ်ာင္ထိုးပစ္လိုက္တာ ဒါေပမယ့္ ေခ်ာင္ထိုးထားလည္း တကယ္တမ္း ေတာ္လွန္ေရးေအာင္ျမင္လို႔ စစ္ရာဇဝတ္မႈေတြ စုံစမ္းစစ္ေဆးခ်ိန္က် သန္းလႈိင္က လြတ္ဖို႔မရွိဘူး က်ိန္းေသပါမယ့္သူပဲ အဲေတာ့ အခုလက္ရွိ မင္းေအာင္လႈိင္ခိုင္းသမွ်လုပ္ေနတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြလည္း သန္းလႈိင္လိုပဲ မင္းေအာင္လႈိင္ မလိုတဲ့ အခ်ိန္ ေခ်ာင္ထိုးခံရမယ္၊ ၿပီးရင္ စစ္ခုံ႐ုံးတက္ရမယ္ဆိုတာ သေဘာ ေပါက္ထားသင့္တယ္”လို႔ ႏိုင္ငံေရးေဆာင္းပါးမ်ား ေရး သားေနတဲ့ ေဆာင္းပါးရွင္ သံလက္သီးက ေျပာပါတယ္
Ayeyarwaddy_Times
မင်းအောင်လှိုင်အတွက် ညီအရင်းကိုသတ်ပေးခဲ့ပေမယ့် ဘွဲ့တံဆိပ်တစ်ခုတောင်မရဘဲ ချောင်ထိုးခံထားရဆဲ သန်းလှိုင် (သတင်းဆောင်းပါး)
ဟိန်းစံ/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်
ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင် ဆိုတာ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁ ရက်က အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုထဲမှာ ရဲချုပ်၊ ပြည်ထဲရေးဒုဝန်ကြီးနဲ့ စစ်ဆင်ရေးအတူးအဖွဲ့မှူးလို့ခေါ်တဲ့ အမှတ် ၆ ကစထမှူးစတဲ့ ကြီးမားတဲ့ရာထူး တာဝန်တွေကိုရယူခဲ့ပြီး မြန်မာပြည်သူလူထုအကြားမှာ နာမည် ဆိုး နဲ့ကျော်ကြားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ရဲချုပ်တာဝန်ရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင်ခိုင်းသမျှလုပ်ခဲ့သူလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်
စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်ခဲ့တဲ့ ပြည်သူလူထု သန်းနဲ့ချီပါဝင်တဲ့ လမ်းပေါ်က အကြမ်းမဖက် ဆန္ဒပြပွဲတွေကို အဲ့အချိန်က ရဲချုပ်တာဝန်ယူထားတဲ့ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်က ကျည်အစစ်တွေသုံးပြီး ရက်ရက်စက်က် ပစ်ခတ်ဖြိုခွင်းခိုင်းပြီး ပြည်သူတွေကို သတ်ခဲ့သူဖြစ်ပါတယ်
ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ တော်လှန်ရေးအင်အားစုတွေကို ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းတဲ့နေရာမှာ လက်မရွံ့တစ်ဦးဖြစ်သလို အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ ညီအရင်းဖြစ်သူ တော်လှန်ရေး သမား ကိုစိုးမိုးလှိုင် (ခ) မဲကြီးကို သူ့တပည့် စစ်သားနဲ့ရဲတွေက ဖမ်းဆီးနှိပ်စက်တာတောင် လက်ပိုက် ကြည့်နေခဲ့တဲ့ အထိ ညီအရင်းကို ပစ်ပယ်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် သစ္စာရှိခဲ့သူ ဖြစ်ပါတယ်
ရဲချုပ် သန်းလှိုင်ရဲ့ ညီအရင်းဖြစ်သူ ကိုစိုးမိုးလှိုင်(ခ) မဲကြီးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေး အကျဉ်း သားဟောင်းတစ်ဦးဖြစ်ပြီး ကျောင်းသားတပ်မတော် ABSDF ရဲဘော်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ တော်လှန် ရေးသမား ကိုစိုးမိုးလှိုင်(ခ) မဲကြီးကို သန်းလှိုင် လက်အောက်က ရဲတပ်ဖွဲ့က ၂ဝ၂၁ ခုနှစ် မေလမှာ ပဲခူးမြို့နယ်ထဲမှာ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးစခန်းမှာ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကိုစိုးမိုးလှိုင် ကျဆုံးခဲ့ရပါတယ်
