မန္တလေးက ဆောက်လုပ်ရေး ကုမ္ပဏီ ဓားပြတိုက်ခံရ ကျပ် ၃၀၀ ပါသွားတဲ့ ရုပ်သံမှတ်တမ်း

မႏၲေလးက ေဆာက္လုပ္ေရး ကုမၸဏီ ဓားျပတိုက္ခံရ က်ပ္ ၃၀၀ ပါသြားတဲ့ ႐ုပ္သံမွတ္တမ္း

မဲေခါင္၊ ႏိုဝင္ဘာ ၇

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ေငြေတာ္ၾကည္ကုန္းရပ္ကြက္၊ ၇၅လမ္း၊ ၁၁၇ လမ္းနဲ႔ ၁၁၈ လမ္းၾကားရွိ ရွင္းျမတ္ေဆာက္လုပ္ေရး ကုမၸဏီ ေနအိမ္႐ုံးခန္း အႏုၾကမ္းစီးခံရမႈ ျဖစ္ပြားခဲ့ပါတယ္။

ယမန္ေန႔ ႏိုဝင္ဘာ ၆ ရက္၊ ေန႔လည္ ၁ နာရီခြဲဝန္းက်င္က အမ်ိဳးသား ႏွစ္ဦး ဆိုင္ကယ္နဲ႔႐ုံး အတြင္း ဝင္ေရာက္ လာၿပီး ေသနတ္ျပကာ အႏုၾကမ္းစီးခဲ့တာ ျဖစ္တယ္ၿပီး ေငြက်ပ္ သိန္း ၃၀၀ ပါသြားတယ္လို႔ ေဒသခံ တစ္ဦးက ေျပာပါတယ္။

“ႀကိဳတင္ေငြေပးဖို႔ ဆိုၿပီး ႐ုံးခန္းထဲ ဝင္လာတာ။ အထဲေရာက္မွ ေသနတ္ျပၿပီး အႏုၾကမ္းစီးတာ။ ႐ုံးမွာလည္း အမ်ိဳးသမီးေတြႀကီးပဲ ဆိုေတာ့ ရွိတာေတြ ေပးလိုက္ရတာေပါ့။ အမႈသြားၿပီး ဖြင့္ထားတယ္လို႔ေျပာတယ္” လို႔ သူကေျပာပါတယ္။

ရွင္းျမတ္ ေဆာက္လုပ္ေရးကုမၸဏီကို ဦးမ်ိဳးျမင့္ေက်ာ္ ဆိုသူ ပိုင္ဆိုင္ၿပီး အႏုၾကမ္းစီးခံရလို႔ ေငြက်ပ္သိန္း ၃၀၀ နဲ႔ Vivo အမ်ိဳးအစား ဖုန္းႏွစ္လုံး ပါသြားတယ္လို႔ သိရပါတယ္။
မႏၲေလးၿမိဳ႕မွာ ေန႔စဥ္ လုယက္မႈေတြနဲ႔ ေဖာက္ထြက္ခိုးယူမႈေတြ ျဖစ္ပြားေနေပမယ့္ စစ္ေကာင္စီ လက္ေအာက္ခံ ရဲတပ္ဖြဲ႕က တရားခံဖမ္းဆီးႏိုင္မႈ နည္းပါးေနပါတယ္။

=============

မန္တလေးက ဆောက်လုပ်ရေး ကုမ္ပဏီ ဓားပြတိုက်ခံရ ကျပ် ၃၀၀ ပါသွားတဲ့ ရုပ်သံမှတ်တမ်း

မဲခေါင်၊ နိုဝင်ဘာ ၇

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၅လမ်း၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားရှိ ရှင်းမြတ်ဆောက်လုပ်ရေး ကုမ္ပဏီ နေအိမ်ရုံးခန်း အနုကြမ်းစီးခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၆ ရက်၊ နေ့လည် ၁ နာရီခွဲဝန်းကျင်က အမျိုးသား နှစ်ဦး ဆိုင်ကယ်နဲ့ရုံး အတွင်း ဝင်ရောက် လာပြီး သေနတ်ပြကာ အနုကြမ်းစီးခဲ့တာ ဖြစ်တယ်ပြီး ငွေကျပ် သိန်း ၃၀၀ ပါသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကြိုတင်ငွေပေးဖို့ ဆိုပြီး ရုံးခန်းထဲ ဝင်လာတာ။ အထဲရောက်မှ သေနတ်ပြပြီး အနုကြမ်းစီးတာ။ ရုံးမှာလည်း အမျိုးသမီးတွေကြီးပဲ ဆိုတော့ ရှိတာတွေ ပေးလိုက်ရတာပေါ့။ အမှုသွားပြီး ဖွင့်ထားတယ်လို့ပြောတယ်” လို့ သူကပြောပါတယ်။

ရှင်းမြတ် ဆောက်လုပ်ရေးကုမ္ပဏီကို ဦးမျိုးမြင့်ကျော် ဆိုသူ ပိုင်ဆိုင်ပြီး အနုကြမ်းစီးခံရလို့ ငွေကျပ်သိန်း ၃၀၀ နဲ့ Vivo အမျိုးအစား ဖုန်းနှစ်လုံး ပါသွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ နေ့စဉ် လုယက်မှုတွေနဲ့ ဖောက်ထွက်ခိုးယူမှုတွေ ဖြစ်ပွားနေပေမယ့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးနိုင်မှု နည်းပါးနေပါတယ်

crd

Leave a Reply

Your email address will not be published. Required fields are marked *