ရန္ကုန္ၿမိဳ႕ သိမ္ျဖဴလမ္းေပၚက ႏိုင္ငံျခားေငြလဲလွယ္ေရးလုပ္ငန္း ဓားျပတိုက္ခံရ၊ ပိုက္ဆံ ဆာလာအိတ္တစ္ဝက္ပါသြား
မဲေခါင္၊ ႏိုဝင္ဘာ ၁၂
ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ သိမ္ျဖဴလမ္းေပၚ ၊ သိမ္ျဖဴစာတိုက္မွတ္တိုင္ အနီးမွာ ဖြင့္ထားတဲ့
Ye Min Aung Money Changer ႏိုင္ငံျခားေငြ လဲလွယ္ေရးလုပ္ငန္း ဓားျပတိုက္ ခံခဲ့ရတယ္လို႔ သိရပါတယ္။
ယေန႔ ႏိုဝင္ဘာ ၁၂ ရက္၊ ေန႔လည္ ၃ နာရီခြဲ ဝန္းက်င္က ကားႏွစ္စီးနဲ႔ ေသနတ္ပစ္ေဖာက္ကာ
ဆိုင္အတြင္း ဝင္ေရာက္ အႏုၾကမ္းစီး ဓားျပတိုက္ခဲ့တာ ျဖစ္တယ္လို႔ ေဒသခံ တစ္ဦးက ေျပာပါတယ္။
“အိမ္စီးကား ၂ စီးနဲ႔ လာတာ။ ေသနတ္ ၂ ခ်က္ေဖာက္ၿပီး ဝင္သြားတယ္။
ပိုက္ဆံေတြ ဆာလာအိတ္ တစ္ဝက္ေလာက္ ပါသြားတယ္။
ဘယ္ေလာက္ပါသြားသလဲေတာ့ မသိဘူး။ ခုေတာ့ ဟိုေကာင္ေတြ ေရာက္လာၿပီး စစ္ေနၾကတယ္” လို႔ မ်က္ျမင္ေတြ႕သူ တစ္ဦးက ေျပာပါတယ္။
လက္ရွိ ဓားျပတိုက္ခံရတဲ့ ဆိုင္ေရွ႕မွာ စစ္ကား ၃ စီး၊ ရဲကား ၁ စီး၊ အင္အား
၂၀ ေက်ာ္နဲ႔ ဆိုင္အတြင္း အျပင္ စစ္ေဆးေနတယ္လို႔ သူကေျပာပါတယ္။
MeKongNews
Unicode,
ရန်ကုန်မြို့ သိမ်ဖြူလမ်းပေါ်က နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း ဓားပြတိုက်ခံရ၊ ပိုက်ဆံ ဆာလာအိတ်တစ်ဝက်ပါသွား
မဲခေါင်၊ နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူလမ်းပေါ် ၊ သိမ်ဖြူစာတိုက်မှတ်တိုင် အနီးမှာ ဖွင့်ထားတဲ့
Ye Min Aung Money Changer နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း ဓားပြတိုက် ခံခဲ့ရတယ်လို့ သိရပါတယ်။
ယနေ့ နိုဝင်ဘာ ၁၂ ရက်၊ နေ့လည် ၃ နာရီခွဲ ဝန်းကျင်က ကားနှစ်စီးနဲ့ သေနတ်ပစ်ဖောက်ကာ
ဆိုင်အတွင်း ဝင်ရောက် အနုကြမ်းစီး ဓားပြတိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“အိမ်စီးကား ၂ စီးနဲ့ လာတာ။ သေနတ် ၂ ချက်ဖောက်ပြီး ဝင်သွားတယ်။
ပိုက်ဆံတွေ ဆာလာအိတ် တစ်ဝက်လောက် ပါသွားတယ်။
ဘယ်လောက်ပါသွားသလဲတော့ မသိဘူး။ ခုတော့ ဟိုကောင်တွေ ရောက်လာပြီး စစ်နေကြတယ်” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ဓားပြတိုက်ခံရတဲ့ ဆိုင်ရှေ့မှာ စစ်ကား ၃ စီး၊ ရဲကား ၁ စီး၊ အင်အား
၂၀ ကျော်နဲ့ ဆိုင်အတွင်း အပြင် စစ်ဆေးနေတယ်လို့ သူကပြောပါတယ်။
crd