အောက်ခြေ စစ်သားနဲ့ ရဲတွေက သန်းလှိုင်အမိန့်နဲ့ ဆောင် ရွက်သူတွေမို့ ကိုစိုးမိုးလှိုင်(ခ)မဲကြီးကို သတ်သူဟာ အစ်ကိုအရင်းဖြစ်တဲ့ သန်းလှိုင်လို့ ဆိုရမှာ ဖြစ်ပါတယ် သန်းလှိုင်ကတော့ ကိုယ့်ရာထူးအာဏာအတွက် ကိုယ့်ညီအရင်းကို ပြန်သတ်ပြီး မင်းအောင်လှိုင်ခိုင်းသမျှကို မိုက်မိုက်ကန်းကန်း ဆက်လုပ်ခဲ့သူ ဖြစ်ပါတယ်
စစ်ကိုင်းတိုင်းအတွင်းက ဒေသအသီးသီးမှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – PDF တွေ အားကောင်းလာပြီးတဲ့နောက် PDF တွေကို အပြီးတိုင်သုတ်သင်ရှင်းလင်းဖို့ စစ်ကောင်စီက အလောင်းမင်းတရားစစ်ဆင်ရေး ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ခဲ့ပါတယ် ဒီစစ်ဆင်ရေးကို ဦးဆောင်သူကလည်း ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်ပဲ ဖြစ်ပါတယ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကိုင်း တိုင်းထဲက PDF တွေ မကုန်မချင်း ပြန်မလာနဲ့လို့နှုတ်မိန့်နဲ့ သူ့ကို အထူးတာဝန် ပေးစေခိုင်းခဲ့တာလည်းဖြစ်ပါတယ်
မင်းအောင်လှိုင်ခိုင်းစေချက်နဲ့ သန်းလှိုင်ကလည်း စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို အင်အားသုံးပြီး တိုက်ခိုက်နှိမ်နင်းပါတော့တယ်။ဒီလိုနှိမ်နင်းရာမှာ စစ်တပ် ရဲ့လုပ်နေကျ ဖြတ် ၄ ဖြတ်ဗျူဟာအတိုင်း PDF ရှိတဲ့ရွာမှန်သမျှ မီးရှို့ဖျက်ဆီး၊ လုယက်သတ်ဖြတ်မှုတွေကို စစ်တပ်က အကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ် အလောင်းမင်းတရားစစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း သောင်းနဲ့ချီ မီးလောင်ပြာကျခဲ့သလို လူပေါင်းသိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်
အလောင်းမင်းတရားစစ်ဆင်ရေးစတင်ပြီး ၅ လကျော် အကြာ ဒီနှစ်မတ်လအတွင်းမှာတော့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ခေါင်းဆောင်က နေပြည်တော်ကိုပြန်လည်ခေါ်ဆောင်ခဲ့ပြီး သူ့ရဲ့လက်ရှိရာထူး ၃ ခုအနက်က ကစထ ၆ မှူး ရာထူးကိုရုတ်သိမ်းပြီး လက်ရှိ ကစထ ၆ ကစထမှူး ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦးကို အစားထိုးခန့်အပ်လိုက်ပါတယ်
“သန်းလှိုင်က စစ်ကိုင်းတိုင်းက PDF တွေကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ဘူးဆိုပြီး နေပြည်တော် ပြန်ခေါ်လိုက်တာ။ ပြီးတော့ စစ်ဘက်မှာဆို ကာချုပ်အထိ တက်လမ်းရှိနေတဲ့ ကစထမှူးရာထူးကို ဖြုတ်ပစ်လိုက်တဲ့အချိန်မှာ သန်းလှိုင် တော်တော်တင်းသွားတာ။ သူဒီလောက် သူ့ညီတစ်ယောက်လုံး သေတာတောင် ဂရုမစိုက်ဘဲ လုပ်ကိုင်ပေးခဲ့တာကိုအသိအမှတ်မပြုဘူးဆိုပြီးညစ်သွားတာပေါ့” လို့ နေပြည်တော်စစ်ရုံးနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့အကြား အကွဲအပြဲက ကစထမှူးရာထူး ပြုတ်ကတည်းက စတင်ခဲ့ပြီး အဲ့ရာထူးပြုတ်တဲ့နောက် သန်းလှိုင်က ရဲချုပ်ရာထူးနဲ့ ပြည်ထဲရေး ဒုဝန်ကြီး ရာထူးတွေကို ဖိဖိစီးစီး မလုပ်တော့ဘဲ အရက်တွေဘဲ ဖိသောက်နေခဲ့တယ်လို့ နေပြည်တော်စစ်ဘက် အသိုင်းအဝိုင်းက ဆိုပါတယ်
