ရန်သူ၏ လေကြောင်းစီးနင်းတိုက်ခိုက်မှု အရေးတကြီးသတိပြုရန် NUG ကာကွယ်ရေးဝန်ကြီး PDFများအား မှာကြား
▪️ရန်သူ့လေကြောင်း ဟန့်တားနိုင်မည့်နည်းလမ်းသစ်ရှာရန်၊ နည်းဗျူဟာပိုင်းအပြောင်း အလဲလုပ်ရန်လိုဟု ပြော
ထိုက်ထိုက်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် ရန်သူစစ် ကောင်စီ၏ လေကြောင်း စီးနင်းတိုက်ခိုက်မှုကို အရေးတကြီးသတိပြုရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
ယမန်နေ့ (အောက်တိုဘာ ၂၆ရက်)က NUG ရေဒီယိုအစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ဝန်ကြီးဦးရည်မွန်၏ PDF ရဲဘော်များသို့ ပြောကြားချက်တွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။
“မြေပြင်မှာ တော်လှန်ရေးအင်အားကို မယှဉ်နိုင် တော့ပဲ အရေးနိမ့်လာတာနဲ့အမျှ စစ်ကောင်စီဟာ သူ့ရဲ့စစ်ရေးထွက်ပေါက်အဖြစ် လေကြောင်းကို ပိုပီး အားပြုလာတာတွေ့ရတယ်။ ရှေ့မှာလည်း အရပ်ဘက်၊ စစ်ဘက်မရွေး လေကြောင်းအကြမ်းဖက်မှုကို တိုးပြီးကျုးလွန်လာဖို့ ရှိတဲ့အတွက် ရဲဘော်တို့အားလုံး သတိတမံ၊ ဥာဏ်မြေကတုတ် ဆိုသလို ကိုယ့်ရဲ့တော်လှန်ရေးသတိ၊ တော်လှန် ရေး ဥာဏ်ပညာကို အမြင့်ဆုံးတပ်လှန့်ထားဖို့ လိုအပ်မယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
လေကြောင်းဟာ အနှောက်အယှက်အဖျက်စွမ်းအားကြီးသည်မှာ မှန်သော်လည်း စစ်ရေးအဆုံးအဖြတ် ပြုနိုင်သည့် ယန္တရားမဟုတ်ကြောင်း နားလည်ထားသည်ဟု ၎င်းက ဆိုသည်။
“ငါတို့တော်လှန်ရေးဟာ ဥာဏ်နဲ့ယှဥ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ငါတို့ ဥာဏ်ရှိရင် ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ရှာဖွေနိုင်လိမ့်မယ်။ လေကြောင်းကာကွယ် ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။
ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။ နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်က ကချင်ပြည် နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူများအပါအဝင် လူအများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်၌ စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာကိုသိလျက် အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။
“စစ်ရာဇဝတ်မှုကို ပြောင်ကျကျ ကျုးလွန်လိုက်တာပဲ ဖြစ်တယ်။ ဒီပြစ်မှုအတွက် စစ်ခေါင်းဆောင်တွေသာမက ကိုယ်တိုင်ဗုံးကျဲသတ်ဖြတ်ခဲ့တဲ့ လက်မရွံ့လူသတ်သမားတွေပါ တာဝန်ခံရမှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
အနန့်ပါဖြစ်ရပ်သည် နွေဦးပြည်သူ့တော်လှန်ရေးသမိုင်း၌ ဝမ်းနည်းကြေကွဲဖွယ်ရာ မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း၊ အနန့်ပါကို သတိရတိုင်း တော်လှန်ရေး သန္နိဋ္ဌာန်ကိုပိုပြီး ခိုင်မာစေရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
(ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် PDF စခန်းရှေ့တန်းတစ်နေရာသို့ သွားရောက် ကြည့်ရှု့နေစဉ်)
Crd
Unicode
ရန္သူ၏ ေလေၾကာင္းစီးနင္းတိုက္ခိုက္မႈ အေရးတႀကီးသတိျပဳရန္ NUG ကာကြယ္ေရးဝန္ႀကီး PDFမ်ားအား မွာၾကား
▪️ရန္သူ႔ေလေၾကာင္း ဟန႔္တားနိုင္မည့္နည္းလမ္းသစ္ရွာရန္၊ နည္းဗ်ဴဟာပိုင္းအေျပာင္း အလဲလုပ္ရန္လိုဟု ေျပာ
