လကြတ်တာ ကြည့်ရင် ခိုက်မယ်ဆိုတဲ့ မြန်မာ့ဆရာကြီးနဲ့ ထွန်းပေါက်မှာ မဟုတ်တဲ့ နာဆာက လူတွေ

လကြတ်တာ ကြည့်ရင် ခိုက်မယ်ဆိုတဲ့ မြန်မာ့ဆရာကြီးနဲ့ ထွန်းပေါက်မှာ မဟုတ်တဲ့ နာဆာက လူတွေ
လကြတ်တာကို ထွက်မကြည့်နဲ့တဲ့။ ပုံမရိုက်နဲ့တဲ့။ အဲလိုနဲ့ပဲ ကျနော်တို့တွေ ခေါင်းကြီးငုံနေနေတုန်းမှာပဲ အနောက်နိုင်ငံက လူတွေက လပေါ်လမ်းလျှောက်နေပြီ။ အခုဆို အင်္ဂါဂြိုဟ်ပေါ် တက်ဖို့တောင် ပြင်ဆင်နေကြပြီ။ လပေါ် အလံစိုက်နေကြပြီ။ မော့မကြည့်ရင် လကြတ်တယ်ဆိုတာ ဘာမှန်းတောင် သိမှာမဟုတ်ပါဘူး။

နာဆာ ကဆို အင်မတန်အားကောင်းတဲ့ မှန်ပြောင်းတွေနဲ့ အနီးကပ်အပီအပြင်ရိုက်ရုံမက လိုက်ဗ်ပါ လွှင့်ပြနေပြီ။ တကမ္ဘာလုံးက နိုင်ငံပေါင်းစုံက လူတွေလဲ Blood Moon နဲ့ ပတ်သက်ပြီး ပုံလှလှလေးတွေ ရိုက်တင်နေကြတာ အင်စတာဂရမ် တွေ၊ တွစ်တာတွေ၊ ဖေ့ဘုတ်တွေမှာ အများကြီးပါ။

ပုံလှလှလေးတွေကို တကူးတက save ထားသူတွေရှိသလို ဓာတ်ပုံဆရာတွေကလဲ အမိအရ ရိုက်ကူးဖို့ ကြိုတင်စောင့်ဆိုင်းရိုက်ကူးကြသူတွေလဲ အများအပြားပါပဲ။ လကြတ်တယ်ဆိုတာ နေ ကမ္ဘာနဲ့ လတို့ တတန်းထဲဖြစ်သွားတဲ့ ဖြစ်စဉ်တခုပါပဲ။

Blood Moon တို့ လငပုတ်ဖမ်းတာတို့နဲ့ ပတ်သက်ပြီး အချို့ ဂမ္ဘီရဆန်ဆန် ယုံကြည်ကြတာတွေလဲ ရှိပါတယ်။ ယုံကြည်ချက်အရ ဘုရားစာရွတ်ဆို ပူဇော်ကြတာတွေ၊ စိတ်ထားကောင်းလေးနဲ့ တရားထိုင်ကြတာတွေက လုပ်သင့်ပါတယ်။

ဒီလိုပဲ မိမိတို့ နေထိုင်နေတဲ့ ခေတ်နဲ့လိုက်ပြီး အယူသီးစွာ ခေတ်နောက်ကျကျန်ခဲ့မယ့် အရာတွေကိုတော့ ဖက်တွယ်ထားဖို့ မသင့်ပါဘူး။ ခေတ်နဲ့ အညီလိုက်ပါ စီးမျောနိုင်မှပဲ နိုင်ငံတကာနဲ့ တန်းတူ ရင်ဘောင်တန်း လိုက်ပါနိုင်မယ်လို့ ယူဆမိပါတယ်။

လူဟာ ခေတ်နဲ့အညီလိုက်ပါရတယ်။ အရင်ကတော့ ကမ္ဘာဟာ အပြားကြီးလို့ထင်ကြတယ်။ နောက်တော့ အလုံးကြီးဆိုတာ လက်ခံလာကြတယ်။ အရင်က လူကို မခွဲစိတ်ရဘူး။ အပြစ်သိပ်ကြီးတယ်လို့ ယူဆကြတယ်။ ခုတော့ မျက်နှာတောင် ခွဲစိတ်နေကြပြီ။ ဒီတော့ လိုအပ်သလောက်ပဲ အသိဉာဏ်နဲ့ ဆင်ခြင်ပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (Nay Thway)

နာဆာက လူတွေ ဘယ်တော့မှ ထွန်းပေါက်မှာ မဟုတ်ဘူး ၊ ဒုက္ခရောက်ကြဦးမယ်။ ဒီလို အချိန်မှာ လ ကို ဓာတ်ပုံ မရိုက်ပါနဲ့လို့ မြန်မာပြည်က နက္ခတ်ဆရာကြီးတွေက သတိပေး ၊ Life Coach လို့ ( -က်ရှက်မရှိ မတန်မရာ နာမည်ခံရဲတဲ့ ) ဉာဏ်တိမ် – လေပေါ တစ်ယောက်က ပို့စ်တင် သတိပေးနေတဲ့ ကြားက လ ကို ဓာတ်ပုံ တင်မက ဗီဒီယိုပါ ရိုက်ထားကြတယ် ။ မကြာဘူး ကြည့်နေ လ ကိုင် လို့ ခိုက် လိမ့်မယ် (ကိုဇင်ဇေ)

