သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးကလျာဏ (ယောယော) ဖမ်းဆီးခံရကြောင်း အတည်ပြု၊
မန္တလေး မြေပြင်သပိတ်မှာ ပါဝင်လေ့ရှိတဲ့ လူငယ်တွေလည်း အဆက်အသွယ် ပြတ်နေပြီး ဖမ်းဆီးခံရဟု ယူဆရ၊
MFP ၊ အောက်တိုဘာ – ၃၀
သံဃသမဂ္ဂ(မန္တလေး)ရဲ့ ဦးဆောင်သံဃာတစ်ပါး ဖြစ်တဲ့ ဦးကလျာဏ (ယောယော) ဒီနေ့ အောက်တိုဘာ(၃၀)ရက် ညနေ(၅)နာရီဝန်းကျင်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတယ်လို့ သံဃသမဂ္ဂ (မန္တလေး)က အတည်ပြု ထုတ်ပြန်ပါတယ်။
“ဦးကလျာဏ (ယောယော) ၃၀-၁၀-၂၀၂၂ ညနေ(၅:၀၀) ဝန်းကျင် အချိန်က အကြမ်းဖက် စစ်မိစ္ဆာများ၏ မတရား အကြမ်းဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်၊၊ အကြမ်းဖက် စစ်မိစ္ဆာများ၏ ဖမ်းဆီးခြင်းမခံရမီ အချိန်အထိ ဦးကလျာဏ သည် ကျန်းမာရေး အလွန်ကောင်းမွန်ပြီး ပျော်ရွှင်စွာ နေတတ်သော ငယ်ဖြူစာချ ရဟန်းငယ်တစ်ပါး ဖြစ်ပါသည်။
ထို့ကြောင့် ဦးကလျာဏ၏ ကျန်းမာရေးနှင့် အသက် အန္တရာယ် တစ်စုံတရာ ဖြစ်ခဲ့သော် အကြမ်းဖက် ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ တာဝန်ယူကြရမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်လိုက်သည်၊” လို့ သံဃသမဂ္ဂ (မန္တလေး)က ဖော်ပြပါတယ်
ဦးကလျာဏ သာမက မန္တလေးက သပိတ်လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လေ့ရှိတဲ့ လူငယ်တချို့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
“မြေပြင်သပိတ် ရဲဘော်တချို့ အဆက်သွယ်ပြတ်နေပါတယ်။ ရှောင်သင့်သူများ ရှောင်ကြပါ” လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတဲ့ မန္တလေး မြေပြင်သပိတ်တွေမှာ ပါဝင်လေ့ရှိတဲ့ လူငယ် ငါးဦးထက်မနည်း အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပြီး အတည်မပြုနိုင်သေးပေမယ့် စစ်အုပ်စုရဲ့ ဖမ်းဆီးခံလိုက်ရပြီလို့ ယူဆရကြောင်း နီးစပ်သူတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် ညှဉ်းပန်း ငွေညှစ်နေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ လပိုင်းကလည်း မန္တလေးက ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတဲ့ မြေပြင်သပိတ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ သံဃာနှင့် လူငယ်တွေကို စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးပြီး ဒီနေ့အထိ သတင်းအမှောင်ချထားကာ အဲ့ဒီ ဖမ်းဆီးခံရတဲ့အထဲက လူငယ်တချို့ကို ညှဉ်းပန်းသတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
