မုံ႐ြာ – ေခ်ာင္းဦးလမ္းမွာ စကစေတြ ပါတဲ့ အိမ္စီးကားကို ပေဒသာမိုင္းနဲ႔ ေဖာက္ခြဲ၊
MFP ၊ ႏိုဝင္ဘာ – ၁၈
စစ္ကိုင္းတိုင္း ေခ်ာင္းဦးၿမိဳ႕နယ္၊ မုံ႐ြာ – ေခ်ာင္းဦးလမ္းမွာ စစ္ေကာင္စီ သစၥာခံ ေခ်ာင္းဦးစခန္းမႉး လိုက္ပါလာတဲ့ အိမ္စီးကားကို ပေဒသာမိုင္း သုံးလုံးနဲ႔ ေဖာက္ခြဲခဲ့ရာ စကစေတြ အေသအေပ်ာက္ ရွိႏိုင္တယ္လို႔ Brave Heart Army – BHA က သတင္း ထုတ္ျပန္ပါတယ္
ဒီေန႔ ႏိုဝင္ဘာ(၁၈)ရက္ ေန႔လည္(၁၂)နာရီဝန္းက်င္က ေခ်ာင္းဦးရဲစခန္းမႉး လိုက္ပါလာတဲ့ မတ္တူးအမ်ိဳးအစား အိမ္စီးကားကို ပေဒသာမိုင္းနဲ႔ ေဖာက္ခြဲ ခဲ့တာျဖစ္ၿပီး ကားပ်က္စီးကာ စကစေတြ အေသအေပ်ာက္ ရွိႏိုင္တယ္လို႔ ဆိုပါတယ္
“ေခ်ာင္းဉီးရဲစခန္းမွ စခန္းမႉး လိုက္ပါလာေသာ Mark2 ကားတစ္စီးကို မုံ႐ြာ – ေခ်ာင္းဉီးလမ္းပိုင္း တစ္ေနရာ၌ ပေဒသာမိုင္း သုံးလုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ပါသည္
ကားပ်က္စီးမႈ ရွိၿပီး မုန္႔ဟင္းခါးပြဲမ်ားလည္း ေသခ်ာေပါက္ ထြက္ရွိမည္ျဖစ္ေၾကာင္း မိဘျပည္သူမ်ား သိရွိေစရန္ တင္ျပအပ္ပါသည္။ စစ္မွန္ေသာ ဖယ္ဒရယ္ဒီမိုကေရစီ ႏိုင္ငံေတာ္ ေပၚေပါက္လာသည္အထိ ဆက္လက္ တိုက္ပြဲဝင္သြားမည္” လို႔ BHA က ေဖာ္ျပပါတယ္
ေခ်ာင္းဦးစခန္းမႉး အပါအဝင္ ေခ်ာင္းဦးက စစ္ေကာင္စီ သစၥာခံ ရဲႏွင့္ လက္နက္ကိုင္ေတြကို ျပည္သူကို ဖမ္းဆီးေငြညႇစ္၊ ရန္ျပဳေသာင္းက်န္း သတ္ျဖတ္ေနတာ ျဖစ္ပါတယ္
မုံရွာ – ချောင်းဦးလမ်းမှာ စကစတွေ ပါတဲ့ အိမ်စီးကားကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ၊
MFP ၊ နိုဝင်ဘာ – ၁၈
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းမှာ စစ်ကောင်စီ သစ္စာခံ ချောင်းဦးစခန်းမှူး လိုက်ပါလာတဲ့ အိမ်စီးကားကို ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲခဲ့ရာ စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ Brave Heart Army – BHA က သတင်း ထုတ်ပြန်ပါတယ်
ဒီနေ့ နိုဝင်ဘာ(၁၈)ရက် နေ့လည်(၁၂)နာရီဝန်းကျင်က ချောင်းဦးရဲစခန်းမှူး လိုက်ပါလာတဲ့ မတ်တူးအမျိုးအစား အိမ်စီးကားကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ ခဲ့တာဖြစ်ပြီး ကားပျက်စီးကာ စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ ဆိုပါတယ်
“ချောင်းဉီးရဲစခန်းမှ စခန်းမှူး လိုက်ပါလာသော Mark2 ကားတစ်စီးကို မုံရွာ – ချောင်းဉီးလမ်းပိုင်း တစ်နေရာ၌ ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသည်
ကားပျက်စီးမှု ရှိပြီး မုန့်ဟင်းခါးပွဲများလည်း သေချာပေါက် ထွက်ရှိမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိစေရန် တင်ပြအပ်ပါသည်။ စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် ပေါ်ပေါက်လာသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်” လို့ BHA က ဖော်ပြပါတယ်
ချောင်းဦးစခန်းမှူး အပါအဝင် ချောင်းဦးက စစ်ကောင်စီ သစ္စာခံ ရဲနှင့် လက်နက်ကိုင်တွေကို ပြည်သူကို ဖမ်းဆီးငွေညှစ်၊ ရန်ပြုသောင်းကျန်း သတ်ဖြတ်နေတာ ဖြစ်ပါတယ်
crd