ဘဝမှာ တခါမှ အသက် ၄၀ ဝန်းကျင် ယောကျာ်းကြီး တင်ပါးကို ပြစ်ပြစ်နှစ်နှစ် ထောက် ရလိမ့်မယ်လို့ မတွေးမိဖူးဘူး။ ဖြစ်ပုံက အပြန် ybs 65 ကားပေါ်မှာ ရုံးဆင်းချိန်မို့ လူတွေကြပ်တာကို အခွင့်ကောင်းယူပီး သကောင့်သားက ပလေကပ်ပုဆိုးနဲ့ အရှေ့က ကောင်မလေးကို အနောက်ကလိုက်ထောက်နေတာ။
ကားက ကြပ်တာဆိုပေမယ့် အရမ်းကြီးလိုက်ထောက်နေတာ သိသာလွန်းတယ် ။ ကောင်မလေးကနေရာရွှေ့ရင် သူပါလိုက်ရွှေပီးကပ်လိုက် ကောင်မလေး ခေါင်းကိုမသိမသာနမ်းလိုက်နဲ့ ကြားထဲက ကိုယ်က ဒေါသဖြစ်တယ်။
ကိုလည်းမျက်စိရှေ့မာမြင်နေရတာ ဘယ်လိုကူညီရမယ်မသိဘူး ။ သွားပြောလို့ ရှက်ရမ်းရမ်းပီး ဒါးတွေဘာတွေ ပါလားမပါလားကမသိ ။ ခေတ်ကာလကလည်းမကောင်းတော့ သွားလည်းမပြောရဲဘူး။
ဒီတော့ ဖြစ်ချင်ရာဖြစ်ကွာဆိုပီး မင်းတောင် ထောက်သေးတာပဲ။ ငါလည်းမင်းကို ပြန်ထောက်မယ်ဆိုပီး အနောက်ကနေ အာ့ပလေကပ်ကို ပြန်ထောက်တာ။ စ စ ချင်းတော့ သူ့ဟာသူမွှန်နေတော့မသိဘူး ။ မြေနီကုန်းကနေ လှည်းတန်းထိရောက်လာတော့ စသတိထားမိလာတယ်ထင်တယ် ။ အနောက်ကိုလှည့်လှည့်ကြည့်လာတယ်။
ကိုလည်း နားကြပ်လေးတပ်ပီး မသိချင်ယောင်ဆောင်ပီး ဆက်ထောက်နေတာ ။ သူကတင်ပါးနေရာရွှေ့ဖို့ကြိုးစားလိုက် ကိုယ်ကလည်းသူ့ကိုပြန်ထောက်လိုက်နဲ့ တကယ့်ထောက်လှမ်းရေးပွဲ ။ နဂိုအရှေ့က ကောင်မလေးတောင် အာ့ပလေကပ် ဂရုစိုက်မအားတော့ဘူး ။ သူ့အဖြစ်က တိုက်စစ်ထက် ခံစစ်မပေါက်အောင် ပိတ်ကန်နေရတဲ့အသင်းလိုမျိုး ။
ဘူတာရုံလမ်းနားရောက်တော့ ကျနော့် ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတဲ့ ဖုန်းက လာကော။ ဆိုင်းလန့်မုဒ် ပဲလုပ်ထားတော့ ဗိုင်ဘရိတ် ထဖြစ်တာ အာ့တော့မှ ဟိုဘဲက အတင်း ဆင်းမယ် ဆင်းမယ်နဲ့ ဒီကောင်ထောက်ရုံတင်မကဘူး ဗိုင်ဘရေတာ တွေပါ သုံးကုန်ပီဆိုပီး ထင်သွားပုံရတယ် ။ အတင်းတိုးပီးပြေးဆင်းတာ။
အာ့တော့မှ ဘေးနားက လူတွေကပြုံးစိစိနဲ့ တိုးတိုးလေးပြောနေတာတောင်ကြားလိုက်သေးတယ် တော်သေးတယ် အိတ်အနီနဲ့ကောင်လေး ေ၈း နေလို့ဆိုလားပဲ ။ ငါ့မှာ ကယ်လည်းကယ်ရသေးတယ်။ ငါ့နှယ် တတ်သည့်ပညာမနေသာလိုက်တာ (အရင်တုန်းကအဖြစ်လေးပြန်တင်ခြင်းသာ)
(Min Thike Tun)
crd