ေန႔ခင္းေၾကာင္ေတာင္ ပန္းအေရာင္းဆိုင္ကို ဓားေထာက္လုယက္၊
MFP ၊ ေအာက္တိုဘာ – ၂၇
စစ္အုပ္စု အေျခစိုက္တဲ့ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕က သစ္ခြၿခံတစ္ၿခံမွာ ဒီေန႔ ေန႔လည္ပိုင္း ဆိုင္ထဲဝင္ကာ ဓားေထာက္လုယက္မႈ ျဖစ္ပြားခဲ့ၿပီး ဖုန္းႏွင့္ ဆြဲႀကိဳး လုယက္ခံလိုက္ရတယ္လို႔ သတင္းရရွိပါတယ္
အမ်ိဳးသားႏွစ္ဦး ဆိုင္ထဲဝင္လာၿပီး ေကာင္တာထိုင္ေနသူ အမ်ိဳးသမီးကို ဓားေထာက္ကာ ဖုန္းႏွစ္လုံးႏွင့္ ေ႐ႊဆြဲႀကိဳး ျဖတ္လုသြားတာလို႔ ဓားေထာက္လုယက္ခံရတဲ့ သစ္ခြၿခံပိုင္ရွင္က လူမႈကြန္ယက္ကေန အသိေပးထားပါတယ္
“ဆိုင္မွာလာၿပီး ပစၥည္းလုသြားတာပါ။ ဓားနဲ႔ေထာက္ၿပီး ဖုန္း ႏွစ္လုံးနဲ႔ ဆြဲႀကိဳးလုသြားပါတယ္။ ေနျပည္ေတာ္ ပ်ဥ္းမနားမွာပါ။ ေငြလႊဲမည့္သူမ်ား ဆိုင္းငံထားေပးပါ” လို႔ သစ္ခြဲၿခံပိုင္ရွင္က ဆိုပါတယ္
အာဏာသိမ္း စစ္အုပ္စုက အေျခစိုက္ေနထိုင္တဲ့ ေနျပည္ေတာ္ ပ်ဥ္းမနားမွာပါ ေန႔ခင္းေၾကာင္ေတာင္ လုယက္ ဓားျပမႈေတြ ျဖစ္ေနတယ္ဆိုတာက ျပည္သူေတြ ဘယ္ေနရာမွ မလုံၿခဳံေတာ့တဲ့ သေဘာ ျဖစ္တယ္လို႔ ေဒသခံတစ္ဦးက သုံးသပ္ပါတယ္
စစ္အုပ္စုဟာ ၿပီးခဲ့တဲ့ လအတြင္းက လူငါးဦးထက္ ပိုမို မစုေဝးဖို႔ ေနျပည္ေတာ္ ေကာင္စီနယ္ေျမထဲ စစ္အုပ္စုက ပုဒ္မ (၁၄၄)ထုတ္ျပန္ထားၿပီး ၿမိဳ႕အဝင္ အထြက္ေတြ၊ ေဈးေရွ႕ေက်ာင္းေရွ႕ေတြႏွင့္ လမ္းဆြဳလမ္းခြေတြမွာ စစ္ေကာင္စီ လက္နက္ကိုင္ေတြက ျပည္သူကို ဖမ္းဆီးစစ္ေဆး ေငြညႇစ္တာေတြ ဆက္တိုက္လုပ္ေနတယ္လို႔ ဆိုပါတယ္
===========
နေ့ခင်းကြောင်တောင် ပန်းအရောင်းဆိုင်ကို ဓားထောက်လုယက်၊
MFP ၊ အောက်တိုဘာ – ၂၇
စစ်အုပ်စု အခြေစိုက်တဲ့ နေပြည်တော် ပျဉ်းမနားမြို့က သစ်ခွခြံတစ်ခြံမှာ ဒီနေ့ နေ့လည်ပိုင်း ဆိုင်ထဲဝင်ကာ ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ပြီး ဖုန်းနှင့် ဆွဲကြိုး လုယက်ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်
အမျိုးသားနှစ်ဦး ဆိုင်ထဲဝင်လာပြီး ကောင်တာထိုင်နေသူ အမျိုးသမီးကို ဓားထောက်ကာ ဖုန်းနှစ်လုံးနှင့် ရွှေဆွဲကြိုး ဖြတ်လုသွားတာလို့ ဓားထောက်လုယက်ခံရတဲ့ သစ်ခွခြံပိုင်ရှင်က လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်
“ဆိုင်မှာလာပြီး ပစ္စည်းလုသွားတာပါ။ ဓားနဲ့ထောက်ပြီး ဖုန်း နှစ်လုံးနဲ့ ဆွဲကြိုးလုသွားပါတယ်။ နေပြည်တော် ပျဉ်းမနားမှာပါ။ ငွေလွှဲမည့်သူများ ဆိုင်းငံထားပေးပါ” လို့ သစ်ခွဲခြံပိုင်ရှင်က ဆိုပါတယ်
အာဏာသိမ်း စစ်အုပ်စုက အခြေစိုက်နေထိုင်တဲ့ နေပြည်တော် ပျဉ်းမနားမှာပါ နေ့ခင်းကြောင်တောင် လုယက် ဓားပြမှုတွေ ဖြစ်နေတယ်ဆိုတာက ပြည်သူတွေ ဘယ်နေရာမှ မလုံခြုံတော့တဲ့ သဘော ဖြစ်တယ်လို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လအတွင်းက လူငါးဦးထက် ပိုမို မစုဝေးဖို့ နေပြည်တော် ကောင်စီနယ်မြေထဲ စစ်အုပ်စုက ပုဒ်မ (၁၄၄)ထုတ်ပြန်ထားပြီး မြို့အဝင် အထွက်တွေ၊ ဈေးရှေ့ကျောင်းရှေ့တွေနှင့် လမ်းဆွုလမ်းခွတွေမှာ စစ်ကောင်စီ လက်နက်ကိုင်တွေက ပြည်သူကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်
crd