လွတ်လာတဲ့ ကိုမြအေး၊ ဒေါက်တာမျိုးညွန့်နဲ့ စာရေးဆရာမောင်သာချိုတို့ ဘာပြောလဲ

အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ NLD ပါတီပြောရေးဆိုခွင့်ရှိသူ

ဒေါက်တာမျိုးညွန့်၊ စာရေးဆရာမောင်သာချို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မွန်းလွဲပိုင်းမှာ အင်းစိန်အကျဥ်းထောင်ကနေပြန်လညလွတ်မြောက်လာပါတယ်။ ပြန်လည်လွတ်မြောက်လာချင်း ၄င်းတို့ရဲ့ပြောကြားချက်တွေကို ဘီဘီစီက စုစည်းဖော်ပြလိုက်ပါတယ်

ဘီဘီစီမြန်မာပိုင်း

အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာမောင်သာချို၊ NLD ပါတီရဲ့ပြောရးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မွန်းလွဲပိုင်းမှာ အင်းစိန်အကျဉ်းထောင်ကနေပြန်လည်လွတ်မြောက်လာပါတယ်။

စာရေးဆရာမောင်သာချိုကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ပုဒ်မ ၅၀၅-က နဲ့ထောင်နှစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုမြအေးကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တုန်းက တရုတ်နိုင်ငံသားတစ်ဦးထံ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ဂ နဲ့ စစ်ကောင်စီက အမှုဖွင့်တရားစွဲခဲ့ကာထောင် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာမျိုးညွန့်ကိုလည်း ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်နှစ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့လွတ်မြောက်လာသူတွေထဲမှာ ရွှေညဝါဆရာတော်လည်း ပါဝင်သလို NLD လက်ထက် ရန်ကုန်တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ NLD ပါတီက တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးလည်း ပါဝင်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြန်လွတ်မြောက်လာတဲ့မြင်ကွင်း (မြန်မာပြည်သူတွေနဲ့ အမြဲတမ်းအတူတူရှိတယ်လို့ပြော)

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ပြန်လွတ်မြောက်လာတဲ့ အချိန်မှာတော့ မြန်မာပြည်သူတွေနဲ့ အမြဲတမ်းအတူတူရှိတဲ့ အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

ကိုမြအေးဟာဆိုရင် စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက အကြောင်းပြချက်မဲ့ ဖမ်းဆီးခံလိုက်ရသူတွေထဲက တဦးဖြစ်ပြီး အကျဉ်းထောင်ထဲမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားမှုကို ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။

ဖမ်းဆီးသွားပြီးတဲ့နောက်မှာလည်း စစ်ကောင်စီက သူရဲ့လက်ကိုင်ဖုန်းထဲမှာရှိနေတဲ့ လွန်ခဲ့တဲ့ ၇ နှစ်ကအီးမေးလ်ကို အကြောင်းပြပြီး ဥပဒေပုဒ်မ ၅၀၅(ဂ) နဲ့တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပြီး ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်မြောက်လာတာ ဖြစ်ပါတယ်

Zawgyi

crd

Leave a Reply

Your email address will not be published. Required fields are marked *