စာက ရိုင်းကောင်းရိုင်းပါလိမ့်မယ် မတတ်နိုင်ပါဘူး “မယားငယ်” တဲ့

စာက ရိုင်းကောင်းရိုင်းပါလိမ့်မယ် မတတ်နိုင်ပါဘူး “မယားငယ်” တဲ့

စာက ရိုင်းကောင်းရိုင်းပါလိမ့်မယ် မတတ်နိုင်ပါဘူး။

“မယားငယ္” တဲ့

အကြီးရှိလို့ အငယ်ဖြစ်တာလား ငယ်ငယ်လေးမို့ ခေါ်တာလား စိတ်ဝင်စားစရာပါ။

မယားငယ် ဘာလို့ဖြစ်ရလဲ တွေးကြည့်မိတယ် ပထမဆုံးအချက်က အကုသိုလ်ဝဋ်ကြွေးပါလို့ပါ

ဒုတိယအချက်က ပညာအားနည်းပြီး တဏှာလောဘ လွန်ကဲလို့ပါ။

တတိယအချက်က အရှက်အကြောက်မဲ့လို့ပါ။

မယားငယ် ဖြစ်ဖို့ဆိုတာတော်ရုံအကုသိုလ်ကြီးရုံနဲ့ မရပါဘူး။

ဒီလောက်လွတ်လပ်သူတွေ အများကြီးထဲကမှ မယားငယ်လုပ်ဖို့ ရွေးချယ်ရတယ် မဟုတ်လား။

ဘာလို့ဒီနာမည်ဆိုးကြီးနဲ့ အရင်းနှီးလုပ်ပြီး ကိုယ့်ဘဝလေးကိုယ် ဖျက်ဆီးရလဲ ဆိုတာ အတွေးရခက်ပါတယ်။

လူဆိုတာ ကိုယ့်ကိုကိုယ်ချစ်တယ်ဆို ။

ဒါဆိုသူတို့က ဘာလို့ ကိုယ့်ကိုကိုယ်မသနားဘဲ လူတကာ ကဲ့ရဲ့တာ မကြောက်တာလဲ ။

သေရင်လဲ အပါယ်လေးပါးမလွတ်တာ ဘုရားဟောရှိတယ်မဟုတ်လား။

တကယ်တော့ သူတို့ကိုယ့်ကိုကိုယ်အချစ်လွန်နေတာလို့ ကျွန်မတွေးမိတယ်။

တကယ်တော့ မိန်းကလေးတချို့မှာအမူအကျင့်တချို့ရှိတယ်။

ဘာလဲဆိုတော့ ချီးကျူးခံချင်စိတ်ပါ။

လူတိုင်းမှာဒီစိတ်ရှိသော်လည်း ဘယ်လိုအခြေအနေမှာချီးကျူးခံချင်တာလဲဆိုတာကွာပါတယ်

ပြီးတော့ ဘယ်လောက်စွဲလန်းသလဲဆိုတာမှာကွာပါတယ်။

အများစုဟာ ပညာရပ်ဆိုင်ရာအရည်အချင်းထက် အလှအပနဲ့ သက်ဆိုင်တဲ့အရည်အသွေးကို ပိုမက်မောတယ်။

ဒါ့ကြောင့် ဖက်ရှင်ဆိုတာခေတ်အဆက်ဆက် ဦးမော့နေနိုင်တဲ့ လုပ်ငန်းတခုဖြစ်နေတာ။

ဒီလိုမိန်းမတွေမှာ စိတ္တဇ ဆန်တဲ့အတ္တတခုရှိတယ်ဘာလဲဆိုတော့ ငါပိုသာတယ် ဆိုတဲ့အနိုင်ယူချင်စိတ်ပါ။

ဒါကိုအပြိုင်အဆိုင်ရှိတယ်ခေါ်ရမယ်ဆိုရင် တိုးတက်မလာတဲ့ပြိုင်ဆိုင်မှု့မှာ ရင်းနှီးရတာကြီးပါတယ်။

ဥပမာ မိန်းကလေးနှစ်ယောက်မှာ တယောက်က စိတ္တဇလွန်ကဲတဲ့

ကိုယ့်ကိုကိုယ် ဦးတည်မှုများရင် မျက်လုံးကြည့်ပုံ စကားပြောပုံနဲ့ အပြင်အဆင်တွေဟာ သိပ်သိသာပါတယ်

