ကရုဏာ တရားကို အလွဲသုံးစား လုပ်ကြသူတွေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ စိတ်မကောင်းစရာ အခြေအနေ
၁၉၇၀ – ၁၉၈၀ ခုနှစ်လောက်က ဖြစ်မယ် အချိန်အတိအကျ မမှတ်မိတာ ခွင့်လွှတ်ပါ ။
“Trigger Warning” အသက် ၂၀ အရွယ် ကောင်မလေးတစ်ယောက် သာကေတ တံတားပေါ်ကနေ ခုန်ချသွားတယ် ။
အဲ့ခေတ်က သတင်းစာဆရာတစ်ယောက်က သတင်းတစ်ပုဒ်လို ရေးရမဲ့အစား ရသ ဖြစ်အောင် ရေးလိုက်မိတယ် ၊
အဲ့ကောင်မလေးခုန်ချတဲ့အကြောင်းကို ဖွဲ့နွဲ့ စီကာပတ်ကုံးပြီး
၀မ်းနည်း သနားစရာဖြစ်အောင် ရေးလိုက်တာ ဖတ်မိတဲ့သူတိုင်း ၀မ်းနည်းသနား ကရုဏာသက်ကြတယ်။
ပြဿနာက ဘာဖြစ်လာလဲဆိုတော့ နောက်ရက် နောက်ရက်တွေမှာ အဲ့ဒီတံတားမှာ ခုန်ချတဲ့လူက တစတစများလာတယ် ။
တစ်ရက်တစ်ရက် ခုန်ချဖို့ ကြံစည်တဲ့သူ ၄ ၅ ၆ ယောက်အထိ ရှိလာတော့ ရဲစခန်းကပါ ရဲအစောင့်ထားပြီး ကင်းစောင့်ရတဲ့အထိ ဖြစ်သွားတယ် ။
ခုန်ချဖို့ ကြံစည်ရင်း အထ မမြောက်လိုက်တဲ့သူတွေကို မေးစစ်ကြတယ် သူတို့ ဘာပြန်ဖြေလဲဆိုတော့ အဲ့ကောင်မလေး ခုန်ချတာကို လူတွေ ၀မ်းနည်းသနားကြတယ် ။
သူတို့ ခုန်ချရင် သူတို့ကိုလည်း လူတွေ အနည်းဆုံး သနားကြလိမ့်မယ် ကရုဏာသက်ကြမယ် ထင်လို့ပါတဲ့ ။
အဲဒါ တကယ်ဖြစ်ခဲ့တာ အခုကိစ္စလည်း ဒီလိုပဲ။ ကြံစည်ကြတဲ့ကိစ္စကို ကဗျာလိုလို စာလိုလို တွေ ရေးတင်တယ် ၊
တဖက်လှည့်နဲ့ တိုက်တွန်းသလို ၊ အားပေးအားမြှောက်လုပ်သလို လုပ်နေကြတာ Community အတွက် အဆိပ်အတောက်ပဲ ။
မလုပ်သင့်တာတွေပါ ၊ ကြံစည်တာ လွတ်မြောက်မှု မဟုတ်ဘူး ငြိမ်းချမ်းသွားတာလည်း မဟုတ်ဘူး ။
ဘ၀မှာ လက်မြှောက်အရှုံးပေးချင်တဲ့အခါမျိုး လူတိုင်းကြုံတယ် ။ မကြုံဖူးတဲ့သူဆိုတာ မရှိပါဘူး လူတိုင်း ကိုယ်ဒုက္ခ ကိုယ်အထုပ်နဲ့ကိုယ်ချည်းပဲ ။
လက်မြှောက်အရှုံးပေးလိုက်တာ တကယ်အဖြေမဟုတ်ဘူး ။ အမြဲတမ်း(အမြတမ်း) ပြေလည်သွားနိုင်တဲ့ လမ်းတစ်ခုခုရှိတယ် ။
ကြံစည်တဲ့သူတွေ တွေးနေကြ ၊ ငါ့အပူတွေ ငါဒုက္ခတွေ တခြားသူတွေ နားမလည်ပါဘူး လို့ ထင်ကြတာ ခေါင်းရှင်းသွားတဲ့အခါ
ကိုယ်ကြံစည်ဖို့အထိ တွေးခဲ့တဲ့ကိစ္စက ဘာဆိုဘာမှမဟုတ်တော့တာ တွေ့လိမ့်မယ် ။
