ချင်းတွင်းမြစ်တိုက်ပွဲကနေ ပြန်လာတဲ့PDFတွေကို ဒေသခံပြည်သူတွေ သပြေခက်နဲ့ကြိုဆို(ရုပ်သံ)

လူငယ့်ခေတ်

ဩဂုတ် ၇

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရေယာဉ်အုပ်စုကို ကနီနဲ့ချိုင်အကြား ပွတ်လုံးဒေသမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဒေသခံပြည်သူတွေက ဒီကနေ့မှာ သပြေခက်တွေနဲ့ကြိုဆိုခဲ့ကြပါတယ်။

အကြမ်းဖက်စစ်တပ်ရေယာဉ်သုံးစီးကို တိုက်ခိုက်လာခဲ့တဲ့ ပြည်သူ့ရဲဘော်PDF တွေကို ဒေသခံမိဘပြည်သူတွေက အောင်ပန်းတွေ၊မုန့်ပဲသရေစာတွေ နဲ့ အားပေးကြိုဆိုခဲ့ကြတယ်လို့ စစ်ကျွန်မခံမြွေဆိုးတသိုက် (ရွှေတြိဂံတပ်ခွဲ-၄) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ချင်းတွင်းမြစ် တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၅ယောက်ဒဏ်ရာရခဲ့ကာ ရေယာဉ်တစီးအင်ဂျင်ပိုင်းချို့ယွင်းခဲ့ကြောင်း သိရပါတယ်။

ဩဂုတ်လ၆ရက်နေ့က ချင်းတွင်းမြစ်ကြောင်း တိုက်ပွဲကို GoldenTriangleForce(GTF) ၊ MPDFတပ်ခွဲသံမဏိForce ၊ YoungRangersForce ၊ IRF ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း ၇၀၃ တပ်ခွဲ နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လဲ သိရပါတယ်။

Video-စစ်ကျွန်မခံမြွေဆိုးတသိုက်


လူငယ့်ခေတ်

ဩဂုတ် ၇






crd

Leave a Reply

Your email address will not be published. Required fields are marked *