အဲ့ဒီကာလက စတင်ခဲ့ပြီး အဲ့ဒီနောက် ၁ လကျော်အကြာ မေလ ၂ ရက်နေ့မှာတော့ သန်းလှိုင်လက်ထဲ ကျန်နေတဲ့ ရဲချုပ် နဲ့ ပြည်ထဲရေးဒုဝန်ကြီး တာဝန်တွေကိုပါ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ထပ်မံရုတ်သိမ်းပြီး မူလစစ် ဘက်တာဝန်တွေကို ပြန်လည်ထမ်းဆောင်စေခဲ့ပါတယ် သန်းလှိုင်အစား ရဲချုပ်နဲ့ ပြည်ထဲရေး ဒုဝန်ကြီးတာဝန်ကို ယခင်တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်ကိုပြောင်းလဲတာဝန်ပေးခဲ့ပါတယ်
စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို မူလစစ်ဘက်တာဝန်တွေပြန်လည်ထမ်းဆောင်စေတယ်လို့ အမိန့် ထုတ်ပြန်ခဲ့ပေမယ့် သန်းလှိုင်ဟာ လက်ရှိရာထူး ၃ ခုလုံးက အနားပေးခံရပြီးတဲ့နောက် သီးခြား တာဝန် မရှိတော့ဘဲ အရန်အင်အားကိုပို့ဆောင်တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်
ဧရာဝတီတိုင်းမ်သတင်းဌာနက စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေအရ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ စစ်ဘက်မှာ တာဝန်ပေးမခံရရုံမကဘဲ နေပြည်တော်စစ်ရုံးထဲက စစ်ဗိုလ်ချုပ်တွေအမှုဖြစ်ရင်ထားရှိတဲ့ ဘုရင့်နောင်ရိပ်သာမှာ အကျယ်ချုပ်ဘဝနဲ့ ကာလအတန်ကြာနေထိုင်ခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဘယ်အမှုနဲ့ ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဆိုတာတော့ စုံစမ်းလို့မရခဲ့ပါဘူး
နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ၎င်းနဲ့အတူ အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ သူ့လက်အောက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် နေပြည်တော်စစ်ရုံးထဲက ဗိုလ်ချုပ်ကြီး၊ ဒု-ဗိုလ်ချုပ်ကြီး အဆင့်ရှိ စစ်ဗိုလ်ချုပ်ကြီး ၃၀ နီးပါးကို စည်သူသင်္ဂဟ ဘွဲ့တံဆိပ်တွေ အသီးသီး ပေးအပ်ခဲ့ပါတယ်
အဲ့ဒီထဲမှာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ရေချုပ်၊ လေချုပ်၊ ကစထ ၁ မှ ၆ အထိ ကစထမှူး၊ စစ် ထောက်ချုပ်၊ စစ်ရာထူးခန့်ချုပ်၊ လေကြောင်းရန်အရာရှိချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ တပ်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် စတဲ့ လက်ရှိ စစ်အရာရှိချုပ်တွေအားလုံးနီးပါး ပါဝင်ပါတယ်
ဒါ့အပြင် စစ်ကောင်စီတပ်ကနေ အရန်အင်အားကိုပို့ဆောင်လိုက်တဲ့ ဒုဗိုလ်ချုပ်ကြီး မင်းနောင်၊ လူအေး၊ အေးဝင်း၊ ဝင်းဗိုလ်ရှိန်၊ မင်းနိုင် စတဲ့သူတွေအပြင် မကြာသေးမီကမှ အငြိမ်းစားပေးပြီး ကြံ့ခိုင်ရေးပါတီကို ပို့ဆောင်လိုက်တဲ့ ယခင် ကစထ ၄ မှူး ဒုဗိုလ်ချုပ်ကြီး အောင်စိုးနဲ့ စစ်ရေးချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းတို့လည်း ပါဝင်ပါတယ်
