မန္တလေးမှာxစ်အုပ်စုက သံဃသမဂ္ဂ ဆရာတော်တွေ ဖမ်းမမိလို့ စာသင်စာချ သံဃာတွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲ

မန္တလေးမှာ စစ်အုပ်စုက သံဃသမဂ္ဂ ဆရာတော်တွေ ဖမ်းမမိလို့ စာသင်စာချ သံဃာတွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီး၊

MFP ၊ နိုဝင်ဘာ – ၆

 

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား ပြည်သူ မရွေး ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်အုပ်စုက သံဃသမဂ္ဂ (မန္တလေး)က ဆရာတော်တွေကို ဖမ်းမမိတဲ့အတွက် စာသင်စာချ သံဃာတော်တွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးနေတယ်လို့ သံဃသမဂ္ဂ (မန္တလေး)က သတင်း ထုတ်ပြန်ပါတယ်။

“သံဃသမဂ္ဂ ဦးဆောင်သံဃာတော်ကို ဖမ်းမမိသည့်အတွက် အခြားသံဃာများကို ပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ထားခြင်းအား သံဃသမဂ္ဂ(မန္တလေး) မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်” သံဃသမဂ္ဂ (မန္တလေး) က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာ(၂)ရက်က သံဃသမဂ္ဂ (မန္တလေး) အဖွဲ့ဝင် သံဃာတစ်ပါး သီးတင်းသုံးဖူးတဲ့ မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်ထဲ တစ်နေ့တည်း နှစ်ကြိမ် စီးနင်းဝင်မွှေကာ စာသင်စာချ သံဃာနှစ်ပါးအား ဓားစာခံသဘောမျိုး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“အကြမ်းဖက် စစ်မိစ္ဆာတပ်သားများက နိုဝင်ဘာ(၂)ရက် နေ့(၁)နာရီခန့်တွင် မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်အတွင်း ယခင်က သီတင်းသုံးနေထိုင်ခဲ့သော သံဃသမဂ္ဂ ဦးဆောင်ရဟန်းတစ်ပါးကို ဝင်ရောက် ရှာဖွေ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါသည်၊၊

၎င်းတို့ ဖမ်းဆီးလိုသော သံဃသမဂ္ဂ ဦးဆောင်ရဟန်းတော်ကို ဖမ်းမမိသောကြောင့် ညပိုင်း(၇)နာရီကျော်တွင် ဒုတိယအကြိမ် မိုးကောင်းကျောင်းတိုက်အတွင်းသို့ ထိုအကြမ်းဖက် စစ်မိစ္ဆာတပ်သားများက ပြန်လည် ဝင်ရောက်လာပြီး သံဃသမဂ္ဂ(မန္တလေး)နှင့် လုံးဝ ပတ်သက်ဆက်နွှယ်ခြင်း မရှိသော ဦးအဇ္ဇုနနှင့် ရှင်ကုသလတို့ကို စာအံကျောင်းတက်နေချိန်တွင် ဝင်ရောက်ဖမ်းဆီးပြီး “စစ်မေးစရာရှိလို့ ခဏခေါ်သွားမည်၊ ပြန်ပို့ပေးပါမည်” ဟု ဆရာတော်ကြီးကို လျှောက်ထားကာ ခေါ်ဆောင်သွားခဲ့ပြီး ယနေ့ နိုဝင်ဘာ(၆)ရက် အထိ ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားပါသည်၊၊

သံဃသမဂ္ဂ ဦးဆောင်သံဃာတော်ကို ဖမ်းမမိသည့်အတွက် အခြားသံဃာများကို ပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ထားခြင်းအား သံဃသမဂ္ဂ(မန္တလေး) မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ ဦးအဇ္ဇုန နှင့် ရှင်ကုသလ တို့အား ညှဉ်းပန်း နှိပ်စက်ခြင်းကြောင့် ကျန်းမာရေးနှင့် အသက်အန္တရာယ် တစ်စုံတရာဖြစ်ခဲ့ပါက အကြမ်းဖက် ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ တာဝန်ယူကြရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်” လို့ သံဃသမဂ္ဂ(မန္တလေး) က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ်နေတာ ဖြစ်ပြီး ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား ၊ ပြည်သူ မရွေး ဖမ်းဆီးသတ်ဖြတ်သလို ကလေးသူငယ်တွေကိုပါ မရှောင် ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

