ရွှေပြည်သာမှာ ကြုံတွေ့နေရတဲ့ ထူးဆန်းတဲ့ နည်းလမ်း…

ရွှေပြည်သာမှာ ကြုံတွေ့နေရတဲ့ ထူးဆန်းတဲ့ နည်းလမ်း…

ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ ကြုံတွေ့နေရတဲ့ ထူးဆန်းတဲ့ လုယက်မှု နည်းလမ်း

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ညအချိန်မတော် အိမ်တံခါးလိုက်ခေါက်နေ၍ ဒေသခံပြည်သူများ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ယခု နိုဝင်ဘာလ ပထမအပတ်တွင်း၌ အမျိုးသားနှစ်ဦးက ည ၂ နာရီခန့်အချိန်တွင် “ကယ်ကြပါ၊ ကယ်ကြပါ”ဟု အော်ဟစ်ကာ အိမ်တံခါးကို လိုက်ခေါက်နေတယ်ဟု ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက ပြောပါတယ်။

“တစ်ခုခု အရေးပေါ် ကြုံလာသလို တံခါးတွေ လိုက်ခေါက်ပြီး ကယ်ကြပါ။ ကယ်ကြပါ။ တံခါးဖွင့်ပေးပါဆိုပြီး အော်တာ။

မဖွင့်လဲ မဖွင့်ပေးရော နောက်ကပုန်းပြီးလိုက်လာတဲ့ သုံးယောက်ထွက်လာပြီး လူငါးယောက်ဖြစ်သွားတယ်။

ပြီးတော့ အော်ဟစ်ဆဲဆိုပြီး ထွက်သွားတယ်” ဟု ရွှေပြည်သာ ရပ်ကွက်တစ်ခု (လုံခြုံရေးအရ ရပ်ကွပ်အမည်မဖော်လို)၌ နေထိုင်သူတစ်ဦးကပြောပါတယ်။

အိမ်တံခါးလိုက်ခေါက်သည့် အမျိုးသားများသည် ရပ်ကွက်အတွင်း၌ တွေ့ဖူးမြင်ဖူးနေကြသူများ မဟုတ်ဘဲ သူစိမ်းများဖြစ်သောကြောင့်

လုံခြုံရေးအတွက် စိုးရိမ်နေကြရပြီး တိုင်ကြားမှုများ ပြုလုပ်ရန်အတွက်လည်း ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိ အာဏာသိမ်းကာလအတွင်း၌ ခိုးမှုများ၊ လုယက်မှုများသည် ရန်ကုန်မြို့ မြို့နယ်အများစုတွင် ဖြစ်ပွားနေပြီး

ထိုဖြစ်စဉ်များအတွက် တချို့ကတိုင်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မရှိသောကြောင့်

တစ်နေ့ထက်တစ်နေ့ အမျိုးမျိုးသော မလုံခြုံမှုဖြစ်စဉ်များနှင့် ပိုမိုကြုံလာရသည်ဟု ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်သူများကပြောပါတယ်။

လက်ရှိအချိန်တွင် လုယက်မှု ကျူးလွန်သူများသည် နေရာမျိုးစုံတွင် ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်နေကြပြီး

ထိရောက်တဲ့ ကာကွယ်မှုများ မပြုလုပ်နိုင်သောကြောင့် ပြည်သူများ စိတ်သောက ရောက်နေကြတယ်လို့ သိရပါတယ်။

Source – Blacker

crd

Leave a Reply

Your email address will not be published. Required fields are marked *