ဒီလိုစိတ်တွေဟာ ဖူးသစ်စအရွယ်မှာ မဖိစီးနိုင်ရင် ရင့်သန်ကြီးထွားတတ်တဲ့ အမျိူးပါ။

ပညာရပ်တခုမှာ အာရုံစိုက်နေတာမျိုး ဝါသနာပါရာမှာ ရှာဖွေနေတာမျိုး ပြောင်းလဲပေးရပါမယ်။

မိဘ အကဲခတ်နိုင်မှ ပါ။

သားကောင်ရှာနေတဲ့မုဆိုးတယောက်အတွက် ဒီလိုမိန်းကလေးမျိုးကရှာရလွယ်ပါတယ်။

ဘာ့ကြောင့်လဲဆို အမြှောက်ကြိုက်တဲ့မိန်းကလေးမဟုတ်လား

ချီးကျူးစကားဟာ အင်မတန်နားဝင်ချိုတယ်လေ။

မင်းလောက်လှတာမမြင်ဖူးဘူး လို့သာ ပြောကြည့်ပါ။

အို ကျွန်မကိုမမြှောက်ပါနဲ့ ပြောတိုင်းယုံမယ်ထင်လို့လား လို့ သာ ပြန်ပြောမယ်။

မှန်ကြည့်တိုင်း ဟုတ်လေမလားလို့ တွေးနေမိပါလိမ့်မယ်။

နောက်တဆင့်က မယားရှိမှန်းသိသော်လည်း မိန်းမချင်း မစာနာနိုင်တာအကြောင်းရှိပါတယ်

ယောက်ျားတယောက်ရဲ့ နှုတ်က မင်းကသူ့ထက်အများကြီးသာတယ်လို့ ဝန်ခံတာလောက် ဘာနဲ့မှမလဲနိုင်တဲ့ သာယာ စိတ်ပါ။

နဂိုနည်းတဲ့ ဉာဏ်ရည်ဉာဏ်သွေးမှာ ယောက်ကျားတယောက်ဆီကရတဲ့

အထင်ကြီးမှု့ကို ပိုင်ဆိုင်ရတာ သူ့အတွက်မဟာဆုလာဒ်ကြီးပါ။

ဒါ့ကြောင့် ဘယ်သူသေသေ ငတေမာ ပြီးရောဆိုပြီး ဖြစ်ရတာ။

လူတယောက်ရဲ့ မိုက်ရူးရဲစိတ်ကိုအဓိကတွန်းအားပေးတာ ဟာ ငါ့ကိုနင်ဘဲကယ်နိုင်မယ် ဆိုတဲ့ စကားမျိုးပါ။

သနားစိတ်ကို လှုံ့ဆော်ပါတယ်။

အံ့သြစရာတခုက ငါ့ကိုကြိုက်လို့ငါ့ဆီလာတာ ဆိုတဲ့ အတွေးနဲ့ တလောကလုံးနဲ့ ရန်ဖြစ်တာကိုပါ။

သဘောကတော့ ပြိုင်လုတာ ငါနိုင်တယ် ဆိုတာမျိုး ။

ၿပိဳင္ပြဲႀကီးလို သေဘာထားရေအာင္လဲ ရွက္စရာပါ။

အားမနာတန်းပြောရရင် အိပ်ယာထဲက ကိစ္စကို ရေဆာသလို လုနေတာ မဟုတ်လား။

မိန်းမတယောက်ရှာဖွေနေတဲ့ပန်းတိုင် ဟာ အိပ်ယာပေါ်မှာ ခရီးဆုံးနေတာ အံ့သြစရာကောင်းလှတယ်။

အော် သူတို့မလဲ မရှိရှိတဲ့ဂုဏ်လေး ပြရရှာတာဘဲလို့ တွေးမိပါတယ်။

တကယ်တာ့ ကိုယ့်ဆီက ဘာယူနေလဲ ကိုယ်ကဘာပေးနေရလဲ ဆိုတာ သိသိကြီးနဲ့

သဒ္ဒါလွန်တဲ့ တဏှာကျွန်ဘဝမှာ လောကက်ုစိန်ခေါ်နေပြန်တယ်။

ဒီတော့ မယားငယ်ဆိုတာ တာလွှတ်ပြီ အပျိုဖြစ်ပြီဆိုတာနဲ့

သူတပါး အိပ်ယာပေါ်အရောက်ပြေးလုတဲ့ ကိုယ်တွင်းနာတွေဘဲလို့ ကျွန်မက တင်စားပရစေ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *