မင္းေအာင္လႈိင္ႏွင့္ စိုးဝင္းတို႔၏ ရန္ကုန္ေနအိမ္ အနီးကပ္ လုံၿခဳံေရး ယူထားသည့္ အင္းလ်ားလမ္း စစ္တပ္ဂိတ္ ပစ္ ခတ္ခံရ၊ ည ၈ နာရီမွစတင္၍ အင္းလ်ားလမ္း ျဖတ္သန္းခြင့္ စတင္ပိတ္
ရန္ကုန္၊ ႏိုဝင္ဘာ ၂
အၾကမ္းဖက္ မင္းေအာင္လႈိင္ႏွင့္ စိုးဝင္းတို႔၏ ရန္ကုန္ေနအိမ္မ်ား တည္ရွိရာ အင္းလ်ားလမ္း လုံ ၿခဳံေရးယူထား သည့္ စစ္တပ္ဂိတ္ကို ေအာက္တိုဘာ ၃၁ ရက္ေန႔ညပိုင္းတြင္ ပစ္ခတ္ခံရသျဖင့္ ညပိုင္း အင္းလ်ားလမ္းဘက္သို႔ ကားျဖတ္ သန္းခြင့္ စတင္ပိတ္ပင္လိုက္ေၾကာင္း ရဲသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။
ေအာက္တိုဘာလ ၃၁ ရက္ေန႔ ည ၁၁ နာရီ ၃၅ မိနစ္အခ်ိန္ ရန္ကုန္ၿမိဳ႕ အင္းလ်ားလမ္းႏွင့္ေဇာ္ဂ်ီလမ္းေထာင့္ရွိစစ္တပ္ လုံၿခဳံေရးဂိတ္ကို အမည္မသိ ေသနတ္သမားမ်ားက ကားျဖင့္ ပစ္ခတ္သြားေၾကာင္း၊ စစ္တပ္ဘက္ကလည္း ကားကို ျပန္လည္ ပစ္ခတ္ခဲ့ေသာ္လည္း ဖမ္းဆီးရမိျခင္းမရွိေၾကာင္း သိရွိရသည္။
“ပစ္ခတ္ခံရတဲ့ စစ္တပ္ဂိတ္က တပ္ခ်ဳပ္(မင္းေအာင္လႈိင္) အိမ္နဲ႔ေရာ ဒုခ်ဳပ္(စိုးဝင္း)အိမ္ လုံၿခဳံေရး မိန္းဂိတ္ပါ။ အင္းလ်ားလမ္း ဟိုဘက္ထိပ္ ဒီဘက္ထိပ္ လုံၿခဳံေရးဂိတ္ေတြပဲ။ ႏိုဝင္ဘာလ ၁ ရက္ေန႔ကစၿပီး ည ၈ နာရီဆို အင္းလ်ားလမ္း ပိတ္ဖို႔ ၫႊန္ၾကားခ်က္ ထြက္တယ္။ Sakura Residence နားေလာက္ကေန စပိတ္တယ္။ လူႀကီးေတြရန္ကုန္ေရာက္ လာရင္ေတာ့ လုံး၀ ကား၊ လူ ေပးမျဖတ္တာမ်ိဳးလုပ္ဖို႔ လည္းရွိတယ္လို႔ သိရပါတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာသည္။
မင္းေအာင္လႈိင္ႏွင့္စိုးဝင္းအိမ္မ်ား တည္ရွိေနသည့္အတြက္ အင္းလ်ားလမ္းႏွင့္ ျပည္လမ္း တစ္ ေလွ်ာက္တြင္ လုံၿခဳံ ေရးႏွင့္ ကင္းပုန္းမ်ား ခ်ထားေသာ္လည္း ေအာက္တိုဘာ ၃၁ ရက္ေန႔ ညပိုင္း ပစ္ခတ္သြားသည့္ ကားကို ဖမ္းမိျခင္းမရွိခဲ့မႈအေပၚ လုံၿခဳံေရးေပါ့ေလ်ာ့မႈျဖင့္ စစ္တပ္ႏွင့္ရဲအရာရွိတာဝန္ရွိသူတခ်ိဳ႕ စစ္ေဆးခံေနရေၾကာင္း လည္း သိရွိရသည္။
============
မင်းအောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်နေအိမ် အနီးကပ် လုံခြုံရေး ယူထားသည့် အင်းလျားလမ်း စစ်တပ်ဂိတ် ပစ် ခတ်ခံရ၊ ည ၈ နာရီမှစတင်၍ အင်းလျားလမ်း ဖြတ်သန်းခွင့် စတင်ပိတ်
ရန်ကုန်၊ နိုဝင်ဘာ ၂
အကြမ်းဖက် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်နေအိမ်များ တည်ရှိရာ အင်းလျားလမ်း လုံ ခြုံရေးယူထား သည့် စစ်တပ်ဂိတ်ကို အောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းတွင် ပစ်ခတ်ခံရသဖြင့် ညပိုင်း အင်းလျားလမ်းဘက်သို့ ကားဖြတ် သန်းခွင့် စတင်ပိတ်ပင်လိုက်ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်မြို့ အင်းလျားလမ်းနှင့်ဇော်ဂျီလမ်းထောင့်ရှိစစ်တပ် လုံခြုံရေးဂိတ်ကို အမည်မသိ သေနတ်သမားများက ကားဖြင့် ပစ်ခတ်သွားကြောင်း၊ စစ်တပ်ဘက်ကလည်း ကားကို ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရှိရသည်။
“ပစ်ခတ်ခံရတဲ့ စစ်တပ်ဂိတ်က တပ်ချုပ်(မင်းအောင်လှိုင်) အိမ်နဲ့ရော ဒုချုပ်(စိုးဝင်း)အိမ် လုံခြုံရေး မိန်းဂိတ်ပါ။ အင်းလျားလမ်း ဟိုဘက်ထိပ် ဒီဘက်ထိပ် လုံခြုံရေးဂိတ်တွေပဲ။ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ည ၈ နာရီဆို အင်းလျားလမ်း ပိတ်ဖို့ ညွှန်ကြားချက် ထွက်တယ်။ Sakura Residence နားလောက်ကနေ စပိတ်တယ်။ လူကြီးတွေရန်ကုန်ရောက် လာရင်တော့ လုံး၀ ကား၊ လူ ပေးမဖြတ်တာမျိုးလုပ်ဖို့ လည်းရှိတယ်လို့ သိရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။
မင်းအောင်လှိုင်နှင့်စိုးဝင်းအိမ်များ တည်ရှိနေသည့်အတွက် အင်းလျားလမ်းနှင့် ပြည်လမ်း တစ် လျှောက်တွင် လုံခြုံ ရေးနှင့် ကင်းပုန်းများ ချထားသော်လည်း အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်း ပစ်ခတ်သွားသည့် ကားကို ဖမ်းမိခြင်းမရှိခဲ့မှုအပေါ် လုံခြုံရေးပေါ့လျော့မှုဖြင့် စစ်တပ်နှင့်ရဲအရာရှိတာဝန်ရှိသူတချို့ စစ်ဆေးခံနေရကြောင်း လည်း သိရှိရသည်။
crd