PDF ထောက်ပို့ အမျိုးသမီးတပ်ဖွဲ့ဝင်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့် ရှာဖွေနေ

အင်းလေး PDF ထောက်ပို့ အမျိုးသမီးတပ်ဖွဲ့ဝင်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့် ရှာဖွေနေ

မဲခေါင်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အခြေစိုက် အင်းလေး PDF (NUG -၁၀၀၉ တပ်ရင်း) ရဲ့ ထောက်ပို့ တပ်ဖွဲ့ဝင် တစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားပြီး အသည်းအသန်း လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။

အင်းလေး PDF ထောက်ပို့ တပ်ဖွဲ့ဝင် မနုနုထွေးကို စစ်ကောင်စီက ညောင်ရွှေမြို့မရဲစခန်းမှာ (ပ)၈/၂၀၂၂၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ စက်တင်ဘာလ ၁၉ ရက်ကတည်းက အမှုဖွင့်ထားပြီး လိုက်လံ ရှာဖွေ ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မတော့ သိပ်ပြီး ဂရုမစိုက်ပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်မှာပါ။ တော်လှန်ရေး မပြီးမချင်း ဆက်လုပ်သွားမှာပါ။ အခုလို အမှုဖွင့်ပြီး လိုက်ဖမ်းနေတော့ တော်လှန်ရေး ဆက်လုပ်ဖို့ အခက်အခဲတော့ ရှိတာပေါ့။ ပြည်သူတွေက ခုချိန်မှာ ကြောက်နေကြရတာ ဆိုတော့ အလှူငွေ ကောက်ခံရတာ နည်းသွားတာပေါ့” လို့ ကာယကံရှင်ဖြစ်သူ မနုနုထွေးက မဲခေါင်သတင်းကို ပြောပါတယ်

အင်းလေး PDF အပါအဝင်‌ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ပြည်သူကိုသာ အားကိုးနေရတာကြောင့် ပြည်သူတွေ အနေနဲ့ အားတင်းပြီး ဆက်လက် ကူညီပေးကြဖို့ မနုနုထွေးက မေတ္တာရပ်ခံပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာလ ၃ရက်က မနုနုထွေးကို အကြမ်းဖက် အားပေးတဲ့ ပိုစ့်တွေ တင်တာ၊ အကြမ်းဖက် အဖွဲ့အစည်းတွေကို အားပေး ထောက်ပံ့တာ၊ ဒေါ်အောင်ဆန်းစုကြည် ပုံပါတဲ့ ပရိုဖိုင် တင်ထားတာတွေကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မနုနုထွေးရဲ့ လူမှုကွန်ရက်အကောင့်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေကိုပါ စစ်ကောင်စီ လက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေနေတာဖြစ်ပြီး ကိုယ်ရေး အချက်အလက်တွေကို ထပ်မံ စိစစ်နေဆဲလို့ ဖော်ပြထားပါတယ်။

Crd

Unicode

အင္းေလး PDF ေထာက္ပို႔ အမ်ိဳးသမီးတပ္ဖြဲ႕ဝင္ကို စစ္ေကာင္စီက အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ ရွာေဖြေန

မဲေခါင္၊ နိုဝင္ဘာ ၅

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေရႊၿမိဳ႕နယ္၊ အင္းေလးေဒသ အေျခစိုက္ အင္းေလး PDF (NUG -၁၀၀၉ တပ္ရင္း) ရဲ့ ေထာက္ပို႔ တပ္ဖြဲ႕ဝင္ တစ္ဦးကို စစ္ေကာင္စီက အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ထားၿပီး အသည္းအသန္း လိုက္လံ ရွာေဖြေနတယ္လို႔ သိရပါတယ္။

အင္းေလး PDF ေထာက္ပို႔ တပ္ဖြဲ႕ဝင္ မႏုႏုေထြးကို စစ္ေကာင္စီက ေညာင္ေရႊၿမိဳ႕မရဲစခန္းမွာ (ပ)၈/၂၀၂၂၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၂(က)နဲ႔ စက္တင္ဘာလ ၁၉ ရက္ကတည္းက အမႈဖြင့္ထားၿပီး လိုက္လံ ရွာေဖြ ဖမ္းဆီးေနတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

“ကၽြန္မေတာ့ သိပ္ၿပီး ဂ႐ုမစိုက္ပါဘူး။ လုပ္စရာရွိတာ ဆက္လုပ္မွာပါ။ ေတာ္လွန္ေရး မၿပီးမခ်င္း ဆက္လုပ္သြားမွာပါ။ အခုလို အမႈဖြင့္ၿပီး လိုက္ဖမ္းေနေတာ့ ေတာ္လွန္ေရး ဆက္လုပ္ဖို႔ အခက္အခဲေတာ့ ရွိတာေပါ့။ ျပည္သူေတြက ခုခ်ိန္မွာ ေၾကာက္ေနၾကရတာ ဆိုေတာ့ အလႉေငြ ေကာက္ခံရတာ နည္းသြားတာေပါ့” လို႔ ကာယကံရွင္ျဖစ္သူ မႏုႏုေထြးက မဲေခါင္သတင္းကို ေျပာပါတယ္။

အင္းေလး PDF အပါအဝင္‌ ေတာ္လွန္ေရး အင္အားစုေတြ အေနနဲ႔ ျပည္သူကိုသာ အားကိုးေနရတာေၾကာင့္ ျပည္သူေတြ အေနနဲ႔ အားတင္းၿပီး ဆက္လက္ ကူညီေပးၾကဖို႔ မႏုႏုေထြးက ေမတၱာရပ္ခံပါတယ္။

စစ္ေကာင္စီဝါဒျဖန႔္ တယ္လီဂရမ္ခ်န္နယ္ေတြမွာ နိုဝင္ဘာလ ၃ရက္က မႏုႏုေထြးကို အၾကမ္းဖက္ အားေပးတဲ့ ပိုစ့္ေတြ တင္တာ၊ အၾကမ္းဖက္ အဖြဲ႕အစည္းေတြကို အားေပး ေထာက္ပံ့တာ၊ ေဒၚေအာင္ဆန္းစုၾကည္ ပုံပါတဲ့ ပရိုဖိုင္ တင္ထားတာေတြေၾကာင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒအရ အေရးယူထားတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ မႏုႏုေထြးရဲ့ လူမႈကြန္ရက္အေကာင့္၊ ေနရပ္လိပ္စာ၊ ဖုန္းနံပါတ္ေတြကိုပါ စစ္ေကာင္စီ လက္ေအာက္ခံ တယ္လီဂရမ္ခ်န္နယ္ေတြက ျဖန႔္ေဝေနတာျဖစ္ၿပီး ကိုယ္ေရး အခ်က္အလက္ေတြကို ထပ္မံ စိစစ္ေနဆဲလို႔ ေဖာ္ျပထားပါတယ္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *