ဂျပန်သွားရောက် အလုပ်လုပ်ရန် အဓိကကျသည့် ဂျပန်ဘာသာစကား N4 Level စာမေးပွဲ လျှောက် လွှာရရှိရေး လူငယ် ၅၀၀၀ ကျော် အလုအယက် တန်းစီ ရုန်းရင်းဆန်ခတ်ဖြစ်၊ လျှောက် လွှာ ထုတ်ပေးသည့် တက္ကသိုလ်ဝင်းအတွင်းမှ အဆောင် မီးလောင်သဖြင့် လူငယ် ၁၀ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွား
ရန်ကုန်၊ ဩဂုတ် ၅
ဂျပန်သွားရောက် အလုပ်လုပ်ရန် အဓိကကျသည့် ဂျပန်ဘာသာစကား N4 Level စာမေးပွဲ လျှောက် လွှာရရှိရေး ယနေ့ နံနက်ပိုင်း လူငယ် ၅၀၀၀ ကျော်တန်းစီ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လျှောက်လွှာထုတ်ပေးသည့် တက္ကသိုလ်ဝင်းအတွင်းမှ အဆောင်မီးလောင်သဖြင့် လူငယ် ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ ကြောင်း လျှောက်လွှာ တန်းစီခဲ့သည့် လူငယ်များထံမှ သိရှိရသည်။




ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ဂိတ် ၄ တွင် သြဂုတ် ၅ရက်၊ နံနက် ၄နာရီခန့်မှစပြီး JLPT 2022 December ရန်ကုန်စာဖြေဌာနအတွက် N4 Level လျှောက်လွှာများ ရရှိရေး လူငယ် ၅၀၀၀ ကျော်က အလုအယက်တန်းစီ ခဲ့ကြကြောင်း၊ လူအလွန်များ ပြားသည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် လျှောက်လွှာ ရောင်းချ ခြင်းကို ရပ်ဆိုင်းကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ကြေညာခဲ့ရာ လူငယ်များ ဒေါသထွက်ကြကြောင်း၊ လျှောက်လွှာ မရောင်းတော့ဟု ကြေညာပြီးနောက် ရန်ကုန်ပညာရေးတက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူငယ် ၁၀ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။




“JLPT Level N4 လျှောက်လွှာရဖို့ လူငယ်တွေက ကာဖျူးတောင်မမှုဘဲ မနက် ၁ နာရီကတည်းက တန်းစီနေတာ။ မနက် ၄ နာရီ မှာ လူ ၅၀၀၀ ကျော်နေပြီ။ အဲဒါ ရုန်းရင်းဆန်ခတ်တွေဖြစ်တော့ လျောက်လွှာပိတ်လိုက်ပြီ၊ အွန်လိုင်းကပဲ လက်ခံတော့မယ် ကြေညာတယ်။ အဲဒါ ကျောင်းတံခါးတွေကို ရိုက်ချိုးကြတယ်။ လူငယ်တွေက ဒေါသထွက်ကုန်တာ။ နောက်တော့ ကျောင်းဝင်းထဲမီးလောင်တယ်။ အဲဒါ ကျောင်းဝင်းထဲ လူငယ် ၁၀ ဦးကျော်ကို စစ်တပ်က ရိုက်နှက်ဖမ်းသွားတယ်” ဟု လျှောက်လွှာတန်းစီခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။
ဂျပန်ဘာသာ N4 Level စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး လက်မှတ်ရရှိပါက ဂျပန် နိုင်ငံသွားရောက် အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်းများသဖြင့် လူငယ်အများအပြားက N4 Level စာမေးပွဲ ဖြေဆိုလိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။




“ဒီမှာက ဘာအနာဂတ်မှ မရှိတော့ဘူး။ ဘ၀တွေက မအလ ကြောင့် သေကုန်ပြီ။ စျေးတွေကလည်း တစ်နေ့တစ်ခြား တက်နေတာ။ ဘ၀တွေက ရှင်လျက်နဲ့သေကုန်ပြီ။ အဲဒါကြောင့် နိုင်ငံခြားထွက်ဖို့ပဲ လုပ်တာ။ ဂျပန်မရရင်တော့ စင်ကာပူ၊ မလေးရှား၊ အနိမ့်ဆုံးထိုင်းတော့ ထွက်မယ်စဉ်းစားတယ်” ဟု လူငယ်တစ်ဦးက ဆိုသည်။
ဗီဒီယို-ယနေ့ နံနက် ၄ နာရီ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် N4 Level ဂျပန်ဘာသာစာမေးပွဲ ဖြေဆိုရေး လျှောက်လွှာ ရယူရန် တန်းစီနေကြသည့် လူငယ်များ။
Crd
Unicode
ဂ်ပန္သြားေရာက္ အလုပ္လုပ္ရန္ အဓိကက်သည့္ ဂ်ပန္ဘာသာစကား N4 Level စာေမးပြဲ ေလၽွာက္ လႊာရရွိေရး လူငယ္ ၅၀၀၀ ေက်ာ္ အလုအယက္ တန္းစီ ႐ုန္းရင္းဆန္ခတ္ျဖစ္၊ ေလၽွာက္ လႊာ ထုတ္ေပးသည့္ တကၠသိုလ္ဝင္းအတြင္းမွ အေဆာင္ မီးေလာင္သျဖင့္ လူငယ္ ၁၀ ဦးထက္မနည္းကို စစ္တပ္က ရိုက္ႏွက္ ဖမ္းဆီးသြား
ရန္ကုန္၊ ဩဂုတ္ ၅
ဂ်ပန္သြားေရာက္ အလုပ္လုပ္ရန္ အဓိကက်သည့္ ဂ်ပန္ဘာသာစကား N4 Level စာေမးပြဲ ေလၽွာက္ လႊာရရွိေရး ယေန႔ နံနက္ပိုင္း လူငယ္ ၅၀၀၀ ေက်ာ္တန္းစီ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ၿပီး ေလၽွာက္လႊာထုတ္ေပးသည့္ တကၠသိုလ္ဝင္းအတြင္းမွ အေဆာင္မီးေလာင္သျဖင့္ လူငယ္ ၁၀ ဦးထက္မနည္းဖမ္းဆီးခံရ ေၾကာင္း ေလၽွာက္လႊာ တန္းစီခဲ့သည့္ လူငယ္မ်ားထံမွ သိရွိရသည္။




