ဘဏ္မွာ အိပ္ေပ်ာ္ေနတဲ့စစ္သားေတြ ဗုံးခြဲတိုက္ခိုက္ခံရၿပီး ၅ ဦးေသဆုံး ၁ ဦးဒဏ္ရာျပင္းထန္
ျမင္းမူ၊ ႏိုဝင္ဘာ ၁၁၊ ၂၀၂၂ ။
စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္ ျမန္မာ့စီးပြားေရးဘဏ္မွာ အိပ္ေပ်ာ္ေနတဲ့စစ္သား ၈ ဦးကို ယေန႔ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွာ ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ Zero ေျပာက္က်ားတပ္မဟာ တပ္ရင္း ၇-ျမင္းၿခံခ႐ိုင္တပ္ရင္းမႉး ဗိုလ္သက္ႀကီးက ေျမလတ္အသံကို ေျပာပါတယ္။
“မနက္ခင္း ၅ နာရီ ၂ မိနစ္အခ်ိန္ ျမန္မာ့စီးပြားေရးဘဏ္မွာ အိပ္ေပ်ာ္ေနတဲ့ စစ္သား ၈ ေကာင္ကို ဗုံးနဲ႔ပစ္ခဲ့တာ၊ ၅ ေကာင္ေသၿပီး ၁ ေကာင္ ျပင္းထန္ဒဏ္ရာရတယ္။ ၂ ေကာင္ကေတာ့ ေသနတ္နဲ႔အခ်က္ ၃၀ ေလာက္ ျပန္ပစ္တယ္။ အိပ္ေနတာကိုက်ေနာ္တို႔ အနီးကပ္ဝင္ပစ္ခဲ့တာ” လို႔ ဗိုလ္သက္ႀကီးက ေျပာပါတယ္။
ပစ္ခတ္မႈကို Zero ေျပာက္က်ားတပ္မဟာတပ္ရင္း ၇-ျမင္းၿခံခ႐ိုင္နဲ႔ True Fighter အဖြဲ႕တို႔က လက္ပစ္ဗုံးနဲ႔ပစ္၍ တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၆ ရက္ေန႔ကလည္း ျမန္မာ့စီးပြားေရးဘဏ္မွာ လုံၿခဳံေရးေစာင့္ေနတဲ့ စစ္သားေတြကို Zero ေျပာက္က်ားတပ္မဟာတပ္ရင္း ၇-ျမင္းၿခံခ႐ိုင္အဖြဲ႕က ဗုံးခြဲတိုက္ခိုက္ခဲ့ရာ စစ္သား ၄ ဦးေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
သတင္း-ဒိန္းဂ်ား
ေျမလတ္အသံ
===========
ဘဏ်မှာ အိပ်ပျော်နေတဲ့စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး ၁ ဦးဒဏ်ရာပြင်းထန်
မြင်းမူ၊ နိုဝင်ဘာ ၁၁၊ ၂၀၂၂ ။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှာ အိပ်ပျော်နေတဲ့စစ်သား ၈ ဦးကို ယနေ့နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်တပ်ရင်းမှူး ဗိုလ်သက်ကြီးက မြေလတ်အသံကို ပြောပါတယ်။
“မနက်ခင်း ၅ နာရီ ၂ မိနစ်အချိန် မြန်မာ့စီးပွားရေးဘဏ်မှာ အိပ်ပျော်နေတဲ့ စစ်သား ၈ ကောင်ကို ဗုံးနဲ့ပစ်ခဲ့တာ၊ ၅ ကောင်သေပြီး ၁ ကောင် ပြင်းထန်ဒဏ်ရာရတယ်။ ၂ ကောင်ကတော့ သေနတ်နဲ့အချက် ၃၀ လောက် ပြန်ပစ်တယ်။ အိပ်နေတာကိုကျနော်တို့ အနီးကပ်ဝင်ပစ်ခဲ့တာ” လို့ ဗိုလ်သက်ကြီးက ပြောပါတယ်။
ပစ်ခတ်မှုကို Zero ပြောက်ကျားတပ်မဟာတပ်ရင်း ၇-မြင်းခြံခရိုင်နဲ့ True Fighter အဖွဲ့တို့က လက်ပစ်ဗုံးနဲ့ပစ်၍ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ကလည်း မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားတွေကို Zero ပြောက်ကျားတပ်မဟာတပ်ရင်း ၇-မြင်းခြံခရိုင်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
သတင်း-ဒိန်းဂျား
မြေလတ်အသံ
crd