ပြန်လွှတ်ပေးတာထဲ နိုင်ငံရေးသမားနည်းနည်း…ခိုး-ဆိုး-လု-နှို-က် များများရောလွတ်တာ သတိထားရမယ်
စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၅,၇၀၀ ကျော်အနက် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲထောင်ချခံရသူ ၇၀၀ ခန့်သာပါဝင်
မဲခေါင်၊ နိုဝင်ဘာ ၁၇
နိုင်ငံ အနှံ့အပြားမှာရှိတဲ့ အကျဉ်းထောင်တွေကနေ ဒီကနေ့ မနက်ပိုင်းက စတင်ပြီး အကျဉ်းကျခံနေရသူ ၅,၇၇၄ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးရာမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲဆို ထောင်ကျခံနေရသူ ၇၀၀ ဝန်းကျင်သာ ပါတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ရထားတဲ့ စာရင်းအရတော့ နိုင်ငံရေး ပုဒ်မသမားက ၇၀၀ ဝန်းကျင်ပဲ ပါတယ်။ ကျန်တာကတော့ ဆေးမှု၊ လုယက်၊ လူသတ်မှု အဲဒီလို ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေတဲ့ သူတွေပါပဲ။ အသေးစိတ် စာရင်းကတော့ ပြုစုနေတုန်းပဲ” လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
စစ်ကောင်စီက ဒီကနေ့မှာ ဩစတေးလျစီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ် ၊ ဗြိတိန် သံအမတ်ဟာင် မစ္စဗစ်ကီဘိုမင်း၊ ဂျပန် ဒါရိုက်တာ မစ္စတာတိုရိုကူဘိုတာ ၊ အမေရိကန် နိုင်ငံသား ကျော်ဌေးဦးနဲ့ မစ္စဗစ်ကီဘိုမင်းရဲ့ အမျိုးသား ပန်းချီထိန်လင်း တို့ကို ပြန်လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲ ခံထားရတဲ့ အနုပညာရှင် ဘုန်းသိုက်၊ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ စုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာ တို့ ၁၁ ဦးလည်း ပါဝင်ပါတယ်။
MeKongNews

crd