Crd

Zawgyi

လၾကတ္တာကို ထြက္မၾကည့္နဲ႔တဲ့။ ပုံမ႐ိုက္နဲ႔တဲ့။ အဲလိုနဲ႔ပဲ က်ေနာ္တို႔ေတြ ေခါင္းႀကီးငုံေနေနတုန္းမွာပဲ အေနာက္ႏိုင္ငံက လူေတြက လေပၚလမ္းေလွ်ာက္ေနၿပီ။ အခုဆို အဂၤါၿဂိဳဟ္ေပၚ တက္ဖို႔ေတာင္ ျပင္ဆင္ေနၾကၿပီ။ လေပၚ အလံစိုက္ေနၾကၿပီ။ ေမာ့မၾကည့္ရင္ လၾကတ္တယ္ဆိုတာ ဘာမွန္းေတာင္ သိမွာမဟုတ္ပါဘူး။

နာဆာ ကဆို အင္မတန္အားေကာင္းတဲ့ မွန္ေျပာင္းေတြနဲ႔ အနီးကပ္အပီအျပင္႐ိုက္႐ုံမက လိုက္ဗ္ပါ လႊင့္ျပေနၿပီ။ တကမာၻလုံးက ႏိုင္ငံေပါင္းစုံက လူေတြလဲ Blood Moon နဲ႔ ပတ္သက္ၿပီး ပုံလွလွေလးေတြ ႐ိုက္တင္ေနၾကတာ အင္စတာဂရမ္ ေတြ၊ တြစ္တာေတြ၊ ေဖ့ဘုတ္ေတြမွာ အမ်ားႀကီးပါ။

ပုံလွလွေလးေတြကို တကူးတက save ထားသူေတြရွိသလို ဓာတ္ပုံဆရာေတြကလဲ အမိအရ ႐ိုက္ကူးဖို႔ ႀကိဳတင္ေစာင့္ဆိုင္း႐ိုက္ကူးၾကသူေတြလဲ အမ်ားအျပားပါပဲ။ လၾကတ္တယ္ဆိုတာ ေန ကမာၻနဲ႔ လတို႔ တတန္းထဲျဖစ္သြားတဲ့ ျဖစ္စဥ္တခုပါပဲ။

Blood Moon တို႔ လငပုတ္ဖမ္းတာတို႔နဲ႔ ပတ္သက္ၿပီး အခ်ိဳ႕ ဂမၻီရဆန္ဆန္ ယုံၾကည္ၾကတာေတြလဲ ရွိပါတယ္။ ယုံၾကည္ခ်က္အရ ဘုရားစာ႐ြတ္ဆို ပူေဇာ္ၾကတာေတြ၊ စိတ္ထားေကာင္းေလးနဲ႔ တရားထိုင္ၾကတာေတြက လုပ္သင့္ပါတယ္။

ဒီလိုပဲ မိမိတို႔ ေနထိုင္ေနတဲ့ ေခတ္နဲ႔လိုက္ၿပီး အယူသီးစြာ ေခတ္ေနာက္က်က်န္ခဲ့မယ့္ အရာေတြကိုေတာ့ ဖက္တြယ္ထားဖို႔ မသင့္ပါဘူး။ ေခတ္နဲ႔ အညီလိုက္ပါ စီးေမ်ာႏိုင္မွပဲ ႏိုင္ငံတကာနဲ႔ တန္းတူ ရင္ေဘာင္တန္း လိုက္ပါႏိုင္မယ္လို႔ ယူဆမိပါတယ္။

လူဟာ ေခတ္နဲ႔အညီလိုက္ပါရတယ္။ အရင္ကေတာ့ ကမာၻဟာ အျပားႀကီးလို႔ထင္ၾကတယ္။ ေနာက္ေတာ့ အလုံးႀကီးဆိုတာ လက္ခံလာၾကတယ္။ အရင္က လူကို မခြဲစိတ္ရဘူး။ အျပစ္သိပ္ႀကီးတယ္လို႔ ယူဆၾကတယ္။ ခုေတာ့ မ်က္ႏွာေတာင္ ခြဲစိတ္ေနၾကၿပီ။ ဒီေတာ့ လိုအပ္သေလာက္ပဲ အသိဉာဏ္နဲ႔ ဆင္ျခင္ၿပီး လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။ (Nay Thway)

နာဆာက လူေတြ ဘယ္ေတာ့မွ ထြန္းေပါက္မွာ မဟုတ္ဘူး ၊ ဒုကၡေရာက္ၾကဦးမယ္။ ဒီလို အခ်ိန္မွာ လ ကို ဓာတ္ပုံ မ႐ိုက္ပါနဲ႔လို႔ ျမန္မာျပည္က နကၡတ္ဆရာႀကီးေတြက သတိေပး ၊ Life Coach လို႔ ( -က္ရွက္မရွိ မတန္မရာ နာမည္ခံရဲတဲ့ ) ဉာဏ္တိမ္ – ေလေပါ တစ္ေယာက္က ပို႔စ္တင္ သတိေပးေနတဲ့ ၾကားက လ ကို ဓာတ္ပုံ တင္မက ဗီဒီယိုပါ ႐ိုက္ထားၾကတယ္ ။ မၾကာဘူး ၾကည့္ေန လ ကိုင္ လို႔ ခိုက္ လိမ့္မယ္ (ကိုဇင္ေဇ)

Crd

Leave a Reply

Your email address will not be published. Required fields are marked *