အောက်တိုဘာ(၃၀)ရက်ကလည်း စစ်အာဏာရှက်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြတဲ့ မြေပြင်သပိတ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်ကလျာဏ အား စစ်အုပ်စုက ဖမ်းဆီးပြီးနောက် သံချေကျင်းခတ်ကာ ညှဉ်းပန်းပြီး ကျောင်းတိုက်တွေ လိုက်ပြခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မႏၲေလးမွာ စစ္အုပ္စုက သံဃသမဂၢ ဆရာေတာ္ေတြ ဖမ္းမမိလို႔ စာသင္စာခ် သံဃာေတြကို ဓားစာခံအျဖစ္ ျပန္ေပးဆြဲ ဖမ္းဆီး၊

MFP ၊ နိုဝင္ဘာ – ၆

စစ္အာဏာသိမ္းမႈ ဆန႔္က်င္သူေတြကို ရဟန္း၊ ရွင္၊ လူ၊ ေက်ာင္းသား ျပည္သူ မေရြး ဥပေဒမဲ့ ဖမ္းဆီး သတ္ျဖတ္ေနတဲ့ စစ္အုပ္စုက သံဃသမဂၢ (မႏၲေလး)က ဆရာေတာ္ေတြကို ဖမ္းမမိတဲ့အတြက္ စာသင္စာခ် သံဃာေတာ္ေတြကို ဓားစာခံအျဖစ္ ျပန္ေပးဆြဲ ဖမ္းဆီးေနတယ္လို႔ သံဃသမဂၢ (မႏၲေလး)က သတင္း ထုတ္ျပန္ပါတယ္။

“သံဃသမဂၢ ဦးေဆာင္သံဃာေတာ္ကို ဖမ္းမမိသည့္အတြက္ အျခားသံဃာမ်ားကို ျပန္ေပးဆြဲသလို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားျခင္းအား သံဃသမဂၢ(မႏၲေလး) မွ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်သည္” သံဃသမဂၢ (မႏၲေလး) က ေဖာ္ျပပါတယ္။

စစ္အုပ္စုဟာ နိုဝင္ဘာ(၂)ရက္က သံဃသမဂၢ (မႏၲေလး) အဖြဲ႕ဝင္ သံဃာတစ္ပါး သီးတင္းသုံးဖူးတဲ့ မႏၲေလးၿမိဳ႕ မိုးေကာင္းေက်ာင္းတိုက္ထဲ တစ္ေန႔တည္း ႏွစ္ႀကိမ္ စီးနင္းဝင္ေမႊကာ စာသင္စာခ် သံဃာႏွစ္ပါးအား ဓားစာခံသေဘာမ်ိဳး ဖမ္းဆီးသြားတယ္လို႔ ဆိုပါတယ္။

“အၾကမ္းဖက္ စစ္မိစၧာတပ္သားမ်ားက နိုဝင္ဘာ(၂)ရက္ ေန႔(၁)နာရီခန႔္တြင္ မႏၲေလးၿမိဳ႕ မိုးေကာင္းေက်ာင္းတိုက္အတြင္း ယခင္က သီတင္းသုံးေနထိုင္ခဲ့ေသာ သံဃသမဂၢ ဦးေဆာင္ရဟန္းတစ္ပါးကို ဝင္ေရာက္ ရွာေဖြ ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့ပါသည္၊၊

