ကိုယ်လုံးတီးနဲ့ အိပ်ပါက ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူး (၈) ခု…
လူတော်တော်များများဟာ ကိုယ့်ကို သက်သောင့်သက်သာ အဖြစ်စေဆုံး ၊ အလွတ်လပ်ဆုံး အိပ်ရာထဲမှာတောင် ကိုယ်လုံးတီး ချွတ်အိပ်ဖို့ ဝန်လေးကြပါတယ်။
အရှက်တရားနဲ့ တားမြစ်ထားတဲ့ အရာဟာ တစ်သက်လုံး အရိုးစွဲနေတဲ့ သဘောပါပဲ ။
ယခုအခါ ညဘက်အိပ်တဲ့အချိန် ကိုယ်လုံးတီး ချွတ်ပြီးအိပ်ရင် ရရှိလာမယ့် အကျိုးကျေးဇူး များစွာကို တွေ့ရှိထားကြပြီ ဖြစ်ပါတယ် ။
ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မလည်း ဆိုတာကို သိရှိဖို့ အောက်မှာ ဆက်လက် ဖတ်ကြည့်လိုက်ပါနော်။
(၁) ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း
ကိုယ်လုံးတီး ချွတ်အိပ်ခြင်းအားဖြင့် အရေပြားရဲ့ အပူချိန်ကို လျော့ကျစေလို့ ပိုမို နှစ်ခြိုက်စွာ အိပ်မော ကျစေနိုင်ပါတယ်။
(၂) လွတ်လပ်ပေါ့ပါးမှု ရစေခြင်း
ဒီလိုမျိုး အဝတ်မပါဘဲ ညဘက် အိပ်နေကျ မဟုတ်တဲ့ သူတွေတောင်မှ ပေါ့ပေါ့ပါးပါး ၊ လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားနိုင်တဲ့ ခံစားချက်ကို အကြိုက် တွေ့မိပါလိမ့်မယ်။
(၃) အသားအရေနဲ့ ဆံပင်အလှအတွက် ကောင်းကျိုးရစေခြင်း
ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်ခြင်းဟာ မီလာတိုနင် (melatonin) ဆိုတဲ့ ဓာတ်နဲ့ ဟော်မုန်းတွေကို ပိုမိုထုတ်လွှတ် ပေးနိုင်ပါတယ်။
အသားအရေကို အပူချိန် မြင့်တက်လာစေခြင်းက ကာကွယ်ပေးတဲ့အတွက် အရေပြားဆဲလ်များအတွက် လေဝင်လေထွက် ကောင်းစေပြီး အဆီဂလင်းတွေကို အကျိုး ပြုစေပါတယ်။
(၄) ဝိတ်ကျစေပြီး ကြွက်သားများ ကြီးထွားလာစေခြင်း
ကိုယ်လုံးတီး အိပ်စက်ခြင်းဟာ HGH လို့ခေါ်တဲ့ ဟော်မုန်း ထွက်စေခြင်းကြောင့် ကြွက်သားများကို သန်မာ ထွားကျိုင်းစေကာ အဆီများကို လောင်ကျွမ်းစေတဲ့ ဖြစ်စဉ်မှာလည်း ပါဝင်ဆောင်ရွက်ပါတယ်။
(၅) စိတ်ဖိစီးမှု လျော့နည်းစေခြင်း
သင့်တင့်တဲ့ အခန်း အပူအချိန်မှာ ကိုယ်လုံးတီး အိပ်စက်ခြင်းအားဖြင့် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ကော်တစ်ဆော (cortisol) ဟော်မုန်းတွေကို လျော့ကျစေနိုင်ပါတယ်။
(၆) မိမိကိုယ်ကို ယုံကြည်မှုပိုရှိစေခြင်း
မိမိဘာသာ တစ်ယောက်တည်း ကိုယ်လုံးတီး ချွတ်အိပ်ချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုကို ခံစားရတဲ့အခါ အဝတ်တွေ ဝတ်ဆင်ပြီး အပြင်သွားတဲ့ အခါမှာလည်း ယုံကြည်မှု ရှိနေမှာ ဖြစ်ပါတယ်။
(၇) သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း
သက်သောင့်သက်သာ အဖြစ်ဆုံးပါဆိုတဲ့ အတွင်းခံများမှာတောင် သွေးကြောမျှင်လေးတွေကို ပိတ်ဆို့ထားစေနိုင်လို့ သွေးလည်ပတ်မှုကို နှောင့်ယှက် ဟန့်တားစေပါတယ်။
(၈) ညဘက်အိပ်မပျော်ခြင်းကို ကုစားနိုင်ခြင်း
ညဘက် အိပ်မပျော်တဲ့ ဝေဒနာ ခံစားနေရသူများကို ကိုယ်လုံးတီး အိပ်စက်ကြည့်ဖို့ ဆရာဝန်များက အကြံပေးလေ့ရှိတဲ့ အတွက် ညဘက် မျက်လုံးကြောင်နေမှာ ပူစရာမလိုတော့ပါဘူး။
ကဲ ဒါဆိုရင်တော့ ကိုယ်လုံးတီး ချွတ်အိပ်ခြင်းရဲ့ ကောင်းကျိုးတွေကို သိပြီးပြီဖြစ်လို့ သူငယ်ချင်းတို့ရော စမ်းအိပ်ကြည့်ဖို့ အဆင်သင့် ဖြစ်ပြီလား ဘော်ဒါတို့ရေ….
Source – Shwemom