ရပ်တည်ချက်ဟာ အသိတရားတစ်ခုဖြစ်လို့ အရမ်းတန်ဖိုးကြီးတယ်လို့ ခံယူထားတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း

Unicode

ရပ်တည်ချက်ဟာ အသိတရားတစ်ခုဖြစ်လို့ အရမ်းတန်ဖိုးကြီးတယ်လို့ ခံယူထားတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း

တရားစွဲဆိုခံထားရတာကြောင့် လက်ရှိမှာ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရတာလဲ ဖြစ်ပါတယ်။အဆိုတော် ဖြူဖြူကျော်သိန်း ဟာ ခံဝန်ထိုးပြီး အနုပညာတွေကို ပြန်လည်လုပ်ကိုင်လို့ရပေမယ့်လဲ ယခုအချိန်ထိတိုင် ဂီတနဲ့ပတ်သက်တဲ့အရာတွေကို ဘာတစ်ခုမှ မလုပ်ကိုင်သေးတာကို တွေ့ရပါတယ်။

ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ပြည်သူတွေဘက်က ရပ်တည်နေတဲ့ ဖြူဖြူကိုတော့ ပရိသတ်အားလုံးက ချစ်ခင်ကြပါတယ်။” တန်တယ် မတန်ဘူး လို့တွေးနေမိတယ် ဆိုရင်တော့ ရပ်တည်ချက် ဘယ်မည်မလဲလေ။ စီးပွားရေးလုပ်ကွက်တစ်ခုပဲ ဖြစ်မှာပေါ့။

တန်တန် မတန်တန် ဆုပ်ကိုင်ထားချင်မှသာ ရပ်တည်ချက်ဖြစ်တာလေ။ ရပ်တည်ချက် ဆိုလို့ ဝေဝေဆာဆာ ၊ကျယ်ကျယ်လောင်လောင်၊ လှုပ်လှုပ်ရှားရှား ဖြစ်မှလည်း မဟုတ်ရပါဘူး။

သိပ်လည်း မခမ်းနားလှပါဘူး။ သိပ်လည်း ပွဲမဆူရပါဘူး။ တခါတရံ ရပ်တန့်ပေးထားရတာကိုက ရပ်တည်ချက်။ တခါတရံ ပြောတဲ့အတိုင်းတည်တံ့ပြရတာကိုက ရပ်တည်ချက်။ တခါတရံ တည်ရှိပေးနေရတာကိုက ရပ်တည်ချက်။ အဲ့ဒီ မရွေ့မလျားတဲ့ ရပ်တည်ချက်ကိုက လှုပ်ရှားမှုတစ်ခု ဖြစ်နေတော့တာ။

ဥပမာလေးတစ်ခု ပြောရရင်… မူးယစ်တိုက်ဖျက်ရေးသံတမန်လုပ်တုန်းက မီဒီယာက မေးတယ်။ ဒါအတွက် မဖြူ ဘာလှုပ်ရှားမှုတွေ လုပ်နေသလဲ တဲ့။ ဟုတ်ကဲ့၊ “ကျွန်မ မူးယစ်ဆေးဝါး လုံးဝမသုံးစွဲဘူး” ဆိုတဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကိုက လှုပ်ရှားမှုတစ်ခုပါလို့။

ဘာကြောင့်လဲဆို…အင်မတန် performance ကောင်းပါတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်းဟာ မူးယစ်ဆေးဝါးမလိုဘူးဆိုရင်…လူငယ်တွေအတွက် စင်ပေါ်တက်ဖို့ အနုပညာမြောက်ဖို့ မူးယစ်ဆေးဝါး သုံးစရာ မလိုဘူးဆိုတဲ့ ပြတ်သားတဲ့ message ပဲလေ။ အဲဒီတော့ မေးကြတယ်။

ရပ်တည်ချက်ဆိုတာ တန်ဖိုးရောကြီးရဲ့လား
တဲ့။ ဟုတ်ကဲ့၊ တခါတရံ အဆမတန် တန်ဖိုးကြီးတတ်ပါတယ်။ တချို့တချို့တွေအတွက် အသက်တွေလည်းဖြစ်တတ်ပါတယ်၊ ဘဝတွေလည်း ဖြစ်တတ်ပါတယ်၊

ခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်းဖြစ်တတ်ပါတယ်၊ တစ်သက်တာရှာဖွေစုဆောင်းထားသမျှ ပိုင်ဆိုင်မှုတွေလည်းဖြစ်တတ်ပါတယ်၊မက်မောစွာဖက်တွယ်ထားတဲ့ career တွေ၊ အောင်မြင်မှုတွေ၊ အိပ်မက်‌တွေ၊ relationship တွေလည်းဖြစ်တတ်ပါတယ်၊

မိဘဆွေမျိုးမိတ်ဆွေတွေရဲ့ ပစ်ပယ်ခြင်းလည်း ဖြစ်တတ်ပါတယ်။ဟိုတစ်ရက်က ရပ်တည်ချက်ကိုဈေးကြီးကြီးပေးဝယ်ထားတဲ့ အကိုတစ်ယောက်နဲ့ စကားပြောမိတယ်။

“အကိုရယ်…အကို့နာမည်ဂုဏ်အနေအထားနဲ့ အသာလေး ပြန်ပေါင်းထုပ်လို့ ရသားနဲ့၊ သူများတွေလည်း ဒီလိုပဲလေ” လို့ဆိုတော့…သူကပြန်ပြောတယ် “ကိုယ့် အသိတရားကခွင့်မပြုဘူး” တဲ့။ အဲ့ဒီအကိုက ဘွဲ့ရပညာတတ်ကြီးလည်းမဟုတ်ရှာပါဘူး။

ရပ်တည်ချက်ဆိုတာ ပညာအရည်အချင်းလည်း မဟုတ်ပြန်ပါဘူးလေ။Your stance is worth everything” လို့ ဖြူဖြူကျော်သိန်း ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *