စစ်ကောင်စီကား ၃ စီးကို AA မိုင်းဆွဲတိုက်ခိုက်ပြီး တစီးရရှိ
မြေလတ်အသံ၊ နိုဝင်ဘာ ၁၀၊၂၀၂၂။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ရိက္ခာပို့ဖို့သွားတဲ့ စစ်ကောင်စီကား ၃ စီးကို ရက္ခိုင့်တပ်တော် (AA)က နိုဝင်ဘာလ ၁၀ ရက် ဒီမနက် ၆ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့ထဲကနေထွက်ခွာလာတဲ့ အဲ့ဒီကား ၃ စီးကို ပဒေသာကျေးရွာသစ်အနီးက ကားလမ်ကိုအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။
“ကားသုံးစီးကို မိုင်းဆွဲတာ။ တစီးကိုတော့ ရလိုက်တယ်တဲ့။ ရိက္ခာတွေနဲ့ ကားကိုပါရလိုက်တာ။ ကျန်နှစ်စီးတော့ မရလိုက်ဘူး။ စစ်ကောင်စီသေဆုံးမှုတွေ ရှိ၊မရှိတော့ မသိရသေး” လို့ ဆိုပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်း၊ ခမရ ၂၃၂ တပ်ရင်း နဲ့ စစ်ရေယာဉ်ပေါ်ကနေပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“အခုဆိုရင် လေယာဉ်တစီးနဲ့ပါ ပစ်ခတ်နေတယ်။ ပစ်တဲ့လက်နက်ကြီးအရေအတွက်ကတော့ အလုံး ၁၀ ကျော်လောက်ကျပြီ။ လူတွေအထိခိုက် ရှိ၊မရှိ တော့ မသိရသေး” လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်တို့မှာ ရက္ခိုင့် တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ နိုဝင်ဘာလ ၈ ရက်တရက်တည်းမှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ AA က နိုဝင်ဘာလ ၉ ရက်မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကတော့ စစ်ကောင်စီဖက်ကနေ မိမိတို့စခန်းရှိတဲ့နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာတွေဖြစ်တယ်လို့လည်း AA က ဆိုပါတယ်။
စာတည်း – လင်း
မြေလတ်အသံ

crd