ရန်ကုန်၊ နိုဝင်ဘာ ၈
မုံရွာတွင် စစ်ကားကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ် ၂ ဦး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ဗိုလ် ၂ ဦး အပါအဝင် စစ်သား ၈ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကြောင်း သံမဏိ Force – MPDF (မုံရွာခရိုင်)က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့ ၊ ပြည်တော်သာ အဝိုင်းပတ်ထိပ်ကျောက်စစ်ပုံရွာမှ ဖဲရိုက် ပြန်လာသော စစ်ဗိုလ် ၂ ဦး အပါဝင် စုစုပေါင်း စစ်သား ၈ ဦး လိုက်ပါလာသော စစ်ကားကို သံမဏိ Force – MPDF (မုံရွာခရိုင်)တပ်ရင်းမှ တပ်ခွဲ တပ်ဖွဲ့ဝင်များ ပူးပေါင်းစစ်ဆင်ရေးဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှီရသည်။
ပစ်ခတ်မှုကြောင့် ကားအရှေ့ခန်းအတွင်းခန်းမှ စစ်ဗိုလ် နှစ်ကောင်အပါဝင် စုစုပေါင်း ခြောက်ဦးနေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ကျန်ရှိ စစ်သား ၂ ဦးက ပြန်လည်ခံပစ်သဖြင့် ရဲဘော်များ၏အသက်လုံခြုံရေးအတွက် ပြန်လည်ဆုတ်ခွာခဲ့ရပါသောကြောင့် လက်နက်သိမ်းဆည်းရမိမှု မရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ယမန်နေ့ ညပိုင်းအချိန်တွင် ကား ၇စီးခန့်ဖြင့် အလောင်းများလာကောက်ပြီး ကျန်ရစ်ခဲ့သောကားကို ကရိန်းဖြင့် လာရောက်ဆွဲသွားကြောင်း သိရှိရသည်။

crd