Crd
Zawgyi(version)
သံဃသမဂၢ (မႏၱေလး) ဦးေဆာင္သံဃာတစ္ပါးျဖစ္တဲ့ ဦးကလ်ာဏ (ေယာေယာ) ဖမ္းဆီးခံရေၾကာင္း အတည္ျပဳ၊
မႏၱေလး ေျမျပင္သပိတ္မွာ ပါဝင္ေလ့ရွိတဲ့ လူငယ္ေတြလည္း အဆက္အသြယ္ ျပတ္ေနၿပီး ဖမ္းဆီးခံရဟု ယူဆရ၊
MFP ၊ ေအာက္တိုဘာ ၃၀
သံဃသမဂၢ(မႏၱေလး)ရဲ႕ ဦးေဆာင္သံဃာတစ္ပါး ျဖစ္တဲ့ ဦးကလ်ာဏ (ေယာေယာ) ဒီေန႕ ေအာက္တိုဘာ(၃၀)ရက္ ညေန(၅)နာရီဝန္းက်င္မွာ စစ္အုပ္စုရဲ႕ ဖမ္းဆီးျခင္း ခံလိုက္ရတယ္လို႔ သံဃသမဂၢ (မႏၱေလး)က အတည္ျပဳ ထုတ္ျပန္ပါတယ္။
ဦးကလ်ာဏ (ေယာေယာ) ၃၀-၁၀-၂၀၂၂ ညေန(၅:၀၀) ဝန္းက်င္ အခ်ိန္က အၾကမ္းဖက္ စစ္မိစ္ဆာမ်ား၏ မတရား အၾကမ္းဖက္ ဖမ္းဆီးျခင္းကို ခံခဲ့ရပါသည္၊၊ အၾကမ္းဖက္ စစ္မိစ္ဆာမ်ား၏ ဖမ္းဆီးျခင္းမခံရမီ အခ်ိန္အထိ ဦးကလ်ာဏ သည္ က်န္းမာေရး အလြန္ေကာင္းမြန္ၿပီး ေပ်ာ္႐ႊင္စြာ ေနတတ္ေသာ ငယ္ျဖဴစာခ် ရဟန္းငယ္တစ္ပါး ျဖစ္ပါသည္။
ထို႔ေၾကာင့္ ဦးကလ်ာဏ၏ က်န္းမာေရးႏွင့္ အသက္ အႏၱရာယ္ တစ္စုံတရာ ျဖစ္ခဲ့ေသာ္ အၾကမ္းဖက္ ဖမ္းဆီးခဲ့သူမ်ားသာ တာဝန္ခံ တာဝန္ယူၾကရမည္ျဖစ္ေၾကာင္း အသိေပး ထုတ္ျပန္လိုက္သည္၊ လို႔ သံဃသမဂၢ (မႏၱေလး)က ေဖာ္ျပပါတယ္
ဦးကလ်ာဏ သာမက မႏၱေလးက သပိတ္လႈပ္ရွားမႈေတြမွာ ပူးေပါင္းပါဝင္ေလ့ရွိတဲ့ လူငယ္တခ်ိဳ႕လည္း အဆက္အသြယ္ ျပတ္ေတာက္ေနတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။
ေျမျပင္သပိတ္ ရဲေဘာ္တခ်ိဳ႕ အဆက္သြယ္ျပတ္ေနပါတယ္။ ေရွာင္သင့္သူမ်ား ေရွာင္ၾကပါ လို႔ နီးစပ္သူတစ္ဦးက ဆိုပါတယ္။
ၿငိမ္းခ်မ္းစြာ ခ်ီတက္ ဆႏၵျပတဲ့ မႏၱေလး ေျမျပင္သပိတ္ေတြမွာ ပါဝင္ေလ့ရွိတဲ့ လူငယ္ ငါးဦးထက္မနည္း အဆက္အသြယ္ ျပတ္ေတာက္ေနတာ ျဖစ္ၿပီး အတည္မျပဳနိုင္ေသးေပမယ့္ စစ္အုပ္စုရဲ႕ ဖမ္းဆီးခံလိုက္ရၿပီလို႔ ယူဆရေၾကာင္း နီးစပ္သူေတြက ဆိုပါတယ္။
စစ္အုပ္စုဟာ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေၾကာင္း ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြ အပါအဝင္ နိုင္ငံတဝန္းက အရပ္သားျပည္သူေတြကို ဥပေဒမဲ့ ထင္တိုင္းက်ဲ ဖမ္းဆီး သတ္ျဖတ္ ညွဥ္းပန္း ေငြညွစ္ေနတာ ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ လပိုင္းကလည္း မႏၱေလးက ၿငိမ္းခ်မ္းစြာ ခ်ီတက္ ဆႏၵျပတဲ့ ေျမျပင္သပိတ္ေတြမွာ ပူးေပါင္းပါဝင္ေနတဲ့ သံဃာႏွင့္ လူငယ္ေတြကို စစ္အုပ္စုက ဥပေဒမဲ့ ဖမ္းဆီးၿပီး ဒီေန႕အထိ သတင္းအေမွာင္ခ်ထားကာ အဲ့ဒီ ဖမ္းဆီးခံရတဲ့အထဲက လူငယ္တခ်ိဳ႕ကို ညွဥ္းပန္းသတ္ျဖတ္လိုက္ၿပီဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။
Crd