KNU သထုံခရိုင်အတွင်းတို-က်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လ-က်န-က်ကြီးထိမှန်ကျဆုံး

KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး

ထိုက်ထိုက်၊ရဲခေါင်/People’s Spring

ကရင်အမျိုးသားသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်း၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတစ်ခုတွင် ဒေသတွင်းတော်လှန်ရေးတပ် Hawk Revolutionary Squad-HRS မှတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း HRSက အသိပေးသည်။

အသက် ၂၁နှစ်အရွယ် ရဲဘော်ထွန်းထွန်း(ခ)အထွန်း နှင့် အသက် ၂၉နှစ်အရွယ် ရဲဘော်ဝေဖြိုးဦးတို့သည် စစ်အာဏာရှင်စနစ်ဆိုးအား အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်တိုက်ပွဲဝင်ရင်း နိုဝင်ဘာ ၂ရက်တွင် ကျဆုံးခဲ့ကြောင်း HRSက ထုတ်ပြန်သည်။

“တိုက်ပွဲအပြီး အပြန်ရန်သူ့ဘက်က လက်နက် ကြီး ပစ်ခတ်ရာမှာ ကျသွားတာပါ။ မွန်ပြည်နယ် သထုံခရိုင် အတွင်းမှာပါ”ဟု HRS တာဝန်ရှိသူ တစ်ဦးက ပြောသည်။

HRS အနေဖြင့် သထုံခရိုင်အတွင်း အထူးသဖြင့် သထုံ၊ ကျိုက္ကော်နှင့် ဘီးလင်း ဒေသများ၌ လှုပ်ရှားတိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

“ညီအစ်ကိုရဲဘော်ရဲဘက်ကောင်းနှစ်ဦးအားဆုံးရှုံးခဲ့ရသည့်အတွက် မိမိတို့ရဲ‌ဘော်များ အနေဖြင့်လွန်စွာမှ ကြေကွဲဝမ်းနည်းကြရပါသည်။ ကျန်ရစ်သောရဲ‌ဘော်ရဲဘက်များ အနေဖြင့်ဤတန်ဖိုးကြီးမား‌ သောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်”ဟု HRSက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် မိမိပေါ်ပေါ် မီးခဲကျမှ ပူသသည့်အခြေအနေမျိုး ဖြစ်မနေကြစေရန် တက်နိုင်သည့်ဘက်က တော်လှန်ရေးတွင် ပါဝင်ပေးစေလိုကြောင်း HRS တာဝန်ရှိသူက ပြောသည်။

“အချိန်ရှိတုန်းမှာ အားလုံး အားသွန်ခွန်စိုက်ဝိုင်းတွန်းစေချင်တယ်။ မဟုတ်ရင် အသက်တွေ မလိုအပ်ဘဲ ဆုံးရှုံးရတာတွေ ထပ်ပြီး အမြင်မခံစားချင်တော့လို့ပါ”ဟု HRS တာဝန်ရှိသူက ပြောသည်။

ကျန်ရစ်သည့် ရဲဘော်ရဲဘက်များ အနေဖြင့်တန် ဖိုးကြီးမား‌သောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု HRSက ကတိပြုသည်။

“သထုံ နဲ့ဘီးလင်းကြား ရန်ကုန် -မော်လမြိုင်အဝေးပြေးလမ်းမကြီး ပေါ်မှာ mission ပြီးအပြန် နောက်နေ့မှာ ရန်သူ့လက်နက်ကြီးထိပြီး ကျဆုံးသွားရတာပါ”ဟု HRS တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

KNU တပ်မဟာ(၁)နယ်မြေတွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး ယခုလဆန်းပိုင်းတွင် ကျိုက်ထိုမြို့မှတစ်ဆင့် ဘီးလင်းမြို့သို့ အကြမ်းဖက်စစ်ကောင်စီက စစ်ကား ခြောက်စီးထက်မနည်း အင်အားဖြည့်တင်းနေကြောင်း ဒေသခံသတင်း ရင်းမြစ် KTO က ဖော်ပြသည်။

KNU သထုံခရိုင္အတြင္းတိုက္ပြဲ၌ HRSမွ ေတာ္လွန္ေရးရဲေဘာ္ႏွစ္ဦး လက္နက္ႀကီးထိမွန္က်ဆုံး

ထိုက္ထိုက္၊ရဲေခါင္/People’s Spring

ကရင္အမ်ိဳးသားသားအစည္းအ႐ုံး(KNU) တပ္မဟာ(၁)နယ္ေၿမ သထုံခရိုင္အတြင္း၌ ျဖစ္ပြားခဲ့သည့္တိုက္ပြဲတစ္ခုတြင္ ေဒသတြင္းေတာ္လွန္ေရးတပ္ Hawk Revolutionary Squad-HRS မွတပ္ဖြဲ႕ဝင္ ႏွစ္ဦး လက္နက္ႀကီးထိမွန္က်ဆုံးခဲ့ေၾကာင္း HRSက အသိေပးသည္။

