နိုဝင်ဘာ ၎
unicode
လူငယ် ဗေဒင်ဆရာ လင်းညို့တာရာ ဒီနေ့ မနက် ပြန်လွတ်လာ
နိုဝင်ဘာ ၄
လူငယ် ဗေဒင်ဆရာ လင်းညို့တာရာဟာ
ဒီနေ့မနက်ပိုင်းက ပြန်လည် လွတ်မြောက်ပြီ ဖြစ်ကြောင်း၊
သူ့ရဲ့ မိတ်ဆွေတစ်ဦးတဲ့ ကိုသစ်သူရဈာန်ကပြောပါတယ်။
“ လင်းညို့တာရာ ပြန်လွတ်လာပါပြီနော်
ဒီနေ့မနက်ပဲ ပျော်လွန်းလို့ ခြေလက်တွေပါတုန်တယ်”
ဆိုပြီး ယင်းက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာထက်ကနေ
ပုံနဲ့တကွရေးသားခဲ့တာဖြစ်ပါတယ် ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့ရှိ
တောင်ဥက္ကလာပ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ
ပြီးခဲ့တဲ့နှစ်အတွင်းက ထောင်ဒဏ် ၂နှစ်အထိ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဗေဒင်ဆရာ လင်းညို့တာရာ ဖမ်းဆီးခံရတဲ့ အချိန်တွင်းလည်း
ပြည်သူများက သူ့ကို ပြန်လည်လွှတ်ပေးရန် တောင်ဥက္ကလာပ ရဲစခန်းရှေ့၌
တောင်းဆိုမှုများလည်းပြုလုပ်ခဲ့သလို
နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနဲ့ပတ်သက်ပြီး
ဗေဒင်ဆရာ လင်းညို့တာရာမှ မြန်မာနိုင်ငံအတွက်
အခြေခံဟောချက် ၁၇ ချက်ကို ထုတ်ပြန်ခဲ့ပြီး
အဆိုပါအချက်အချို့သည် မှန်ကန်နေသည့်အတွက်
ပြည်သူများအကြား သတင်းကြီးခဲ့ပါတယ် ။
သူ့ရဲ့ဟောပြောချက်တွေထဲက တစ်ခုဖြစ်တဲ့
မြန်မာနိုင်ငံမှာ ကိုယ့်ကိုကိုယ်သတ်သေမှုနဲ့
ဒုစရိုက်မှုတွေများလာလိမ့်မယ်ဆိုတဲ့ ဟောချက်ဟာ
ဒီနေ့ခေတ်အနေအထားနဲ့ ထပ်တူကျနေတယ်လို့ဆိုရမှာဖြစ်ပါတယ် ။
credit