(Edited Version)
မိုးမောက်၊ လုံဂျာဘွမ်တိုက်ပွဲတွင် KIA ၊ PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၈၁ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၃၀
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လုံဂျာဘွမ်တောင်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား ယမန်နေ့က တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၈၁ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။
အောက်တိုဘာ ၂၉ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုနှင့် ထိခိုက်မှု များလွန်းသဖြင့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေပြီး မြို့ထဲသို့ စစ်တပ်က ပစ်ခတ်သော လက် နက်ကြီး ကျည်ကျရောက်၍ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေဘက်က အနည်းဆုံး ၈၁ ဦး သေဆုံးတယ်လို့ အတည်ပြုပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းကတည်းက စစ်တပ်က တိုက် လေ ယာဉ်များဖြင့် လုံဂျာတောင်ကို တိုက် လေယာဉ်များ အဆက်မပြတ်ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် တစ်နေ့လုံး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ KIA၊ PDF တပ်များက စစ်ကောင်စီတပ်များ၏ ထိုးစစ်ကို ခုခံနေပြီး စစ်တပ်ဘက်က သေဆုံးမှုများနေသဖြင့် ထိုသို့ လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
“စစ်ခွေးတွေ Airstrike လာပစ်တာ ၁၀ လုံးကျော်တယ်။ စစ်ခွေးတွေအရမ်းအထိနာနေတော့လာပစ်တာ။အခုထိလုံဂျာတောင်ကိုမရတော့မိုးမောက်မြို့ထဲကိုလက်နက်ကြီးရမ်းပစ်တာ။ စစ်ခွေးတွေစစ်ကြောင်းပြုတ်သွား တယ်လို့ သိရတယ်။ ဂျက်ဖိုက်တာနဲ့ ပစ်တာ။ လက်နက်ကြီးက မိုးမောက်မြို့ခါနန်ရပ်ကွက်မှာကျတာမှာ အမျိုးသမီးတစ် ယောက်ထိတယ်၊ ဒဏ်ရာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး မိုးမောက်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခလရ ၄၃၇ က လက်နက်ကြီးများဖြင့် လုံဂျာတောင်ကျောပေါ်သို့ အဆက်မပြတ်ပစ်နေခဲ့ကြောင်း၊ တိုက် လေယာဥ်များဖြင့်လည်း နေ့တိုင်း ဗုံးကျလျက်ရှိကြောင်း ၊ မိုးမောက်မြို့နယ်တွင် စစ်တပ်နှင့် KIA၊ PDF ပူးပေါင်း တပ်များအကြား တိုက်ပွဲများပြင်းထန်နေပြီး အောက်တိုဘာလ ၂၂ ရက်နေ့ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ လုံဂျာဘွမ်တောင်တိုက်ပွဲတွင် သေဆုံးနေသော အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။
Photo Supported by KIA
(Edited Version)
မိုးေမာက္၊ လုံဂ်ာဘြမ္တိုက္ပြဲတြင္ KIA ၊ PDF တပ္မ်ား၏ တိုက္ခိုက္မႈေၾကာင့္ စစ္တပ္ဘက္မွ ၈၁ ဦးေသဆုံး
ရန္ကုန္၊ ေအာက္တိုဘာ ၃၀
ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္၊ လုံဂ်ာဘြမ္ေတာင္တြင္ စစ္တပ္ႏွင့္ KIA ၊ PDF ပူးေပါင္းတပ္မ်ားအၾကား ယမန္ေန႔က တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး စစ္တပ္ဘက္မွ ၈၁ ဦးေသဆုံးေၾကာင္း KIA သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ အတည္ျပဳေျပာဆိုသည္။
ေအာက္တိုဘာ ၂၉ ရက္ေန႔ တိုက္ပြဲတြင္ စစ္တပ္ဘက္မွ ေသဆုံးမႈႏွင့္ ထိခိုက္မႈ မ်ားလြန္းသျဖင့္ တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးက်ဲျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ရမ္းသမ္းပစ္ခတ္မႈမ်ား လုပ္ေဆာင္ေနၿပီး ၿမိဳ႕ထဲသို႔ စစ္တပ္က ပစ္ခတ္ေသာ လက္ နက္ႀကီး က်ည္က်ေရာက္၍ အမ်ိဳးသမီး ၁ ဦးဒဏ္ရာရရွိေၾကာင္း သိရွိရသည္။
“စစ္ေခြးေတြဘက္က အနည္းဆုံး ၈၁ ဦး ေသဆုံးတယ္လို႔ အတည္ျပဳပါတယ္” ဟု KIA သတင္းရင္းျမစ္က ေျပာဆိုသည္။
ေအာက္တိုဘာလ ၂၉ ရက္ေန႔ နံနက္ပိုင္းကတည္းက စစ္တပ္က တိုက္ ေလ ယာဥ္မ်ားျဖင့္ လုံဂ်ာေတာင္ကို တိုက္ ေလယာဥ္မ်ား အဆက္မျပတ္ပစ္ခတ္ျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ တစ္ေန႔လုံး ရမ္းသမ္းပစ္ခတ္ခဲ့ေၾကာင္း၊ KIA၊ PDF တပ္မ်ားက စစ္ေကာင္စီတပ္မ်ား၏ ထိုးစစ္ကို ခုခံေနၿပီး စစ္တပ္ဘက္က ေသဆုံးမႈမ်ားေနသျဖင့္ ထိုသို႔ ေလယာဥ္၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။
“စစ္ေခြးေတြ Airstrike လာပစ္တာ ၁၀ လုံးေက်ာ္တယ္။ စစ္ေခြးေတြအရမ္းအထိနာေနေတာ့လာပစ္တာ။အခုထိလုံဂ်ာေတာင္ကိုမရေတာ့မိုးေမာက္ၿမိဳ႕ထဲကိုလက္နက္ႀကီးရမ္းပစ္တာ။ စစ္ေခြးေတြစစ္ေၾကာင္းျပဳတ္သြား တယ္လို႔ သိရတယ္။ ဂ်က္ဖိုက္တာနဲ႔ ပစ္တာ။ လက္နက္ႀကီးက မိုးေမာက္ၿမိဳ႕ခါနန္ရပ္ကြက္မွာက်တာမွာ အမ်ိဳးသမီးတစ္ ေယာက္ထိတယ္၊ ဒဏ္ရာရတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
ေအာက္တိုဘာလ ၂၂ ရက္ေန႔မွစတင္ၿပီး မိုးေမာက္ၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ခလရ ၄၃၇ က လက္နက္ႀကီးမ်ားျဖင့္ လုံဂ်ာေတာင္ေက်ာေပၚသို႔ အဆက္မျပတ္ပစ္ေနခဲ့ေၾကာင္း၊ တိုက္ ေလယာဥ္မ်ားျဖင့္လည္း ေန႔တိုင္း ဗုံးက်လ်က္ရွိေၾကာင္း ၊ မိုးေမာက္ၿမိဳ႕နယ္တြင္ စစ္တပ္ႏွင့္ KIA၊ PDF ပူးေပါင္း တပ္မ်ားအၾကား တိုက္ပြဲမ်ားျပင္းထန္ေနၿပီး ေအာက္တိုဘာလ ၂၂ ရက္ေန႔ တိုက္ပြဲမ်ားတြင္ စစ္တပ္ဘက္မွ ၂၀ ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ယမန္ေန႔ လုံဂ်ာဘြမ္ေတာင္တိုက္ပြဲတြင္ ေသဆုံးေနေသာ အၾကမ္း ဖက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဦး။
Photo Supported by KIA