စာရေးဆရာအကြည်တော်ရဲ့ အုတ်ဂူပေါ်က အငြင်းပွားဖွယ်ဖြစ်နေတဲ့ အချက်တစ်ချက်

ပြည်သူ့ အချစ်တော် နိုင်ငံကျော် စာရေးဆရာ အကြည်တော်ရဲ့ အုတ်ဂူ အပြီးသတ် ပြီးဆုံးသွား၍ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ

ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်နှံ ခဲ့တယ်လို့ သိရပါတယ်။

ဆရာ အကြည်တော် လဲလျောင်းရာ အုတ်ဂူကို ရိုးရိုးရှင်းရှင်း ပုံစံနဲ့ တည်ဆောက်ထားပြီး ဆရာ့ရဲ့ နာမည်ကျော် စကားတခု ဖြစ်တဲ့

“ဒုက္ခဆိုတာ နောင်တချိန် ဖြစ်လာမယ့် ဟာသပါ” ဆိုတဲ့ စကားကို ရေးထိုးထားပါတယ်။

ဆရာ့ရဲ့ နာမည်ကျော် စကားဟာ မှန်ပေမယ့် အုတ်ဂူမှာ ရေးထိုးပေးတဲ့သူကတော့ သတ်ပုံမှားနေခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာစာမှာ “မဲ့” နဲ့ “မယ့်” စကားလုံးတွေဟာ အသံထွက်ပုံ တူပေမယ့် သုံးတဲ့ အကြောင်းအရာတွေ မတူပါဘူး။

“မဲ့” ဆိုတဲ့ စကားလုံးကို ကင်းမဲ့။ ဒါပေမဲ့၊ -က်နက်မဲ့၊ အပြစ်မဲ့၊ ပြောချင်ပေမဲ့ စတဲ့ အငြင်းသဘောတွေမှာ သုံးလေ့ ရှိပြီး “မယ့်” ဆိုတဲ့ စကားလုံးကို

လာမယ့်နှစ်၊ တောက်မယ့်မီးခဲ့၊ မင်းပြန်လာမယ့်နေ့ စတဲ့ အချိန်ပြ သဘောတွေမှာ သုံးလေ့ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် တိကျတဲ့ အသုံးအနှုန်း မဟုတ်ဘဲ မြန်မာစာမှာ အငြင်းအခုန်တွေ ဖြစ်နေကြပါသေးတယ်။

“မယ့်” ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာ့ရေးထုံးမှာ မရှိဘဲ “မဲ့” ဆိုတဲ့ အသုံးအနှုန်းပဲ ရှိတယ်လို့ မြန်မာစာအဖွဲ့က ပြဌာန်းထားပေမယ့်လည်း

လတ်တလောမှာ အချိန်ပြသဘောတွေကို “မယ့်” နဲ့ပဲ အများဆုံး အသုံးပြုနေကြပါတယ်။

အများပြည်သူ တိတိကျကျ သေသေချာချာ သိစေဖို့ တတ်ကျွမ်းနားလည်တဲ့ မြန်မာစာ ပညာရှင်တွေအနေနဲ့ ပြည်သူကို ရှင်းလင်းတင်ပြသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Credit – Nainglinn.com

Zawgyi Version ဖြင့်ဖတ်ရန်

Leave a Reply

Your email address will not be published. Required fields are marked *