မြောင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသည့် စစ်သားများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊ အရက်ဆိုင်မှ ထွက်လာသည့် စစ်သားက PDF များကို ၎င်းအဖွဲ့ထင်ပြီး ပြေးလိုက်ရာမှ ပစ်ခတ်ခံရကာ သေဆုံး(ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်း မြောင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသည့် စစ်သားများ ပစ်ခတ်ခံရပြီး စစ်သား ၄ ဦးသေဆုံးကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသည့် စစ်သား ၁၀ ဦးကို MRA စစ်ကိုင်းခရိုင်တပ်ရင်း (၅) မှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးကြောင်း သိရသည်။
” စကစ တပ်သား ၄ ဦး သေဆုံးခဲ့တယ်။ ဘဏ်ရှေ့မှာ နှစ်ယောက်သေတယ်။ ဘဏ်နဲ့ မျက်နှာချင်းဆိုင်လမ်းတစ်ဖက်မှာ တစ်ယောက်သေတယ်။
အရက်ဆိုင်က ထွက်လာတဲ့ တစ်ကောင်လည်း MRA ရဲဘော်များ နောက်ကို လူမှားပြီး လိုက်လာလို့ ပစ်ခတ်လိုက်တာ တစ်ကောင် ထပ်သေတယ်။ စုစုပေါင်း လေးကောင် သေတယ်” ဟု MRA စစ်ကိုင်းခရိုင်တပ်ရင်း ၅ မှ ရဲဘော် တစ်ဦးက ပြောဆိုသည်။
သေဆုံးခြင်း မရှိသော စစ်သားများသည် ဘဏ်ရုံးအတွင်းမှ အကာအကွယ်ယူပြီး ပိုက်ဆံလာထုတ်သည့် ပြည်သူများအား ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ MRA ရဲဘော်များသည် ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဆက်လက် ပစ်ခတ်ခြင်း မပြုလုပ်ဘဲ အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

crd