သတင်းပေါက်ကြားလို့ PDFများခိုအောင်းရာ နေအိမ်စီးနင်းပစ်ခတ်ခံရပြီး PDF ၁ ဦးကျဆုံး၊ ၁ ဦးဖမ်း ဆီးခံရ
ဧရာဝတီတိုင်းမ်
(ပေါင်)၊ အောက်တိုဘာလ ၂၉ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာတွင်အောက်တိုဘာလ ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်က သတင်းပေါက်ကြားမှုကြောင့် ပေါင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့၏ယာယီနေအိမ်ဝင်ရောက်စီးနင်းပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်းသတင်းရရှိသည်။
ကျဆုံးခဲ့သူမှာ ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် စောချစ်နှင်းဦး ဖြစ်ပြီး အုန်းတပင်ရွာအတွင်းခေတ္တနေထိုင်စဉ် ဝင်ရောက်စီးနင်းခံရပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့ကာ အဖွဲ့ဝင် ၁ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့သတင်းပေါက်ပြီး ဝင်ပစ်ခံရတာပါ၊ သတင်းကဘယ်လိုမျိုးပေါက်သွားလဲဆိုတာတော့အသေးစိတ်အတည်မပြုနိုင်သေးဘူး။ ကျခဲ့တဲ့ရဲဘော်ကဝင်စီးတဲ့အချိန်မှာ မလွတ်ဘဲဖမ်းမိပြီးမှ သတ်ခံရတယ်လို့ကြားတယ်၊ တခြားသူတွေကထွက်ပြေးလွတ်မြောက်သွားတယ်၊ ၁ ယောက်ကအရှင်ဖမ်းခံရတာ်လို့သိရတယ်။
မစ်ရှင်လုပ်စရာရှိလို့ရွာထဲရောက်နေတာပါ၊ ကျဆုံးခဲ့တဲ့ရဲဘော်ရဲ့အဖေကလဲပကဖ အဖွဲ့ဝင်တဦးဖြစ်တယ်” ဟု ကျဆုံးရဲဘော်မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ကျဆုံးရဲဘော်စောချစ်နှင်းဦးနှင့် ၎င်း၏ဖခင်မှာ ပေါင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ပြီး ဩဂုတ်လ ၇ ရက်နေ့တွင်လည်း နေအိမ်ချိတ်ပိတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
အဆိုပါဝင်ရောက်စီးနင်းမှုဖြစ်စဉ်အတွင်း စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ လက်နက်ခဲယမ်း၊ကျည်ဆံများ အများအပြားသိမ်းဆည်းရရှိခဲ့သည်ဟုလည်းဖော်ပြထားပါသည်။
ပစ်ခတ်မှုအပြီး ညပိုင်းတွင်လည်း စစ်ကောင်စီမှ အုန်းတပင်ရွာပတ်ဝန်းကျင်တွင် အင်အားအများအပြားသုံး၍ ၎င်းတို့သံသယရှိသော နေရာများသို့ဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာ ဒေသခံအဖွဲ့အချို့နှင့်ပစ်ခတ်မှုတချို့ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများထံကသိရသည်။
ဓာတ်ပုံ – ကျဆုံးရဲဘော် စောချစ်နှင်းဦး။
Ayeyarwaddy_Times
သတင်းပေါက်ကြားလို့ PDFများခိုအောင်းရာ နေအိမ်စီးနင်းပစ်ခတ်ခံရပြီး ပေါင် PDF ၁ ဦးကျဆုံး၊ ၁ ဦးဖမ်း ဆီးခံရ

crd