၎တို႔ ဖမ္းဆီးလိုေသာ သံဃသမဂၢ ဦးေဆာင္ရဟန္းေတာ္ကို ဖမ္းမမိေသာေၾကာင့္ ညပိုင္း(၇)နာရီေက်ာ္တြင္ ဒုတိယအႀကိမ္ မိုးေကာင္းေက်ာင္းတိုက္အတြင္းသို႔ ထိုအၾကမ္းဖက္ စစ္မိစၧာတပ္သားမ်ားက ျပန္လည္ ဝင္ေရာက္လာၿပီး သံဃသမဂၢ(မႏၲေလး)ႏွင့္ လုံးဝ ပတ္သက္ဆက္ႏႊယ္ျခင္း မရွိေသာ ဦးအဇၨဳနႏွင့္ ရွင္ကုသလတို႔ကို စာအံေက်ာင္းတက္ေနခ်ိန္တြင္ ဝင္ေရာက္ဖမ္းဆီးၿပီး “စစ္ေမးစရာရွိလို႔ ခဏေခၚသြားမည္၊ ျပန္ပို႔ေပးပါမည္” ဟု ဆရာေတာ္ႀကီးကို ေလၽွာက္ထားကာ ေခၚေဆာင္သြားခဲ့ၿပီး ယေန႔ နိုဝင္ဘာ(၆)ရက္ အထိ ျပန္လည္ လႊတ္ေပးျခင္းမရွိဘဲ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားပါသည္၊၊

သံဃသမဂၢ ဦးေဆာင္သံဃာေတာ္ကို ဖမ္းမမိသည့္အတြက္ အျခားသံဃာမ်ားကို ျပန္ေပးဆြဲသလို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားျခင္းအား သံဃသမဂၢ(မႏၲေလး) မွ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်သည္။ ဦးအဇၨဳန ႏွင့္ ရွင္ကုသလ တို႔အား ညႇဥ္းပန္း ႏွိပ္စက္ျခင္းေၾကာင့္ က်န္းမာေရးႏွင့္ အသက္အႏၲရာယ္ တစ္စုံတရာျဖစ္ခဲ့ပါက အၾကမ္းဖက္ ဖမ္းဆီးခဲ့သူမ်ားသာ တာဝန္ခံ တာဝန္ယူၾကရမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္လိုက္သည္” လို႔ သံဃသမဂၢ(မႏၲေလး) က ေဖာ္ျပပါတယ္။

စစ္အုပ္စုဟာ သူတို႔ကို ဆန႔္က်င္သူေတြကို ဥပေဒမဲ့ ထင္တိုင္းက်ဲ ဖမ္းဆီး သတ္ျဖတ္ေနတာ ျဖစ္ၿပီး ရဟန္း၊ ရွင္၊ လူ၊ ေက်ာင္းသား ၊ ျပည္သူ မေရြး ဖမ္းဆီးသတ္ျဖတ္သလို ကေလးသူငယ္ေတြကိုပါ မေရွာင္ ဓားစာခံအျဖစ္ ျပန္ေပးဆြဲ ဖမ္းဆီးတာေတြ လုပ္ေဆာင္ေနပါတယ္။

ေအာက္တိုဘာ(၃၀)ရက္ကလည္း စစ္အာဏာရွက္ဆန႔္က်င္ေရး ၿငိမ္းခ်မ္းစြာ ခ်ီတက္ဆႏၵျပတဲ့ ေျမျပင္သပိတ္ေတြမွာ ပူးေပါင္းပါဝင္ေနတဲ့ သံဃသမဂၢ (မႏၲေလး) ဦးေဆာင္ဆရာေတာ္ တစ္ပါးျဖစ္တဲ့ အရွင္ကလ်ာဏ အား စစ္အုပ္စုက ဖမ္းဆီးၿပီးေနာက္ သံေခ်က်င္းခတ္ကာ ညႇဥ္းပန္းၿပီး ေက်ာင္းတိုက္ေတြ လိုက္ျပခိုင္းေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *