NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) နဲ့ BPLA စ-စ်ရေးပူးပေါင်းဆောင်ရွက်မယ်

NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) နဲ့ BPLA စ-စ်ရေးပူးပေါင်းဆောင်ရွက်မယ်

PDF နဲ့ BPLA စစ်ရေးပူးပေါင်းမယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် ( BPLA ) တို့ သက်ဆိုင်ရာဒေသတွေမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့ BPLA မှ ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ မနေ့ (အောက်တိုဘာ ၂၆) မှာ တွေ့ဆုံခဲ့ပြီးနောက် သဘောတူညီမှုတွေကို NUG ဘက်က ဒီနေ့ထုတ်ပြန်တာပါ။

အဲ့ဒီ့တွေဆုံမှုမှာ လက်ရှိတော်လှန်ရေးကာလအတွင်း NUG ရဲ့ အခန်းကဏ္ဍနဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ စဉ်းစားချက်တွေကိုလည်း ရင်းနှီးပွင့်လင်းစွာနဲ့ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။BPLA ကို ကိုယ်ပိုင်ရပ်တည်လာနိုင်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် ( AA ) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့က အကူအညီပေးခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကူအညီနဲ့ရပ်တည်လာနိုင်တဲ့ BPLA တော်လှန်ရေးအဖွဲ့ဟာ အခြေခံစစ်ပညာသင်တန်း ၄ ဆင်းပွဲကို ယခုနှစ် အောက်တိုဘာ ၈ မှာ ပြုလုပ်ထားပါတယ်။PDF နဲ့ သက်ဆိုင်ရာဒေသတွေမှာ စစ်ရေးအရပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး BPLA ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Photo:BPLA (BPLA စစ်သင်တန်းဆင်းပွဲ ဓာတ်ပုံတွေဖြစ်ပါတယ်။)

PDF နဲ့ BPLA စစ်ရေးပူးပေါင်းမယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် ( BPLA ) တို့ သက်ဆိုင်ရာဒေသတွေမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့ BPLA မှ ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ မနေ့ (အောက်တိုဘာ ၂၆) မှာ တွေ့ဆုံခဲ့ပြီးနောက် သဘောတူညီမှုတွေကို NUG ဘက်က ဒီနေ့ထုတ်ပြန်တာပါ။

အဲ့ဒီ့တွေဆုံမှုမှာ လက်ရှိတော်လှန်ရေးကာလအတွင်း NUG ရဲ့ အခန်းကဏ္ဍနဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ စဉ်းစားချက်တွေကိုလည်း ရင်းနှီးပွင့်လင်းစွာနဲ့ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

BPLA ကို ကိုယ်ပိုင်ရပ်တည်လာနိုင်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် ( AA ) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့က အကူအညီပေးခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကူအညီနဲ့ရပ်တည်လာနိုင်တဲ့ BPLA တော်လှန်ရေးအဖွဲ့ဟာ အခြေခံစစ်ပညာသင်တန်း ၄ ဆင်းပွဲကို ယခုနှစ် အောက်တိုဘာ ၈ မှာ ပြုလုပ်ထားပါတယ်။

PDF နဲ့ သက်ဆိုင်ရာဒေသတွေမှာ စစ်ရေးအရပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး BPLA ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။Photo:BPLA (BPLA စစ်သင်တန်းဆင်းပွဲ ဓာတ်ပုံတွေဖြစ်ပါတယ်။)

Crd

Leave a Reply

Your email address will not be published. Required fields are marked *