ခဏလေး လမ်းပျောက်သွားတာပါ ရူးမိုက်နေတဲ့အချိန် အဆုံးစွန်မလုပ်မိဖို့ တားသင့်တား ရမှာပဲ
လူတိုင်း ကျော်ဖြတ်ခဲ့တဲ့အချိန်တွေရှိတယ် ထုတ်သာမပြောကြတာ .. အဆိုးဆုံးတွေအတွက်တောင် အဖြေရှိပါတယ် ဒါကို ယုံကြည်စေချင်တယ် ။
(ကြံစည်တဲ့ကိစ္စ ကို ကဗျာလိုလို စာလိုလို လွတ်မြောက်ကြောင်းလိုလို ကရုဏာသက်အောင် ရေးနေတဲ့ ကောင်တွေကို -ဲတန်-ဲ ၊ တားတန် တားကြပါ )
(Min Khat Aung)
ကရုဏာ တရားကို အလွဲသုံးစား လုပ်ကြသူတွေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ စိတ်မကောင်းစရာ အခြေအနေ
၁၉၇၀ – ၁၉၈၀ ခုနှစ်လောက်က ဖြစ်မယ် အချိန်အတိအကျ မမှတ်မိတာ ခွင့်လွှတ်ပါ ။
“Trigger Warning” အသက် ၂၀ အရွယ် ကောင်မလေးတစ်ယောက် သာကေတ တံတားပေါ်ကနေ ခုန်ချသွားတယ် ။
အဲ့ခေတ်က သတင်းစာဆရာတစ်ယောက်က သတင်းတစ်ပုဒ်လို ရေးရမဲ့အစား ရသ ဖြစ်အောင် ရေးလိုက်မိတယ် ၊
အဲ့ကောင်မလေးခုန်ချတဲ့အကြောင်းကို ဖွဲ့နွဲ့ စီကာပတ်ကုံးပြီး
၀မ်းနည်း သနားစရာဖြစ်အောင် ရေးလိုက်တာ ဖတ်မိတဲ့သူတိုင်း ဝမ်းနည်းသနား ကရုဏာသက်ကြတယ်။
ပြဿနာက ဘာဖြစ်လာလဲဆိုတော့ နောက်ရက် နောက်ရက်တွေမှာ အဲ့ဒီတံတားမှာ ခုန်ချတဲ့လူက တစတစများလာတယ် ။
တစ်ရက်တစ်ရက် ခုန်ချဖို့ ကြံစည်တဲ့သူ ၄ ၅ ၆ ယောက်အထိ ရှိလာတော့ ရဲစခန်းကပါ ရဲအစောင့်ထားပြီး ကင်းစောင့်ရတဲ့အထိ ဖြစ်သွားတယ် ။
ခုန်ချဖို့ ကြံစည်ရင်း အထ မမြောက်လိုက်တဲ့သူတွေကို မေးစစ်ကြတယ် သူတို့ ဘာပြန်ဖြေလဲဆိုတော့ အဲ့ကောင်မလေး ခုန်ချတာကို လူတွေ ဝမ်းနည်းသနားကြတယ် ။
သူတို့ ခုန်ချရင် သူတို့ကိုလည်း လူတွေ အနည်းဆုံး သနားကြလိမ့်မယ် ကရုဏာသက်ကြမယ် ထင်လို့ပါတဲ့ ။
အဲဒါ တကယ်ဖြစ်ခဲ့တာ အခုကိစ္စလည်း ဒီလိုပဲ။ ကြံစည်ကြတဲ့ကိစ္စကို ကဗျာလိုလို စာလိုလို တွေ ရေးတင်တယ် ၊
တဖက်လှည့်နဲ့ တိုက်တွန်းသလို ၊ အားပေးအားမြှောက်လုပ်သလို လုပ်နေကြတာ Community အတွက် အဆိပ်အတောက်ပဲ ။
မလုပ်သင့်တာတွေပါ ၊ ကြံစည်တာ လွတ်မြောက်မှု မဟုတ်ဘူး ငြိမ်းချမ်းသွားတာလည်း မဟုတ်ဘူး ။
ဘဝမှာ လက်မြှောက်အရှုံးပေးချင်တဲ့အခါမျိုး လူတိုင်းကြုံတယ် ။ မကြုံဖူးတဲ့သူဆိုတာ မရှိပါဘူး လူတိုင်း ကိုယ်ဒုက္ခ ကိုယ်အထုပ်နဲ့ကိုယ်ချည်းပဲ ။

crd