ဒါ့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လက်ရှိစစ်တိုင်းမှူးတွေဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့နေပြည်တော် စစ်ရုံးက ဗိုလ်ချုပ်တွေကိုလည်း ဇေယျကျော်ထင်ဘွဲ့အပါအဝင် ဘွဲ့အများအပြားကို ဖောဖောသီသီ ပေးအပ်ခဲ့တာဖြစ်ပါတယ် မကြာသေးခင်ကမှ ပုသိမ်မြို့အခြေ စိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ရာထူး ကနေ နေပြည်တော်စစ်ရုံးမှာ ကစထ ၂ မှူးအဖြစ် အဆင့်တိုးမြှင့်ခံလိုက်ရတဲ့ ဒု-ဗိုလ်ချုပ်ကြီး အောင်အောင် ကလွဲရင် အာဏာသိမ်းမှုမှာအဓိကပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်အဆင့်နဲ့အထက် စစ်ဗိုလ်ချုပ်အားလုံးကို မင်းအောင်လှိုင်က ဘွဲ့တံဆိပ်တွေပေးခဲ့တာပါ
ဒါပေမယ့် စစ်ကောင်စီက မူလစစ်ဘက်တာဝန်ပြန်လည်ထမ်းဆောင်စေတယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ အရန် အင်အားကိုပို့ဆောင်ခံလို့ရတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ မင်းအောင်လှိုင်ပေးအပ်တဲ့ စည်သူဘွဲ့တံဆိပ် ချီးမြှင့်ခံရသူစာရင်းထဲ မပါဝင်ခဲ့ပါဘူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဏာအတူတူသိမ်းခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့်နဲ့အထက် အရာရှိကြီးတွေစာရင်းမှာ သန်းလှိုင်တစ်ဦးထဲသာ ဘွဲ့တံဆိပ်မရဘဲ ကျန်နေတာ ဖြစ်ပါတယ် နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်း စစ်ကောင်စီကပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘွဲ့တံဆိပ်ပေးတာနဲ့ပတ်သက်လို့ ပေးသင့်ပေးထိုက်တဲ့သူတွေကို စိစစ်ရွေးချယ်ပြီးပေးအပ်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်
စစ်အာဏာသိမ်းမှုမှာ အဓိကကျတဲ့အခန်းအဏ္ဍထဲမှာပါဝင်ခဲ့သူ၊ ရဲချုပ်နဲ့ ပြည်ထဲရေးဒုဝန်ကြီးစတဲ့ အရေးကြီး တာဝန်တွေ ထမ်းခဲ့သူ၊ လမ်းမပေါ်က အကြမ်းမဖက်ဆန္ဒပြပွဲတွေကို ကျည်အစစ်နဲ့ ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ဖို့ စေခိုင်းခဲ့သူ၊ ညီအရင်းကို သတ်ပစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် သစ္စာရှိကြောင်း ပြသခဲ့သူ၊ အလောင်းမင်းတရားစစ်ဆင်ရေးကို ဦးဆောင်ပြီး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး မင်းအောင်လှိုင် ခိုင်းသမျှ လုပ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သန်းလှိုင်ဟာ လက်ရှိမှာတော့ ဘွဲ့တံဆိပ်မရတဲ့အပြင် သတင်းအစအနပါ ပျောက်ဆုံးနေပါတယ်
“စစ်အာဏာရှင်တွေရဲ့ထုံးစံကတော့ လိုအပ်တဲ့အချိန် သုံးမယ်။ မလိုရင် ချောင်ထိုးမယ် ဒါက ထုံးစံပါပဲသန်းလှိုင်က ရာထူးအာဏာအတွက် မင်းအောင်လှိုင်ခိုင်းသမျှ အကုန်လုပ်ပြီး ဟိုက အသုံးမလိုတဲ့အခါ ကျတော့ ချောင်ထိုးပစ်လိုက်တာ ဒါပေမယ့် ချောင်ထိုးထားလည်း တကယ်တမ်း တော်လှန်ရေးအောင်မြင်လို့ စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးချိန်ကျ သန်းလှိုင်က လွတ်ဖို့မရှိဘူး ကျိန်းသေပါမယ့်သူပဲ အဲတော့ အခုလက်ရှိ မင်းအောင်လှိုင်ခိုင်းသမျှလုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေလည်း သန်းလှိုင်လိုပဲ မင်းအောင်လှိုင် မလိုတဲ့ အချိန် ချောင်ထိုးခံရမယ်၊ ပြီးရင် စစ်ခုံရုံးတက်ရမယ်ဆိုတာ သဘော ပေါက်ထားသင့်တယ်”လို့ နိုင်ငံရေးဆောင်းပါးများ ရေး သားနေတဲ့ ဆောင်းပါးရှင် သံလက်သီးက ပြောပါတယ်
Ayeyarwaddy_Times
crd