ထိုက္ထိုက္/People’s Spring
ျပည္သူ႔ကာကြယ္ေရးတပ္မ်ားအေနျဖင့္ ရန္သူစစ္ ေကာင္စီ၏ ေလေၾကာင္း စီးနင္းတိုက္ခိုက္မႈကို အေရးတႀကီးသတိျပဳရမည္ျဖစ္ေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG) ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္က ေျပာၾကားသည္။
ယမန္ေန႔ (ေအာက္တိုဘာ ၂၆ရက္)က NUG ေရဒီယိုအစီအစဥ္မွ ထုတ္လႊင့္ခဲ့သည့္ ဝန္ႀကီးဦးရည္မြန္၏ PDF ရဲေဘာ္မ်ားသို႔ ေျပာၾကားခ်က္တြင္ ယခုကဲ့သို႔ သတိေပးခဲ့ျခင္းျဖစ္သည္။
“ေျမျပင္မွာ ေတာ္လွန္ေရးအင္အားကို မယွဥ္နိုင္ ေတာ့ပဲ အေရးနိမ့္လာတာနဲ႔အမၽွ စစ္ေကာင္စီဟာ သူ႔ရဲ့စစ္ေရးထြက္ေပါက္အျဖစ္ ေလေၾကာင္းကို ပိုပီး အားျပဳလာတာေတြ႕ရတယ္။ ေရွ႕မွာလည္း အရပ္ဘက္၊ စစ္ဘက္မေရြး ေလေၾကာင္းအၾကမ္းဖက္မႈကို တိုးၿပီးက်ဳးလြန္လာဖို႔ ရွိတဲ့အတြက္ ရဲေဘာ္တို႔အားလုံး သတိတမံ၊ ဥာဏ္ေျမကတုတ္ ဆိုသလို ကိုယ့္ရဲ့ေတာ္လွန္ေရးသတိ၊ ေတာ္လွန္ ေရး ဥာဏ္ပညာကို အျမင့္ဆုံးတပ္လွန္႔ထားဖို႔ လိုအပ္မယ္”ဟု ဝန္ႀကီး ဦးရည္မြန္က ေျပာသည္။
ေလေၾကာင္းဟာ အေႏွာက္အယွက္အဖ်က္စြမ္းအားႀကီးသည္မွာ မွန္ေသာ္လည္း စစ္ေရးအဆုံးအျဖတ္ ျပဳနိုင္သည့္ ယႏၲရားမဟုတ္ေၾကာင္း နားလည္ထားသည္ဟု ၎က ဆိုသည္။
“ငါတို႔ေတာ္လွန္ေရးဟာ ဥာဏ္နဲ႔ယွဥ္တဲ့ ေတာ္လွန္ေရး ျဖစ္တယ္။ ငါတို႔ ဥာဏ္ရွိရင္ ရွိသလို ရန္သူ႔ေလေၾကာင္းကို ဟန္႔တားနိုင္မယ့္ နည္းလမ္းေတြ ငါတို႔ရွာေဖြနိုင္လိမ့္မယ္။ ေလေၾကာင္းကာကြယ္ ေရးလက္နက္ (MANPADS) အသုံးျပဳတယ္ဆိုတာ နည္းလမ္းတစ္ခုပဲ ျဖစ္တယ္။ ဒီလက္နက္က တစ္ကမၻာလုံးအတိုင္းအတာနဲ႔ၾကပ္မတ္ထားတာ ျဖစ္တဲ့အတြက္ ပစၥည္းရဖို႔ အခ်ိန္ယူႀကိဳးစားရသလို အလုံအေလာက္ျဖန္႔က်က္တပ္ဆင္နိုင္ဖို႔ ဆိုတာလည္း အကန္႔အသတ္ရွိတယ္။ ဒါေၾကာင့္ ငါတို႔ ဥာဏ္သုံးၿပီး ရန္သူ႔ေလေၾကာင္းဟန္႔တားနိုင္မယ့္နည္းလမ္းသစ္ေတြ ရွာရလိမ့္မယ္။ နည္းဗ်ဳဟာပိုင္းဆိုင္ရာ လိုအပ္တဲ့အေျပာင္းအလဲနဲ႔အသင့္အေနအထား ျပင္ဆင္မႈေတြ ေဆာင္ရြက္ၾကဖို႔ လိုအပ္မွာ ျဖစ္တယ္”ဟု ဝန္ႀကီး ဦးရည္မြန္က ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၃ရက္က ကခ်င္ျပည္ နယ္ ဖားကန႔္ၿမိဳ႕နယ္ အနန႔္ပါေဒသ ေလေၾကာင္း တိုက္ခိုက္ခံရမႈေၾကာင့္ အရပ္သားျပည္သူမ်ားအပါအဝင္ လူအမ်ားအျပား ေသဆုံးခဲ့သည့္ ျဖစ္စဥ္၌ စစ္ေကာင္စီတပ္သည္ စစ္ေရးပစ္မွတ္မဟုတ္သည့္ေနရာကိုသိလ်က္ အၾကမ္းဖက္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ဝန္ႀကီးက ေျပာသည္။
“စစ္ရာဇဝတ္မႈကို ေျပာင္က်က် က်ဳးလြန္လိုက္တာပဲ ျဖစ္တယ္။ ဒီျပစ္မႈအတြက္ စစ္ေခါင္းေဆာင္ေတြသာမက ကိုယ္တိုင္ဗုံးက်ဲသတ္ျဖတ္ခဲ့တဲ့ လက္မရြံ့လူသတ္သမားေတြပါ တာဝန္ခံရမွာ ျဖစ္တယ္”ဟု ဝန္ႀကီး ဦးရည္မြန္က ေျပာသည္။
အနန္႔ပါျဖစ္ရပ္သည္ ေႏြဦးျပည္သူ႔ေတာ္လွန္ေရးသမိုင္း၌ ဝမ္းနည္းေၾကကြဲဖြယ္ရာ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ေၾကာင္း၊ အနန႔္ပါကို သတိရတိုင္း ေတာ္လွန္ေရး သႏၷိ႒ာန္ကိုပိုၿပီး ခိုင္မာေစရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
(ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္ PDF စခန္းေရွ႕တန္းတစ္ေနရာသို႔ သြားေရာက္ ၾကည့္ရႈ႔ေနစဥ္)
Crd