မြန်မာနိုင်ငံ သုတေသီအသင်း ဖျက်သိမ်းခံလိုက်ရသည့် သမိုင်းကြောင်း (ကမ္ဘာမှာ ဒီလိုအဖြစ်မျိုးက မြန်မာမှာပဲ ရှိပါတယ်)
တက္ကသိုလ်တက်စဉ်က မြန်မာနိုင်ငံသုတေသနအသင်းဆိုသည်ကို ကြားဖူးသည်။ ယင်းအသင်းက သုတေသနစာတမ်းများကို စုစည်း၍ စာအုပ်ထုတ်ဝေသည်ကိုလည်း မြင်ဖူးသည်။ သို့သော် ကျောင်းသားအရွယ်သာ ဖြစ်၍ ထို့ထက် ပို၍ မသိခဲ့ပါ။
ပြည်ပ ပညာတော်သင်သွားရသောအခါ သုတေသနလုပ်ငန်း၏ အရေးပါပုံကို သိတန်သလောက် သိလာသည်။ လုပ်ငန်းခွင်ဝင်သောအခါ သုတေသန၏ တန်ဖိုးကို ပိုသိလာသည်။ ထိုအခါမှ မြန်မာနိုင်ငံသုတေသနအသင်းကို ပြန်သတိရလာသည်။ သို့သော် ယင်းအသင်းအကြောင်းကို မကြားသိခဲ့ရပါ။ အသင်းရှိသေးသလား၊ ရှိသော်လည်း လှုပ်ရှားမှုနည်းနေသည်လား။
(၁၇.၁၀.၂၂) နေ့ထုတ် အလဲဗင်းဂျာနယ်ပါ ပါမောက္ခဒေါက်တာသောင်းဌေး၏ ဆောင်းပါးကို ဖတ်ရသော အခါမှ မြန်မာနိုင်ငံသုတေသနအသင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်၊ ၁၉၈၀ ပြည့်နှစ်မှစ၍ နိဂုံးချုပ်ခဲ့ကြောင်း သိရသည်။ နိဂုံးချုပ်ပုံမှာ ရင်ထုမနာ ဖြစ်စရာကောင်းလှသည်။
ပါမောက္ခဒေါက်တာသောင်းဌေး၏ ဆောင်းပါးအရ ၁၉၁၀ ပြည့်နှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသုတေသနအသင်းသည် ၁၉၈၀ တွင် အနှစ် ၇၀ ပြည့်ခဲ့သည်။ အနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် စာတမ်းဖတ်ပွဲ ကျင်းပသည်။ စာတမ်းဖတ်ပွဲတွင် နိုင်ငံအကြီးအကဲက မိန့်ခွန်းချွေသည်။
ပုံမှန်ဆိုပါက နိုင်ငံအကြီးအကဲ၏ မိန့်ခွန်းသည် မြန် မာနိုင်ငံသုတေသနအသင်း၏ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်မည်ဟု ယူဆနိုင်သည်။ သို့သော် သူ့မိန့်ခွန်းက ဤသို့ ဖြစ်သည်။
“ကျုပ် ဒီမြန်မာနိုင်ငံသုတေသနစာတမ်းဖတ်ပွဲကို ရောက်လာရတဲ့ အကြောင်းက တခြားအကြောင်း၊ ဒီမြန်မာနိုင်ငံသုတေသနအဖွဲ့ဆိုတာ ဗြိတိသျှကိုလိုနီခေတ်က ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း။ ဒါဟာ ကျုပ်တို့ မလိုလားအပ်တဲ့အဖွဲ့အစည်းမျိုး ဖြစ်တာမို့ ကျုပ်ကိုယ် တိုင် ဒီအသင်းကို ဖျက်သိမ်းလိုက်ကြောင်း အသိလာပေးတာ ဖြစ်တယ်”
အထက်ပါစာတို့မှာ ပါမောက္ခဒေါက်တာသောင်းဌေး၏ ဆောင်းပါးအရ ဖြစ်ပါသည်။ သို့သော် ယင်းအခန်းအနားတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ (ဒေါ်)ခင်နှင်းဦး၏ ဆောင်းပါးတွင်မူ မိန့်ခွန်းပြောတာ မပါပါ။ (ဒေါ်)ခင်နှင်းဦး၏ ဆောင်းပါးကို ကောက်နုတ်ဖော်ပြရလျှင်..
