မူးယစ်ရမ်းကားသူကို စစ်တပ်က သေနတ်နဲ့ပစ်ခဲ့ရာ စစ်မှုထမ်းဟောင်းဖြစ်နေလို့ ဆေးကုပေးခဲ့သော်လည်း သေဆုံး
စလင်း၊ နိုဝင်ဘာ ၁၇၊ ၂၀၂၂။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကန်တော်ကျေးရွာက စစ်မှုထမ်းဟောင်း ၁ ဦး နိုဝင်ဘာ လ ၁၄ ရက် ည ၁၀ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရတဲ့သူဟာ ကန်တော်ရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်းဖြစ်သူ ဦးစန်းမောင်ဖြစ်ပြီး မနေ့ညက သူ့ရဲ့ နေအိမ်မှာ မူးပြီးသောင်းကျန်းနေလို့ အဲ့ဒီရွာအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်ကိုခေါ်ဆောင်ဖမ်းဆီးခိုင်းရာကနေ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်မှုထမ်းဟောင်းမှန်းသိသွားခဲ့လို့ မကွေးမြို့၊ အမှတ် ၁၆ တပ်မတော် ဆေးရုံ(ကုတင် ၁၀၀) တဆရ(၁၆/၁၀၀) စစ်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
”မနေ့ညက ဦးစန်းမောင်က သူ့အိမ်မှာမူးပြီးသောင်းကျန်းနေတာ၊ ဦးစန်းမောင်က စစ်သားလူထွက်။ အဲ့တာကို အုပ်ကြီးက ထိန်းမနိုင်လို့ဆိုပြီး စစ်တပ်ကိုခေါ်ပြီးဖမ်းခိုင်းတာ။ စစ်ကောင်စီတပ်က သူ့(ဦးစန်းမောင်) ကို သေနတ်နဲ့ ၃ ချက်ပစ်ဖမ်းတာ။ နောက်မှ သူကစစ်ထွက်မှန်းသိသွားလို့ မကွေးစစ်ဆေးရုံကိုပို့တာ မရတော့ဘူး သေသွားတယ်” လို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဦးစန်းမောင်ကို PDF တွေဘက်က ပစ်ခတ်လို့သေဆုံး ခဲ့တယ်လို့ ဝါဒဖြန့်ဖော်ပြထားတာကို တွေ့ရပါတယ်။
အဲ့ဒီလိုဖော်ပြနေတာနဲ့ပတ်သက်ပြီး ပွင့်ဖြူ၊ စလင်းနဲ့ ဆင်ဖြူကျွန်းဒေသတဝိုက်အခြေပြုလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့မဟာမိတ်အဖွဲ့တွေအနေနဲ့ စစ်ရေးပစ်မှတ် မဟုတ်တဲ့မသက်ဆိုင်သူတွေကို တိုက်ခိုက်တာမျိုးလုပ်ဆောင်မှာမဟုတ်ဘဲ အခုဖြစ် စဉ်နဲ့ပတ်သက်လို့ အခင်းဖြစ်ပွားတာကိုတော့ သိရှိထားပြီး သူတို့မစ်ရှင်လုပ်ဆောင်တာမျိုးမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မြေလတ်အသံ

crd