ရန္ကုန္တိုင္း၊ ကမာရြတ္ၿမိဳ႕နယ္ရွိ ရန္ကုန္ပညာေရးတကၠသိုလ္ Learning Hub ဂိတ္ ၄ တြင္ ၾသဂုတ္ ၅ရက္၊ နံနက္ ၄နာရီခန႔္မွစၿပီး JLPT 2022 December ရန္ကုန္စာေျဖဌာနအတြက္ N4 Level ေလၽွာက္လႊာမ်ား ရရွိေရး လူငယ္ ၅၀၀၀ ေက်ာ္က အလုအယက္တန္းစီ ခဲ့ၾကေၾကာင္း၊ လူအလြန္မ်ား ျပားသည့္အတြက္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ေၾကာင္း၊
ယင္းေနာက္ ေလၽွာက္လႊာ ေရာင္းခ် ျခင္းကို ရပ္ဆိုင္းေၾကာင္း JLPT စာေမးပြဲက်င္းပေရးေကာ္မတီ၊ ျမန္မာနိုင္ငံဂ်ပန္ျပန္ပညာသင္ေဟာင္းအသင္း (MAJA)က ေၾကညာခဲ့ရာ လူငယ္မ်ား ေဒါသထြက္ၾကေၾကာင္း၊ ေလၽွာက္လႊာ မေရာင္းေတာ့ဟု ေၾကညာၿပီးေနာက္ ရန္ကုန္ပညာေရးတကၠသိုလ္ဝင္းအတြင္းရွိ အေဆာင္တစ္ခုတြင္ မီးေလာင္မႈ ျဖစ္ပြားခဲ့ၿပီး လူငယ္ ၁၀ ဦးထက္မနည္းကို စစ္တပ္က ရိုက္ႏွက္ဖမ္းဆီးသြားေၾကာင္း သိရွိရသည္။




“JLPT Level N4 ေလၽွာက္လႊာရဖို႔ လူငယ္ေတြက ကာဖ်ဴးေတာင္မမႈဘဲ မနက္ ၁ နာရီကတည္းက တန္းစီေနတာ။ မနက္ ၄ နာရီ မွာ လူ ၅၀၀၀ ေက်ာ္ေနၿပီ။ အဲဒါ ႐ုန္းရင္းဆန္ခတ္ေတြျဖစ္ေတာ့ ေလ်ာက္လႊာပိတ္လိုက္ၿပီ၊ အြန္လိုင္းကပဲ လက္ခံေတာ့မယ္ ေၾကညာတယ္။ အဲဒါ ေက်ာင္းတံခါးေတြကို ရိုက္ခ်ိဳးၾကတယ္။ လူငယ္ေတြက ေဒါသထြက္ကုန္တာ။ ေနာက္ေတာ့ ေက်ာင္းဝင္းထဲမီးေလာင္တယ္။ အဲဒါ ေက်ာင္းဝင္းထဲ လူငယ္ ၁၀ ဦးေက်ာ္ကို စစ္တပ္က ရိုက္ႏွက္ဖမ္းသြားတယ္” ဟု ေလၽွာက္လႊာတန္းစီခဲ့သည့္ ေက်ာင္းသူတစ္ဦးက ေျပာသည္။
ဂ်ပန္ဘာသာ N4 Level စာေမးပြဲ ေျဖဆိုေအာင္ျမင္ၿပီး လက္မွတ္ရရွိပါက ဂ်ပန္ နိုင္ငံသြားေရာက္ အလုပ္လုပ္ကိုင္ရန္ အခြင့္အလမ္းမ်ားသျဖင့္ လူငယ္အမ်ားအျပားက N4 Level စာေမးပြဲ ေျဖဆိုလိုၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္။




“ဒီမွာက ဘာအနာဂတ္မွ မရွိေတာ့ဘူး။ ဘ၀ေတြက မအလ ေၾကာင့္ ေသကုန္ၿပီ။ ေစ်းေတြကလည္း တစ္ေန႔တစ္ျခား တက္ေနတာ။ ဘ၀ေတြက ရွင္လ်က္နဲ႔ေသကုန္ၿပီ။ အဲဒါေၾကာင့္ နိုင္ငံျခားထြက္ဖို႔ပဲ လုပ္တာ။ ဂ်ပန္မရရင္ေတာ့ စင္ကာပူ၊ မေလးရွား၊ အနိမ့္ဆုံးထိုင္းေတာ့ ထြက္မယ္စဥ္းစားတယ္” ဟု လူငယ္တစ္ဦးက ဆိုသည္။
ဗီဒီယို-ယေန႔ နံနက္ ၄ နာရီ ရန္ကုန္ပညာေရးတကၠသိုလ္တြင္ N4 Level ဂ်ပန္ဘာသာစာေမးပြဲ ေျဖဆိုေရး ေလၽွာက္လႊာ ရယူရန္ တန္းစီေနၾကသည့္ လူငယ္မ်ား။
Crd