းxစ်-ကော-င်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က သွားရောက်တိုက်ခိုက်

မြိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က သွားရောက်တိုက်ခိုက်

 

 

စစ်ကူလာတဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ရှစ်ဦးထက်မနည်းသေ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)နှင့် မဟာမိတ်တပ်ပေါင်းစုတို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့၊ ပဝတ်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၄ ရက်နေ့က စတင်ပစ်ခတ်ခဲ့ပြီးနောက် မွန်းလွဲ (၁)နာရီ ဝန်းကျင်တွင် လက္ကူးကျေးရွာဘက်မှ တိုရွာသို့ စစ်ကူလာသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုမှပိတပ်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)က ယနေ့နိုဝင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ (၈) ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုဘက်မှ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူ (၂၀) ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ (၈)ဦးထိခိုက်ဒဏ်ရာရကာ (၁) ဦးပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားလာပါက ဘေးလွတ်ရာသို့ အချိန်မီရှောင်ရှားကြရန်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များမှ သတင်းထုတ်ပြန်ထားသော တိုက်ပွဲအတွင်း ပြုမှုနေထိုင်ရမည့် နည်းလမ်းများကို လိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ဟာ ပဝတ်ကုန်းကျေးရွာက စစ်ကောင်စီ တပ်စခန်းကို နိုဝင်ဘာ (၄) ရက်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Palaw People’s Defence Force က ထုတ်ပြန်ပါတယ်။

လက္ကူးကျေးရွာဘက်မှ တိုရွာကို စစ်ကူလာတဲ့စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ပိတပ်ကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိဘပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားလာပါက ဘေးလွတ်ရာသို့ အချိန်မှီ ရှောင်ရှားကြပါဖို့၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့ တိုက်ပွဲ အတွင်း ပြုမှုနေထိုင် ရမယ့် နည်းလမ်းတွေကို လိုက်နာကြပါဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ၿမိတ္ၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္စခန္းကို ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္က သြားေရာက္တိုက္ခိုက္

စစ္ကူလာတဲ့ စစ္ေၾကာင္း ၾကားျဖတ္တိုက္ခိုက္ခံရၿပီး အၾကမ္းဖက္စစ္သား ရွစ္ဦးထက္မနည္းေသ

တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္စခန္းကို ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ၿမိတ္ခရိုင္တပ္ရင္း(၁)ႏွင့္ မဟာမိတ္တပ္ေပါင္းစုတို႔က သြားေရာက္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ၿမိတ္ၿမိဳ႕၊ ပဝတ္ကုန္းေက်းရြာရွိ စစ္ေကာင္စီတပ္စခန္းကို နိုဝင္ဘာလ ၄ ရက္ေန႔က စတင္ပစ္ခတ္ခဲ့ၿပီးေနာက္ မြန္းလြဲ (၁)နာရီ ဝန္းက်င္တြင္ လကၠဴးေက်းရြာဘက္မွ တိုရြာသို႔ စစ္ကူလာသည့္ စစ္ေကာင္စီ ေျခလ်င္စစ္ေၾကာင္းကို ျပည္သူ႔ကာကြယ္ေရးမဟာမိတ္တပ္ေပါင္းစုမွပိတပ္ေက်းရြာအနီးတြင္ ၾကားျဖတ္တိုက္ခိုက္ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ၿမိတ္ခရိုင္တပ္ရင္း(၁)က ယေန႔နိုဝင္ဘာလ ၆ ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

အဆိုပါ တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီဘက္မွ (၈) ဦးထက္မနည္း ေသဆုံးၿပီး ျပည္သူ႔ကာကြယ္ေရးမဟာမိတ္တပ္ေပါင္းစုဘက္မွ အထိအခိုက္မရွိခဲ့ဟု ဆိုသည္။

စစ္ေကာင္စီတပ္မ်ားသည္ တိုက္ပြဲအတြင္း အျပစ္မဲ့ျပည္သူ (၂၀) ဦးခန႔္ကို ဓားစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားသည့္အျပင္ လက္နက္ႀကီးရမ္းသမ္းပစ္ခတ္မႈေၾကာင့္ အျပစ္မဲ့ ျပည္သူ (၈)ဦးထိခိုက္ဒဏ္ရာရကာ (၁) ဦးပစ္သတ္ခံခဲ့ရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ တိုက္ပြဲျဖစ္ပြားလာပါက ေဘးလြတ္ရာသို႔ အခ်ိန္မီေရွာင္ရွားၾကရန္ႏွင့္ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕မ်ားမွ သတင္းထုတ္ျပန္ထားေသာ တိုက္ပြဲအတြင္း ျပဳမႈေနထိုင္ရမည့္ နည္းလမ္းမ်ားကို လိုက္နာၾကရန္ ေမတၱာရပ္ခံထားသည္။

ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ၿမိတ္ခရိုင္တပ္ရင္း(၁)နဲ႔ မဟာမိတ္တပ္ေပါင္းစုတို႔ဟာ ပဝတ္ကုန္းေက်းရြာက စစ္ေကာင္စီ တပ္စခန္းကို နိုဝင္ဘာ (၄) ရက္က စတင္ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ Palaw People’s Defence Force က ထုတ္ျပန္ပါတယ္။

လကၠဴးေက်းရြာဘက္မွ တိုရြာကို စစ္ကူလာတဲ့စစ္ေကာင္စီ ေျခလ်င္စစ္ေၾကာင္းကို ျပည္သူ႔ကာကြယ္ေရးမဟာမိတ္တပ္ေပါင္းစုက ပိတပ္ေက်းရြာအနီးမွာ ၾကားျဖတ္တိုက္ခိုက္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

မိဘျပည္သူေတြအေနနဲ႔ တိုက္ပြဲျဖစ္ပြားလာပါက ေဘးလြတ္ရာသို႔ အခ်ိန္မွီ ေရွာင္ရွားၾကပါဖို႔၊ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ေတြကထုတ္ျပန္ထားတဲ့ တိုက္ပြဲ အတြင္း ျပဳမႈေနထိုင္ ရမယ့္ နည္းလမ္းေတြကို လိုက္နာၾကပါဖို႔လည္း ေမတၱာရပ္ခံထားပါတယ္။

 

crd

Leave a Reply

Your email address will not be published. Required fields are marked *