ဗိုလ္တေထာင္ၿမိဳ႕နယ္မွာဖမ္းမိတဲ့တကၠသိုလ္ေက်ာင္းသား ၄ ဦးကို ေထာင္ ၃ႏွစ္စီခ်
People’s Spring




ဗိုလ္တေထာင္ၿမိဳ႕နယ္ ၄၅ လမ္းမွာ ၿပီးခဲ့တဲ့ မတ္လအတြင္း ဖမ္းဆီးခံရတဲ့ တကၠသိုလ္ေက်ာင္းသား ၄ဦးကို အင္းစိန္ေထာင္တြင္းတရား႐ုံးက ဆူပူေအာင္လႈံေဆာ္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) နဲ႔ ဒီေန႔မွာ ေထာင္ဒဏ္ ၃ ႏွစ္စီခ်လိုက္ပါတယ္။
တကၠသိုလ္ေက်ာင္းသားေတြျဖစ္တဲ့ ကိုေက်ာ္ထက္ေအာင္ ၊ကိုသက္ေအာင္မိုး၊ မုံ႐ြာစီးပြားေရး တကၠသိုလ္ ေက်ာင္းသူေဟာင္း မမိုးမၪၥဴ(ခ)ရွေလာင္ဝ္နဲ႔ ရန္ကုန္ အေနာက္ပိုင္းတကၠသိုလ္မွ ကိုစိုင္းမင္းခန႔္ေက်ာ္ တို႔ကို စစ္ေကာင္စီကေထာင္ခ်လိုက္တာပါ။




ပုဒ္မ ၅၀၅(က)နဲ႔ ေထာင္ခ်လိုက္တဲ့အျပင္ အၾကမ္းဖက္ပုဒ္မေတြနဲ႔ပါ ထပ္မံအမႈဆင္ဖို႔ စစ္ေကာင္စီရဲ႕ရန္ကုန္တိုင္းနယ္လုံဝန္ႀကီးက အမိန႔္ထားတာကို ရဲသတင္းရင္းျမစ္ေတြဆီက သိရေၾကာင္း ရန္ကုန္စီးပြားေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(႐ြာသာႀကီးနယ္ေျမ)က သတင္းထုတ္ျပန္ထားပါတယ္။
ဒီလ ၾသဂုတ္လ ၈ ရက္ေန႔မွာ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ အၾကမ္းဖက္ပုဒ္မေတြနဲ႔ အမႈ ကို ထပ္မံ ရင္ဆိုင္ရမွာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။




ဓာတ္ပုံ −ရန္ကုန္စီးပြားေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(႐ြာသာႀကီးနယ္ေျမ
Unicode
ဗိုလ်တထောင်မြို့နယ်မှာဖမ်းမိတဲ့တက္ကသိုလ်ကျောင်းသား ၄ ဦးကို ထောင် ၃နှစ်စီချ
People’s Spring
ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း ဖမ်းဆီးခံရတဲ့ တက္ကသိုလ်ကျောင်းသား ၄ဦးကို အင်းစိန်ထောင်တွင်းတရားရုံးက ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။
တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုကျော်ထက်အောင် ၊ကိုသက်အောင်မိုး၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသူဟောင်း မမိုးမဉ္စူ(ခ)ရှလောင်ဝ်နဲ့ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ ကိုစိုင်းမင်းခန့်ကျော် တို့ကို စစ်ကောင်စီကထောင်ချလိုက်တာပါ။




ပုဒ်မ ၅၀၅(က)နဲ့ ထောင်ချလိုက်တဲ့အပြင် အကြမ်းဖက်ပုဒ်မတွေနဲ့ပါ ထပ်မံအမှုဆင်ဖို့ စစ်ကောင်စီရဲ့ရန်ကုန်တိုင်းနယ်လုံဝန်ကြီးက အမိန့်ထားတာကို ရဲသတင်းရင်းမြစ်တွေဆီက သိရကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)က သတင်းထုတ်ပြန်ထားပါတယ်။
ဒီလ သြဂုတ်လ ၈ ရက်နေ့မှာ အရှေ့ပိုင်းခရိုင် တရားရုံးမှာ အကြမ်းဖက်ပုဒ်မတွေနဲ့ အမှု ကို ထပ်မံ ရင်ဆိုင်ရမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။




ဓာတ်ပုံ −ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ
Crd