၁၅ ကျပ်တန်နောက်ကျောက ထူးဆန်းအံ့ဩဖွယ်ရာ အရုပ်အကြောင်း

“ကျွန်တော်ပျောက်နေသော ၁၅ ကျပ်တန်”၊ ၁၉၈၆ ခုနှစ်မှာ ၁၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန်များကို ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုကာ

ထုတ်ဝေခဲ့သော်လည်း ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန်များကို သခင်ဖိုးလှကြီးနှင့် ဆရာစံတို့၏ ပုံများကို အသုံးပြုထုတ်ဝေခဲ့တာကို တွေ့ရပါတယ်။

ဒါပေမယ့် ကျွန်တော်စိတ်ဝင်စားတာက ၁၅ ကျပ်တန်တွေကို ပြန်ရုတ်သိမ်းတာမျိုး မရှိခဲ့ပါဘူး။

ဒါ့အပြင် ဝီကီပီးဒီးယားမှာလည်း ၁၅ ကျပ်တန်ကို ထုတ်ဝေ/ရုတ်သိမ်းတဲ့ခုနှစ်ကို ကျွန်တော်ရှာမတွေ့ပါဘူး။

၁၅ ကျပ်တန်ရဲ့ ပုံကိုလည်း မတွေ့ရပြန်ပါဘူး။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ၁၅ ကျပ်တန်ရဲ့ နောက်ကျောဘက်က ရုပ်တုပုံပါ။

တွေ့ဖူးသလိုတော့ရှိပေမယ့် တကယ်စဉ်းစားပုံဖော်ကြည့်မှ ၁၅ ကျပ်တန်ပုံကို မျက်စိထဲ မြင်မိရုံပါပဲ။

ကျွန်တော်တို့ငယ်ငယ်က ၁ ကျပ်တန် ၅ ကျပ်တန် ၁၀ တန် စသဖြင့် ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံတို့ ဆရာစံပုံတို့ မြင်ဖူးကြမှာပါ။ အဲဒီခေတ်က

ထုတ်တဲ့ ၁၅ ကျပ်တန်မှာ ရှေ့မှာက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ နောက်ကျောဖက်မှာက ရုပ်တုတစ်ခုပုံပါပါတယ်။ ရုပ်တုနာမည်ကဘာလဲဆိုတာတော့ မသိပါဘူး။

ဒါပေမဲ့ အလွန်ကြာခဲ့ပြီဖြစ်တဲ့ အဲဒီ ၁၅ ကျပ်တန်ငွေစက္ကူထဲက ရှေးဟောင်းရုပ်တုဟာ အပြင်မှာတကယ်ရှိပါတယ်။

အဲဒီရုပ်တု တည်ရှိရာနေရာကတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ဟောင်းက ထန်းတပင်ကျောင်းဝင်း အတွင်းမှာ ရှိတာလို့ သိရပါတယ်။

ဒီရုပ်တုကို လေ့လာခြင်းအားဖြင့် ခေတ်ကာလအခြေအနေတွေနဲ့ တိုင်း / နိုင်ငံအကျယ်အဝန်းကို သိရှိနိုင်မှာ ဖြစ်ပြီးတော့ ခေတ်ဟောင်းမြန်မာ့သမိုင်းကိုလည်း

လေ့လာရာမှာ ဒီရုပ်တုက တစ်ထောင့်တစ်နေရာက ပါဝင်ကူညီနိုင်မယ်လို့ မူရင်းပို့စ်ပိုင်ရှင်က ဆိုထားပါတယ်။

ဒါကြောင့် အရင်တုန်းက ၁၅ ကျပ်တန်မှာပါတဲ့ ရှေးဟောင်းရုပ်တုကို အပြင်မှာလည်း မြင်ဖူးနိုင်အောင်နဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်အောင်

ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ကျန်းမာ ချမ်းသာကြပါစေ။ (ရဲဝင်းထွဋ်)

Crd

Leave a Reply

Your email address will not be published. Required fields are marked *