“အင်္ဂလိပ်တွေ စခဲ့တဲ့လုပ်ငန်းကို မြန်မာတွေက ကျွန်စိတ်မပျောက်လို့ ဆက်လုပ်နေသည်ဟု အထက်ထိပ်ပိုင်းက ပြောကြားလာသဖြင့် အခန်းအနားကို ခေတ္တရပ်သည်ဟု ကြေညာသော်လည်း စင်စစ်အပြီးရပ်လိုက်ရခြင်း ဖြစ်သည်။
အခန်းအနားအစတွင် ရယ်မောပျော်ရွှင်နေကြသော ဆရာကြီး ဆရာမကြီးများအားလုံး မျက်စိပျက် မျက် နှာပျက် ဖြစ်နေကြသည်။ ခန်းမတွင်းရှိ အခင်းအကျင်းကား အလှူအိမ်အဖြစ်မှ အသုဘအိမ်အဖြစ်သို့ ပြောင်းသွားသည့် ဖြစ်ပုံနှင့်သာ နှိုင်းစရာ ရှိတော့သည်။”
မည်သို့ပင် ဖြစ်စေ၊ မြန်မာနိုင်ငံသုတေသနအသင်းသည် နိုင်ငံအကြီးအကဲက အဖျက်ခံရသော အသင်းဖြစ်သည့်အချက်တွင်မူ တူညီသည်။သုတေသနအသင်းတစ်သင်းကို နိုင်ငံအကြီးအကဲက ဖျက်သည်ဆိုခြင်းမှာ ကမ္ဘာတွင် မြန်မာတစ်နိုင်ငံတည်းသာ ရှိမည် ထင်ပါသ ည်။ ပုံက မြန်မာနိုင်ငံ သုတေသနအသင်းကို တည် ထောင်သူတွေထဲက အဖွဲ့ဝင်တယောက်ဖြစ်တဲ့ U Me Oung ရဲ့ ပုံပါ။ (Kyaw Oo)
Crd
Unicode
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ျမန္မာနိုင္ငံ သုေတသီအသင္း ဖ်က္သိမ္းခံလိုက္ရသည့္ သမိုင္းေၾကာင္း (ကမာၻမွာ ဒီလိုအျဖစ္မ်ိဳးက ျမန္မာမွာပဲ ရွိပါတယ္)
တကၠသိုလ္တက္စဥ္က ျမန္မာနိုင္ငံသုေတသနအသင္းဆိုသည္ကို ၾကားဖူးသည္။ ယင္းအသင္းက သုေတသနစာတမ္းမ်ားကို စုစည္း၍ စာအုပ္ထုတ္ေဝသည္ကိုလည္း ျမင္ဖူးသည္။ သို႔ေသာ္ ေက်ာင္းသားအ႐ြယ္သာ ျဖစ္၍ ထို႔ထက္ ပို၍ မသိခဲ့ပါ။
ျပည္ပ ပညာေတာ္သင္သြားရေသာအခါ သုေတသနလုပ္ငန္း၏ အေရးပါပုံကို သိတန္သေလာက္ သိလာသည္။ လုပ္ငန္းခြင္ဝင္ေသာအခါ သုေတသန၏ တန္ဖိုးကို ပိုသိလာသည္။ ထိုအခါမွ ျမန္မာနိုင္ငံသုေတသနအသင္းကို ျပန္သတိရလာသည္။ သို႔ေသာ္ ယင္းအသင္းအေၾကာင္းကို မၾကားသိခဲ့ရပါ။ အသင္းရွိေသးသလား၊ ရွိေသာ္လည္း လႈပ္ရွားမႈနည္းေနသည္လား။
(၁၇.၁၀.၂၂) ေန႕ထုတ္ အလဲဗင္းဂ်ာနယ္ပါ ပါေမာကၡေဒါက္တာေသာင္းေဌး၏ ေဆာင္းပါးကို ဖတ္ရေသာ အခါမွ ျမန္မာနိုင္ငံသုေတသနအသင္းသည္ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၄၀ ေက်ာ္၊ ၁၉၈၀ ျပည့္ႏွစ္မွစ၍ နိဂုံးခ်ဳပ္ခဲ့ေၾကာင္း သိရသည္။ နိဂုံးခ်ဳပ္ပုံမွာ ရင္ထုမနာ ျဖစ္စရာေကာင္းလွသည္။
