အမြင့်ဆုံးဘွဲ့တွေ ယူပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ် အပေါင်းအပါတွေကို ဘွဲ့ပေး၊ဇော်မင်းထွန်းက ဇေယျကျော်ထင်ဘွဲ့ရ၊
MFP ၊ ႏိုဝင္ဘာ – ၁၇
နိုင်ငံတော်အဆင့် အမြင့်ဆုံးဘွဲ့တွေ ရယူထားပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ်မှာ ကိုယ်တိုင် ဘွဲ့မယူတော့ဘဲ စိုးဝင်း အပါအဝင် အပေါင်းအပါတွေနှင့် စစ်ကောင်စီ ဝင်တွေကို ဘွဲ့ပေးတယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။
ပြီးခဲ့တဲ့ အစိုးရတွေ လက်ထက်မှာ နိုင်ငံတော်အဆင့် ဘွဲ့တွေ၊ ဆုတံဆိပ်တွေကို နှစ်စဉ် လွတ်လပ်ရေးနေ့မှာ သမ္မတက ပေးအပ်ချီးမြှင့်လေး ရှိပေမယ့် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကတော့ ဒီနေ့ ကျရောက်တဲ့ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် သူတို့ရဲ့ အပေါင်းအပါတွေနဲ့ သူတို့ကို ထောက်ခံသူတွေကို ဘွဲ့ပေးတာ ဖြစ်ပါတယ်။
ဒီနေ့ စစ်အုပ်စုက ပေးအပ်တဲ့ ဘွဲ့တွေ၊ ဆုတံဆိပ်တွေဟာ မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူဘွဲ့ (၄၁)ဦး၊ သီရိပျံချီဘွဲ့ (၄၅)ဦးနဲ့ စစ်မှုထမ်းတွေကိုပေးတဲ့ ဇေယျကျော်ထင်ဘွဲ့ (၁၉)ဦး ပေးအပ်တယ်လို့ နာမည်စာရင်းနဲ့တကွ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ဒု-ခေါင်းဆောင် စိုးဝင်းကို မဟာသရေစည်သူဘွဲ့ ပေးပြီး မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင် (၁၃) ဦးကို စည်သူဘွဲ့ ပေးပါတယ်။ စစ်အုပ်စုက စည်သူဘွဲ့ပေးတဲ့အထဲ ကွယ်လွန်ပြီးဖြစ်တဲ့ စာရေးဆရာ မင်းသုဝဏ်နဲ့ ဇော်ဂျီတို့လည်း ပါဝင်ပြီး သတင်းစာဆရာ ဟံသာဝတီဦးအုန်းကြိုင်ကိုလည်း စစ်အုပ်စုက စည်သူဘွဲ့ ပေးအပ်ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ် အပါအဝင် စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီ ဥက္ကဌ အပါအဝင် ပြည်နယ်နဲ့ တိုင်းက ဝန်ကြီးချုပ်တွေ၊ ဘာသာရေးအသင်းအဖွဲ့ အကြီးအကဲတွေကိုလည်း စစ်အုပ်စုက သီရိပျံချီဘွဲ့ ပေးပြီး သတင်းစာဆရာ ဖိုးသောကြာ(ခေတ်+မိုး) ကိုလည်း သီရိပျံချီဘွဲ့ ပေးပါတယ်။
စစ်မှုထမ်းတွေကို ပေးတဲ့ ဇေယျကျော်ထင်ဘွဲ့ရ စာရင်းမှာတော့ စစ်ကောင်စီကို သစ္စာခံတဲ့ စစ်တိုင်းမှူးတွေ အားလုံးအပြင် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီးအဖြစ် လုပ်ကိုင်နေတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဇေယျကျော်ထင်ဘွဲ့ ပေးအပ်တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
အမြင့်ဆုံးဘွဲ့တွေ ယူပြီးဖြစ်တဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ် အပေါင်းအပါတွေကို ဘွဲ့ပေး၊ဇော်မင်းထွန်းက ဇေယျကျော်ထင်ဘွဲ့ရ၊
MFP ၊ နိုဝင်ဘာ – ၁၇

crd