အသက္ ၂၁ႏွစ္အရြယ္ ရဲေဘာ္ထြန္းထြန္း(ခ)အထြန္း ႏွင့္ အသက္ ၂၉ႏွစ္အရြယ္ ရဲေဘာ္ေဝၿဖိဳးဦးတို႔သည္ စစ္အာဏာရွင္စနစ္ဆိုးအား အၿပီးသတ္ ေခ်မႈန္းနိုင္ေရးအတြက္ လက္နက္စြဲကိုင္ေတာ္လွန္တိုက္ပြဲဝင္ရင္း နိုဝင္ဘာ ၂ရက္တြင္ က်ဆုံးခဲ့ေၾကာင္း HRSက ထုတ္ျပန္သည္။

“တိုက္ပြဲအၿပီး အျပန္ရန္သူ႔ဘက္က လက္နက္ ႀကီး ပစ္ခတ္ရာမွာ က်သြားတာပါ။ မြန္ျပည္နယ္ သထုံခရိုင္ အတြင္းမွာပါ”ဟု HRS တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

HRS အေနျဖင့္ သထုံခရိုင္အတြင္း အထူးသျဖင့္ သထုံ၊ က်ိဳေကၠာ္ႏွင့္ ဘီးလင္း ေဒသမ်ား၌ လႈပ္ရွားတိုက္ပြဲဝင္ေနသည့္ အဖြဲ႕ျဖစ္သည္။

“ညီအစ္ကိုရဲေဘာ္ရဲဘက္ေကာင္းႏွစ္ဦးအားဆုံးရႈံးခဲ့ရသည့္အတြက္ မိမိတို႔ရဲ‌ေဘာ္မ်ား အေနျဖင့္လြန္စြာမွ ေၾကကြဲဝမ္းနည္းၾကရပါသည္။ က်န္ရစ္ေသာရဲ‌ေဘာ္ရဲဘက္မ်ား အေနျဖင့္ဤတန္ဖိုးႀကီးမား‌ ေသာဆုံးရႈံးမႈကို အင္အားအျဖစ္အသုံးခ်ကာ ေတာ္လွန္ေရးၿပီးေျမာက္ေအာင္ျမင္သည္အထိ ဆက္လက္တိုက္ပြဲဝင္သြားမည္ျဖစ္သည္”ဟု HRSက ထုတ္ျပန္သည္။

ျပည္သူမ်ားအေနျဖင့္ မိမိေပၚေပၚ မီးခဲက်မွ ပူသသည့္အေျခအေနမ်ိဳး ျဖစ္မေနၾကေစရန္ တက္နိုင္သည့္ဘက္က ေတာ္လွန္ေရးတြင္ ပါဝင္ေပးေစလိုေၾကာင္း HRS တာဝန္ရွိသူက ေျပာသည္။

“အခ်ိန္ရွိတုန္းမွာ အားလုံး အားသြန္ခြန္စိုက္ဝိုင္းတြန္းေစခ်င္တယ္။ မဟုတ္ရင္ အသက္ေတြ မလိုအပ္ဘဲ ဆုံးရႈံးရတာေတြ ထပ္ၿပီး အျမင္မခံစားခ်င္ေတာ့လို႔ပါ”ဟု HRS တာဝန္ရွိသူက ေျပာသည္။

က်န္ရစ္သည့္ ရဲေဘာ္ရဲဘက္မ်ား အေနျဖင့္တန္ ဖိုးႀကီးမား‌ေသာဆုံးရႈံးမႈကို အင္အားအျဖစ္အသုံးခ်ကာ ေတာ္လွန္ေရးၿပီးေျမာက္ေအာင္ျမင္သည္အထိ ဆက္လက္တိုက္ပြဲဝင္သြားမည္ဟု HRSက ကတိျပဳသည္။

“သထုံ နဲ႔ဘီးလင္းၾကား ရန္ကုန္ -ေမာ္လၿမိဳင္အေဝးေျပးလမ္းမႀကီး ေပၚမွာ mission ၿပီးအျပန္ ေနာက္ေန႔မွာ ရန္သူ႔လက္နက္ႀကီးထိၿပီး က်ဆုံးသြားရတာပါ”ဟု HRS တာဝန္ရွိသူက လူထုေႏြဦးသို႔ ရွင္းျပသည္။

KNU တပ္မဟာ(၁)နယ္ေျမတြင္လည္း တိုက္ပြဲမ်ားျပင္းထန္ေနၿပီး ယခုလဆန္းပိုင္းတြင္ က်ိဳက္ထိုၿမိဳ႕မွတစ္ဆင့္ ဘီးလင္းၿမိဳ႕သို႔ အၾကမ္းဖက္စစ္ေကာင္စီက စစ္ကား ေျခာက္စီးထက္မနည္း အင္အားျဖည့္တင္းေနေၾကာင္း ေဒသခံသတင္း ရင္းျမစ္ KTO က ေဖာ္ျပသည္။

crd

Leave a Reply

Your email address will not be published. Required fields are marked *