ပါေမာကၡေဒါက္တာေသာင္းေဌး၏ ေဆာင္းပါးအရ ၁၉၁၀ ျပည့္ႏွစ္ကတည္းက စတင္ဖြဲ႕စည္းခဲ့ေသာ ျမန္မာနိုင္ငံသုေတသနအသင္းသည္ ၁၉၈၀ တြင္ အႏွစ္ ၇၀ ျပည့္ခဲ့သည္။ အႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္အျဖစ္ စာတမ္းဖတ္ပြဲ က်င္းပသည္။ စာတမ္းဖတ္ပြဲတြင္ နိုင္ငံအႀကီးအကဲက မိန႔္ခြန္းေခြၽသည္။
ပုံမွန္ဆိုပါက နိုင္ငံအႀကီးအကဲ၏ မိန႔္ခြန္းသည္ ျမန္ မာနိုင္ငံသုေတသနအသင္း၏ တိုးတက္ရာ တိုးတက္ေၾကာင္း ျဖစ္မည္ဟု ယူဆနိုင္သည္။ သို႔ေသာ္ သူ႕မိန႔္ခြန္းက ဤသို႔ ျဖစ္သည္။
“က်ဳပ္ ဒီျမန္မာနိုင္ငံသုေတသနစာတမ္းဖတ္ပြဲကို ေရာက္လာရတဲ့ အေၾကာင္းက တျခားအေၾကာင္း၊ ဒီျမန္မာနိုင္ငံသုေတသနအဖြဲ႕ဆိုတာ ၿဗိတိသွ်ကိုလိုနီေခတ္က ဖြဲ႕စည္းခဲ့တဲ့ အဖြဲ႕အစည္း။ ဒါဟာ က်ဳပ္တို႔ မလိုလားအပ္တဲ့အဖြဲ႕အစည္းမ်ိဳး ျဖစ္တာမို႔ က်ဳပ္ကိုယ္ တိုင္ ဒီအသင္းကို ဖ်က္သိမ္းလိုက္ေၾကာင္း အသိလာေပးတာ ျဖစ္တယ္”
အထက္ပါစာတို႔မွာ ပါေမာကၡေဒါက္တာေသာင္းေဌး၏ ေဆာင္းပါးအရ ျဖစ္ပါသည္။ သို႔ေသာ္ ယင္းအခန္းအနားတြင္ ကိုယ္တိုင္ပါဝင္ခဲ့သူ (ေဒၚ)ခင္ႏွင္းဦး၏ ေဆာင္းပါးတြင္မူ မိန႔္ခြန္းေျပာတာ မပါပါ။ (ေဒၚ)ခင္ႏွင္းဦး၏ ေဆာင္းပါးကို ေကာက္ႏုတ္ေဖာ္ျပရလွ်င္..
“အဂၤလိပ္ေတြ စခဲ့တဲ့လုပ္ငန္းကို ျမန္မာေတြက ကြၽန္စိတ္မေပ်ာက္လို႔ ဆက္လုပ္ေနသည္ဟု အထက္ထိပ္ပိုင္းက ေျပာၾကားလာသျဖင့္ အခန္းအနားကို ေခတၱရပ္သည္ဟု ေၾကညာေသာ္လည္း စင္စစ္အၿပီးရပ္လိုက္ရျခင္း ျဖစ္သည္။
အခန္းအနားအစတြင္ ရယ္ေမာေပ်ာ္႐ႊင္ေနၾကေသာ ဆရာႀကီး ဆရာမႀကီးမ်ားအားလုံး မ်က္စိပ်က္ မ်က္ ႏွာပ်က္ ျဖစ္ေနၾကသည္။ ခန္းမတြင္းရွိ အခင္းအက်င္းကား အလႉအိမ္အျဖစ္မွ အသုဘအိမ္အျဖစ္သို႔ ေျပာင္းသြားသည့္ ျဖစ္ပုံႏွင့္သာ ႏွိုင္းစရာ ရွိေတာ့သည္။”
မည္သို႔ပင္ ျဖစ္ေစ၊ ျမန္မာနိုင္ငံသုေတသနအသင္းသည္ နိုင္ငံအႀကီးအကဲက အဖ်က္ခံရေသာ အသင္းျဖစ္သည့္အခ်က္တြင္မူ တူညီသည္။သုေတသနအသင္းတစ္သင္းကို နိုင္ငံအႀကီးအကဲက ဖ်က္သည္ဆိုျခင္းမွာ ကမာၻတြင္ ျမန္မာတစ္နိုင္ငံတည္းသာ ရွိမည္ ထင္ပါသ ည္။ ပုံက ျမန္မာနိုင္ငံ သုေတသနအသင္းကို တည္ ေထာင္သူေတြထဲက အဖြဲ႕ဝင္တေယာက္ျဖစ္တဲ့ U Me Oung ရဲ႕ ပုံပါ။ (Kyaw Oo)
Crd