ယနေ့ (၂၇.၁၀.၂၀၂၂) ကြာသပတေးနေ့တွင် ဖြစ်ပေါ်နေသော ရွှေဈေး၊ ဒေါ်လာဈေး၊ နိုင်ငံခြားငွေလဲနှုန်းများ








ထိုင်း ဘတ် 77-82 ကျပ်၊

ဂျပန် ယန်း 19.50-22 ကျပ်၊












crd….

=======

ယနေ့ ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အမေရိကန် ဒေါ်လာ ငွေလဲနှုန်းသည် တစ်ဒေါ်လာ 3030-3040 ကျပ် ဝန်းကျင် ဖြစ်သည်။ (ကြိုက်ရောင်းကြိုက်ဝယ်ဈေး ဖြစ်သည်)

ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 2100 (± 3) ဖြစ်သည်။

အခြားငွေကြေးလဲလှယ်သည့်နှုန်းများမှာ

ယူရိုဒေါ်လာ 2800-2950 ကျပ် ဝန်းကျင်၊

စင်ကာပူ ဒေါ်လာ 2030-2130 ကျပ်၊

အိန္ဒိယရူပီး 33-36 ကျပ်

မလေးရှား ရင်းဂစ် 620-650 ကျပ်၊

ထိုင်း ဘတ် 77-82 ကျပ်၊

ဂျပန် ယန်း 19.50-22 ကျပ်၊

တရုတ် ယွမ် 400-435 ကျပ်တို့ ဖြစ်သည်။

(ငွေလဲနှုန်းများသည် နေရာနှင့်အချိန်အလိုက် ကွာဟနိုင်ပါသည်)

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီမီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 2660000-2670000 ကျပ်ဖြင့် ဈေးစဖွင့်ထားသည်။ ယမန်နေ့က 265/266 ဖြင့် ဈေးပိတ်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးမှာ 1961000 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 1665 ဒေါ်လာ ရှိနေသည်။
ယခု.. စုစည်းတင်ပြထားသော ဖော်ပြပါ ရွှေဈေး ၊ နိုင်ငံခြားငွေလဲနှုန်းများသည် ယနေ့ မနက်ပိုင်း ၊ နေ့လယ်ပိုင်းဈေးများ ဖြစ်ပြီး အပြောင်းအလဲ ကြီးကြီးမားမား ရှိပါက ညနေပိုင်းတွင် ဆက်တင်ပေးပါမည်။

“ကမ္ဘာ့ရွှေဈေးရော ရေနံဈေးတွေပါ သီတင်းပတ် နှစ်ပတ်အတွင်း အမြင့်ဆုံးကို ရောက်နေ”

အမေရိကန်ဗဟိုဘဏ်ဟာ ငွေကြေးမူဝါဒ တင်းကျပ်မှုကို အရင်လို အလျင်စလို မလုပ်တော့ဘဲ ဖြည်းဖြည်းချင်း ထိန်းသွားမယ့် အလားအလာ ရှိနေတာကြောင့် ဒေါ်လာဈေး ပြန်ကျလာပြီး ကမ္ဘာ့ရွှေဈေးက သီတင်း ၂ ပတ်တာ အမြင့်ဆုံးကို ရောက်နေပါတယ်။

မနေ့တည်းက နှစ်ပတ်အတွင်း အမြင့်ဆုံး ရောက်နေတဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့ အောက်တိုဘာ ၂၇ မှာလည်း တစ်အောင်စကို ၁၆၆၉ ဒေါ်လာဝန်းကျင်နဲ့ ဝ.၃ % မြင့်တက်လာပါတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း တစ်အောင်စကို ၁၆၇၃.၃၀ ဒေါ်လာနဲ့ အလားတူ မြင့်တက်နေပါတယ်။

ကမ္ဘာ့ရွှေဈေး တက်လာချိန်မှာ အမေရိကန်ဒေါ်လာကတော့ စက်တင်ဘာ ၂၀ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျနေပါတယ်။ ဒေါ်လာ အားပျော့လာတာနဲ့ ဒေါ်လာနဲ့ ဈေးဖြတ်ရောင်းဝယ်တဲ့ ကမ္ဘာ့ရေနံဈေးတွေက…

သိသာမြင်သာ မြင့်တက်လာပါတယ်။ ဘရန့်ရေနံကြိုပွိုင့်ဈေးဟာ တစ်စည်ကို ၉၅.၈၉ ဒေါ်လာနဲ့ ဝ.၃ % မြင့်လာပြီး အမေရိကန် WTI ရေနံဈေးကလည်း တစ်စည်ကို ၈၈.၁၀ ဒေါ်လာနဲ့ ဝ.၂ % မြင့်လာပါတယ်။

အမေရိကန်ရဲ့ရေနံစိမ်းပို့ကန်ု တင်ပို့မှု တိုးတက်လာတာနဲ့ ဒေါ်လာတန်ဖိုး အားနည်းလာတာတွေကြောင့် ရေနံဈေးကို တွန်းအား ဖြစ်စေပြီး တစ်ဖက်မှာ တရုတ်ပြည်က ဝယ်လိုအားအပေါ် စိုးရိမ်မှုတွေ ရှိနေတဲ့ကြားက အခုလို ရေနံဈေးတွေ မြင့်လာခဲ့တာ ဖြစ်ပါတယ်။

Ref: Investing စာရေးသူ- ငွေကြယ်

crd….

Leave a Reply

Your email address will not be published. Required fields are marked *