တားမြစ်ဆေးကိစ္စကြောင့် အောင်လကိုဘစ်ဒက်ရှ်အနိုင်ရခဲ့တဲ့ ဖြစ်နိုင်ခြေအကြောင်းရင်း
အောင်လနဲ့ဘစ်ဒက်ရှ်တို့နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာ ဘစ်ဒက်ရှ်အနေနဲ့ တားမြစ်ဆေးကိစ္စနဲ့ ဆက်စပ်နေနိုင်ပါတယ်။ အောင်လကတော့ The Allstar Media နဲ့အင်တာဗျူးမှာ «အခုဆိုရင် One Championship ဘက်ကတားမြစ်ဆေးကိစ္စတွေကို သေချာအလေးပေးစစ်ဆေးလာပါပြီ။ အဲ့လို လုပ်ဆောင်လာတာမျိုးကိုကြိုဆိုပါတယ်။ဒါမှလဲဖိုက်တာတွေအကြား ထိုးသတ်တဲ့အခါ တရားမျှတမှုရှိမှာပါ။အဲ့လို တားမြစ်ဆေး ကန့်သန့်ချက်တွေကို ကျွန်တော်နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲနေ့ကတည်းက လုပ်ခဲ့သင့်တာပါ» လို့ပြောကြားသွားခဲ့ပါတယ်။
အောင်လရဲ့ပြောကြားချက်အရ သူနောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲဟာ ဘစ်ဒက်ရှ်နဲ့ပွဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ဘစ်ဒက်ရှ်ရဲ့ဘော်ဒီကလဲ တော်တော်လေးကိုကြီးမားပြီးကျစ်လစ်နေတာပါ။ ဝိတ်ပိုလို့တောင်အောင်လကို သူ့ထိုးကြေးထဲကနေ ပိုက်ဆံခွဲပေးလိုက်ရပါသေးတယ်။
အဲ့ပွဲမှာ ကျွန်တော်တို့သတိထားမိခဲ့တာက အောင်လဟာ ပွဲစကတည်းကတိုက်စစ်ဖွင့်ထိုးတယ်။ ထိုးသတ်နေစဉ်အတွင်းမှာ အသက်ရှုသံတွေပြင်းပြီး သက်လုံတဖြည်းဖြည်းကျလာတာကိုတွေ့ရပါတယ်။ ဘစ်ဒက်ရှ်ဟာ အောင်လရဲ့ ထိထိမိမိထိုးချက်တွေကိုတောင့်ခံနိုင်ခဲ့တာ အံ့ဩစရာကောင်းပါတယ်။ ပြီးတော့ ဘစ်ဒက်ရှ်အနေနဲ့ အောင်လကို လှဲချပြသွားတာကတစ်ကယ်ကိုအားပါပြီး အောင်လအနေနဲ့ ပြန်ရုန်းထွက်ဖို့ခက်နေခဲ့ပါတယ်။
ဒီလိုခွန်အားနဲ့မာကျောမှုမျိုးဟာ တားမြစ်ဆေးကိစ္စနဲ့ဆက်စပ်နေနိုင်ပါတယ်။အခုလို တားမြစ်ဆေးတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးမှသာ ဖိုက်တာတွေအကြားမျှမျှတတဖြစ်မှာမလို့ ကြိုဆိုတယ်ဗျာ။
Photo Credit-One Championship
Source-The Allstar Media

crd